Saturday, November 17, 2012

ချင်းတွင်းမြစ်တွင်း ရေယာဉ်တစ်စင်း တိမ်းမှောက်၊ လူ ၄ ဦးသေဆုံး

ဟွဏ်းဘီးလ်(ဇေယျာမောင်)။        ။ ချင်းတွင်းမြစ်အတွင်း ရေယာဉ်တစ်စင်း တိမ်းမှောက်၍ ကိုရင်သုံးပါးနှင့် လူတစ်ဦးသေဆုံးချင်းတွင်း မြစ်ရေ ကျဆင်းပြီ ဖြစ်သော် လည်း နိုဝင်ဘာလ ၉ ရက်နေ့ည ၁၀ နာရီ မုံရွာ-ညောင်ပင်ကြီး ကြားဖြတ် ကူးတို့ပြေးဆွဲလျက် ရှိသော ရေယာဉ် တစ်စင်း တိမ်းမှောက် နစ်မြုပ်ခဲ့ရာ ကိုရင်သုံးပါးနှင့် လူတစ်ဦး သေဆုံး ခဲ့ကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရေယာဉ်တိမ်း မှောက်နစ်မြုပ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေး မြန်းရာတွင် တာဝန်ရှိသူတစ်ဦး က “သေဆုံးသူ ကိုရင်လေး သုံးပါး က မုံရွာမြို့ ဘုန်းစိုးကျောင်းတိုက် ကပါ သျှင်အိန္ဒြိယ သက်တော် ၁၈ နှစ်၊ သျှင်စာရိတ္တ သက်တော် ၁၅ နှစ်နဲ့သျှင်ဓမ္မ သက်တော် ၁၃ နှစ် ဆိုသူ ကိုရင်လေးတွေနဲ့ လူတစ်ယောက်လည်း ပါတယ်၊ ရေယာဉ် က လှေကို ဟွန်ဒါစက်ကလေး တပ်ပြီး မောင်းတာပါ၊ မောင်းနှင် သူကတော့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ အမှတ် ၃ ရပ်ကွက်နေ (ဘ)ဦးနီ၏ သား ကိုငွေမိုးအောင်ဆိုသူဖြစ်ပါတယ်” ဟု ပြောကြားသည်။

မုံရွာခရိုင် ရေယာဉ်များကြီး ကြပ်ရေးအဖွဲ့မှ ရဲအုပ် ခင်မောင်ထွန်းနှင့် ဦးအောင်ရွှေတို့ ဦးဆောင် သော ကယ်ဆယ်ရေးအဖွဲ့သည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တွင် ရေယာဉ်နစ်မြုပ်ရာမှ ပျောက် ဆုံးနေသူများအား လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။ “ပျောက်ဆုံး နေသူတွေကို ပြန်တွေ့မယ်ဆိုရင်လည်း အသက် ရှင်စွာတွေ့နိုင်ဖို့ အခွင့်အလမ်းက အတော်လေးနည်းနေပါပြီ”ဟုရဲအုပ် ခင်ထွန်းမောင်က ပြောကြား သည်။

အဆိုပါ ရေယာဉ်သည် မုံရွာ ဘက်ကမ်းမှ ညောင်ပင်ကြီးဆိပ် ကမ်းသို့ လူ ၁၂ ယောက်နှင့်ဆိုင် ကယ်တစ်စီး တင်ဆောင်၍ ခုတ် မောင်းကူးခဲ့ရာမှ ယခုကဲ့သို့တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လည်း ဆွမ်းခံကြွတဲ့ ကိုရင်လေး ခုနစ်ပါးအခုလို လှေမှောက်ပြီး သေဆုံးခဲ့ရတယ်၊ ကူးတို့ ပို့ဆောင် နေကြတဲ့ ယာဉ်တွေဆိုတာ သက် ကယ်စနစ်တွေ ကောင်းမွန်ဖို့ သတင်း မီဒီယာတွေက ထောက်ပြ နေတဲ့ကြားက အခုလို လူအသေ ပျောက်ရှိတဲ့ ရေယာဉ် တိမ်းမှောက် မှုဖြစ်ပွားခဲ့တာပါ”ဟု မုံရွာမြို့ခံ ဦးစိုးတင့်ဆိုသူကပြောကြားသည်။

0 comments:

Post a Comment