Friday, November 16, 2012

မျက်နှာအသားအရေး ပျက်စီးတာကို ကာကွယ်ဖို့

ဟွဏ်းဘီးလ်(ပန်းသွေးခြယ်)။        ။ မျက်နှာ အသားအရေဆိုတာ မပျက်စီးခင်မှာ ကာကွယ်ထား တာက အကောင်းဆုံးပါ။ ပျက်စီးမှ ကုရင် ဟိုပစ္စည်းနဲ့ မပျောက်၊ ဒီပစ္စည်းနဲ့ မပျောက်နဲ့ တော်တော်ဒုက္ခရောက်ရ ပါတယ်။ လူကြားထဲ သွားရင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှာမဟုတ် ပါဘူး။ ဒီတော့ ငွေကုန်ကြေးကျလည်း သိပ်မများ၊ မျက်နှာအသားအရေကို လည်း ပုံမှန်ထိန်းသိမ်း စောင့်ရှောက် ထားနိုင်မယ့် မျက်နှာချေးချွတ်ပြီး ရေညှိနဲ့ ပေါင်းတင်တဲ့ နည်းလေးကို ဖော်ပြပေးလိုက် ပါတယ်။ ဒီနည်းကို ပြုလုပ်နိုင်တဲ့ နေရာ ကတော့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ လေးထောင့်ကန်လမ်း၊ အမှတ် ၈၈၁ မှာရှိတဲ့ လွင်မိုးသူအလှ ပြုပြင်ရေး (အမျိုးသမီးသီးသန့်) (ဖုန်း-ဝ၉၅၀၉၅၂၁၅) မှာ ဖြစ်ပါ တယ်။

ပြုလုပ်ပေးတဲ့ နည်းအဆင့်ဆင့် ကတော့
-မျက်နှာကို Scrub နဲ့ ပွတ်၍ ချေးချွတ်ရင်း မျက်နှာကို နှိပ်နယ်ပေး ပါတယ်။ ပြီးတော့ ရေဆွတ်ထားတဲ့ တို့ပတ်နဲ့ Scrub တွေ ပြောင်သွား အောင် သုတ်ပေးပါတယ်။ အဲဒီလို မျက်နှာချေးချွတ်တာကို ၃ ကြိမ် ပြုလုပ်ပေးပါတယ်။
-ပြီးရင်တော့ စနေစောင် ရေညှိ ကို မျက်နှာအနှံ့သုတ်လိမ်းပေးပါတယ်။
-အဲဒါပြီးရင် ရေညှိပေါ်ကို ဆန်ခါ ကွက် Mask နဲ့ အုပ်ပေးပါတယ်။
-ပြီးရင် ရေညှိတွေခြောက်သွား တဲ့အထိ နေရပါတယ်။ ရေညှိတွေ ခြောက်သွားရင်တော့ Mask ကိုခွာပြီး ရေညှိတွေကို ရေနဲ့ ဆေးချလိုက်ရုံပါပဲ။ ရေကို ခြောက်အောင်သုတ်ပေး ပြီး တိုနာလေးနဲ့ တို့ပေးလိုက်တဲ့အခါ ဖြူဝင်းလှပပြီး ချောမွတ်ကျော့ရှင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

ဒီလိုလုပ်ခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေက
ပထမ မျက်နှာကို ချေးချွတ်ခြင်းဖြင့် မျက်နှာအတွင်းထဲက ချွေးတွေ၊ ဖုန်တွေ၊ အမှုန်တွေပါ ကင်းစင်သွားပြီး မျက်နှာလေးကို ပြောင်ရှင်းသွားစေပါ တယ်။ အဲဒီလို မျက်နှာကို ချေးချွတ် လိုက်ရင် ချွေးပေါက်တွေက ကျယ် သွားတတ်ပါတယ်။ ဒါ့ကြောင့် စနေ စောင်ရေညှိနဲ့ ပေါင်းပြန်တင်ပေးရတာ ပါ။ ဒီလို ရေညှိနဲ့ ပေါင်းတင်ခြင်းဖြင့် မျက်နှာအသားအရေကို တင်းရင်းသွား စေပါတယ်။ အရေးအကြောင်းတွေကို လည်း လျော့သွားစေပါတယ်။ မျက်နှာ အသားအရေအား အချိန်မတိုင်မီ လျော့ရဲသွားခြင်း၊ အရေးအကြောင်း တွေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါ တယ်။ ဒါပေမယ့် ပုံမှန်လေးတော့ ပြုလုပ်ပေးဖို့ လိုတာပေါ့နော်။

လွင်မိုးသူမှာ ဒီလိုမျက်နှာချေး ချွတ် ရေညှိနဲ့ပေါင်းတင်ရင် ငွေကျပ် ၂၀ဝ၀ ယူပါတယ်တဲ့။ မျက်နှာကို ချေးပဲချွတ်မယ် ဆိုရင်တော့ ၁၀ဝ၀ ကျပ် ယူပါတယ်တဲ့။ ဒီလို စနေစောင်ရေညှိနဲ့ ပေါင်းတင်တာကို ၁ လ ၂ ကြိမ်လောက် ပြုလုပ်ပေးနိုင်ရင် ကောင်းတယ်လို့ ပြောပါတယ်။


0 comments:

Post a Comment