Friday, November 16, 2012

ပဲခူးတိုင်းတွင်းရှိ ချင်းလူဦးရေးစာရင်း ကောက်ခံနေ

ဟွဏ်းဘီးလ်။        ။ မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင် ချင်းရေးရာဝန်ကြီး နေရာရရှိရေးအတွက် ချင်းအမျိုးသားပါတီ၊ အရှိုချင်း အမျိုးသားပါတီ နှင့် One Chin Organization ဟုခေါ်သည့် ချင်းလူမှုအသင်းအဖွဲ့တို့ ပူးပေါင်းပြီး ဒေသအတွင်း ချင်း လူဦးရေစာရင်းကို နိုင်ဝင်ဘာ ၁၅ ရက်နေ့ ကနေ စတင် ကောက်ခံနေကြပြီဟုသိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် မြေပြန့်ချင်းဟုခေါ်သော အရှိုချင်းလူမျိုး ၆ သောင်းခန့်ရှိသည်ဟု ခန့်မှန်းထားကြပြီး ကိန်းဂဏန်း အတိအကျသိရှိနိုင်ဖို့ ယခုကဲ့သို့ စတင်ကောက်ခံနေကြခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံလူဦးရေ၏ ၀.၁ ရာခိုင်နှုန်းရှိပါက လူမျိုးစုရေးရာ ၀န်ကြီး တနေရာ ရရှိနိုင်ကြောင်း ပါရှိပြီး ပဲခူးတိုင်းတွင် ချင်းလူမျိုး ၆ သောင်းခန့်ရှိပါက ပဲခူးတိုင်း ချင်းရေး ရာဝန်ကြီးတနေရာ တောင်းဆိုသွားမည်ဟု ချင်း အမျိုး သားပါတီ အတွင်းရေးမှူး(၁) ဆလိုင်းငယ်ပီးက ပြောသည်။

“ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းမကောက်တာကြာတော့ တနိုင်ငံလုံးကို ၅၇ သန်းလို့ယူဆထားတယ်၊ ဒါကြောင့် ၅သောင်း၈ထောင် ၊ ၆ သောင်းဝန်း ကျင်လောက်ရှိတယ်ဆိုပြီး သက်ဆိုင်သူအားလုံးထံကျနော်တို့ရဲ့တွေ့ရှိချက်တွေကို ပေးပို့ သွားမှာဖြစ်တယ်’’ ဟု ဆလိုင်း ငယ်ပီးကပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် ချင်းရေးရာဝန်ကြီးတဦးစီရရှိကြပြီး ပဲခူးတိုင်းတွင်လည်း ချင်းလူမျိုး ၆ သောင်း ခန့်ရှိပါက ချင်းရေးရာဝန်ကြီးတဦးထပ်မံရရှိနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတော်အစိုးရမှ လာမည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံသည့် အချိန်တွင်လည်း ချင်းလူမျိုးများအား ဗမာလူမျိုး များအဖြစ် ထည့်သွင်းခြင်းမခံရအောင် ကြိုတင်ပြင်ဆင်မှုလည်းဖြစ်သည်ဟု ဆလိုင်း ငယ်ပီး ကပြောသည်။

“ ၂၀၁၄ ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်တဲ့အချိန်မှာ ချင်းတွေကို ဗမာဆိုပြီး နာမည်ပြောင်းမှု တွေမဖြစ် ရအောင် ချင်းလူမျိုးဖြစ်ရဲ့သားနဲ့ မှတ်ပုံတင်တွေမှာ ဗမာလူမျိုးအဖြစ် ပြောင်းခံရတာတွေ ရှိမရှိ၊သိရှိနိုင်ဖို့ ကြို တင် ကောက်ခံတာ လည်းဖြစ် တယ်’’ ဟု သူကဆက်ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ပဲခူးတိုင်းအတွင်း ချင်းပါတီများ သီးသန့်စီရွေးကောက်ပွဲဝင် မည်မ၀င်ကိုတော့ မသိရှိ ရ သေးသော်လည်း အရှိုချင်းပါတီကို ပွဲထုတ်လှုပ်ရှားဖွယ်ရှိကြောင်း ရန်ကုန်မှ ချင်းအမျိုးသား တဦးက ဆို သည်။ Ref:KNG

0 comments:

Post a Comment