Saturday, June 9, 2012

ချင်းဝန်ကြီးအား ဝမ်းနည်းစွာကြိုဆိုကြ

ဟွဏ်းဘီးလ်။    ။ ယမနေ့ ဇွန်လ ၈ ရက်နေ့ ချင်းပြည်နယ်ဝန်ကြီး ဦးဟုန်းငိုင်း၏ တီးတိန်မြို့ခရီးစဉ်၌ တီးတိန်မြို့ ပြည်သူလူထုများမှ ဝမ်းနည်းစွာကြိုဆို ဆန္ဒထုတ်ခဲ့ကြကြောင့် သိရသည်။

တီးတိန်မြို့ခံပြည်သူများသည်  ဝမ်းနည်းစွာ ကြိုဆိုသည် ဟူသော စာတမ်းများကပ်ခြင်း၊  ၀မ်းနည်းကြောင်းပြသသည့်နေဖြင့် ချင်းစောင် (Puanlaisen) အား အလံ ကဲ့သို့ ချိတ်ဆွဲထားကြခြင်း၊ တမြို့လုံးရှိ ဆိုင်ခန်းပေါင်း ၈၀၀ ခန့် ပိတ်ထားခြင်း၊ လမ်းမပေါ်၌ ကား၊ ဆိုင်ကယ်များ၊ လူသွားလူလာများ သွားလာကြခြင်းမရှိပဲ သိပ်ဆိပ်စွာ ဝမ်းနည်းမှုပြသခဲ့ကြသည်ဟု သိရသည်။

အဆိုပါဝမ်းနည်းရခြင်းသည် ဇွန်လ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး၏ ခရိုင်တိုးချဲ့သတ်မှတ်ရေးကိစ္စ၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အရေကိစ္စများအပေါ်တွင် ယခုလို တီးတိန်မြို့ ပြည်သူလူထုမှ ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြာင့် သိရသည်။

ခရိုင်ရရှိအရေးကိစ္စတွင် ကြံ့ခိုင်ရေးပါတီမှ ဘက်လိုက်မဲပေးခြင်းသာဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အရေးကိစ္စတွင်လည်း ပြည်သူလူထုမှ ကန်ကွက်ခဲ့သည့်အပေါ် အစိုးရက လျစ်လျူရှူခဲ့ကြောင့် ဒေသခံပြည်သူများအဆိုအရ သိရသည်။

တီးတိန်မြို့ခံပြည်သူများသည်  ဝမ်းနည်းစွာ ကြိုဆိုသည် ဟူသော စာတမ်း။ ။ ဓါတ်ပုံ- ZYA
၎င်းအပေါ် တီးတိန်မြို့နယ် ကြံ့ခိုင်ရေးပါတီ အလုပ်မှုဆောင်ကော်မတီဝင်များအားလုံး ရာထူးမှ နုတ်ထွက်ကြဖွယ်ရှိကြောင့်လည်း ကြားသိရသည်။

ဝန်ကြီး ဦးဟုန်းငိုင်း ခရီးစဉ်သည် တီးတိန်မြို့အပြီး တွန်းဇံမြို့နှင့် ကျီးခါးမြို့များသို့ ဆက်လက်ရီးဆက်မည်ဖြစ်ကြောင့်သိရသည်။

အလားတူ တွန်းဇံမြို့နှင့် ကျီးခါးမြို့များတွင်လည်း ပြည်သူလူထုများက ဝန်ကြီးခရီးစဉ်အတွင်း ဆက်လက် ဆန္ဒထုတ်ဖေါ်ကြမည်ဖြစ်ကြောင့် သိရသည်။

ယခင်က ချင်းပြည်နယ်တွင် ဖလမ်း နှင့် မင်းတပ် ခရိုင် နှစ်ခုသာရှိပြီး တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ဟားခါး၊ ထန်တလန် မြို့နယ် များသည် ဖလမ်းခရိုင် ထဲပါရှိကာ ၎င်းချင်းပြည်နယ်လွှတ်တော်အစည်းအဝေး၏ ဆုံးဖြတ်ချက်၌ ဖလမ်းခရိုင်တွင် တီးတိန်၊ တွန်းဇံ၊ ကျီခါး မြို့နယ်တို့ကို ထည့်သွင်းထား၍ ဟားခါးနှင့် ထန်တလန်အား ဟားခါး ခရိုင်အဖြစ်ဖွဲ့စည်းခဲ့ကြသည်။

တီးတိန်မြို့နယ်သည် ဟာခါးမြို့ထက် လူဦးရေ ကျေးရွာအုပ်စုပိုများပြီး ပထ၀ီရေမြေအနေထားအရ ဖလမ်းမြို့ နှင့် ဟားခါး မြို့သည် မိုင် ၄၂ မိုင်ခန့်ကွာဝေးပြီး၊ တီးတိန်မြို့ နှင့် ဖလမ်းမြို့သည် မိုင်ပေါင်း ၁၀၀ ခန့်ကွာဝေးကြောင့် သိရသည်။

0 comments:

Post a Comment