Saturday, May 26, 2012

မလေးရှားတွင် ကားမှောက်၊ မြန်မာ ၂ ဦးသေဆုံး

သောကြာနေ့ ည ၉ နာရီဝန်းကျင်၌ မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် လူတင်ယာဉ် ဘတ်စစ်ကားတစီး တိမ်းမှောက်ခဲ့ရာ လူ ၂ ဦး သေဆုံးပြီး လူ ၄၄ ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင့် မလေးရှား သတင်းရပ်ကွက်က ဆိုသည်။

အခင်းဖြစ်ပွားရာ  ပီနန်းမြို့အနီး Jalan Tun Sardon ရှိ လျှိုမြောင်ထဲသို့ ၁၀ မီတာခန့် ၎င်းဘတ်စစ်ကား ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

Barat Daya ရဲအရာရှိကြီး Supt Hatta Md Zin ၏ ပြောကြားချက်အရ ကား မီးရှော့ဖြစ်မှုကြောင့် ၎င်းလျှိုမြောင်ထဲသို့ ထိုးကျခြင်းဖြစ်ကြောင့်၊ သေဆုံးသူအလောင်းများနှင့် ဒဏ်ရာပြင်းထန်သော လူနာများအား နီးစပ်ရာ ပီနန်း ဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင် ပြောကြားခဲ့သည်။

၎င်းဘတ်စကားတစီးလုံး လိုက်ပါလာသော ခရီးသည်အားလုံးသည် မြန်မာပြည်သားများဖြစ်ကြပြီး Sungai Rusa အစ္စလာမ်ဘုရားကျောင်းသို့ ၃ရက်ကြာ ခရီးသွားသာသနာပြုအဖွဲ့များ ဖြစ်ကြသည်။

0 comments:

Post a Comment