Sunday, November 18, 2012

CNF က မှောင်ခိုဂိုဏ်းလား?


CNF များ၏ မှောင်ခိုးပစ္စည်း တင်ဆောင်လာသည့် ဂျစ်ကား ၈ စီးအား ဖမ်းဆီးစဉ်။    ။ ဓါတ်ပုံ-ZYA
 

ဟွဏ်းဘီးလ်။        ။ အိန္ဒိယ-မြန်မာနယ်စပ်ဒေသတခုဖြစ်သည့် ချင်းပြည်နယ် လဲန်းတာန်ကျေးရွာတွင် မှောင်ခိုပစ္စည်းများ တင်ဆောင်လာသော ဂျစ်ကား ၈ စီးကို နိုဝင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးရမိကြောင့် သတင်းရရှိသည်။

ထိုပစ္စည်းများထဲတွင် Pangolin အကြေးခွံဖုံး ၁၀ အိတ် နှင့် အခြားသောပစ္စည်းများမှာ 92 ခေါ် ကွမ်းယာထဲထည့် ဆေးရွက်မှုန့်များဖြစ်ကြကြောင့် သိရသည်။

၎င်းဂျစ်ကား ၈ စီးအပေါ် တင်ဆောင်လာသော မှာင်ခိုပစ္စည်းများသည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပစ္စည်းများဖြစ်ကြောင့် ဒေသခံ အာဏာပိုင်များအဆိုရ ကြားသိရသည်။

ကျနော်ကတော့ CNF ရဲ့အကြောင်းကိုတော့ ထဲထဲဝင်ဝင်မသိပါဘူး။ ဒါပြင်မဲ့ သူတို့ ဒီလိုကြီးဆက်လုပ်နေလုပ်ကတော့ ဒါတကယ် ပြည်သူတွေကို ချစ်တယ်လို့ သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ သူတို့ရဲ့ အကျိုးစီပွားအတွက်သာ လုပ်နေတာပါ။ ဟု ဒေသခံတဦးက  ဟွဏ်းဘီးလ်ကို ပြောသည်။

အလားတူ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ တွင် မြန်မာ- အိန္ဒိယ ကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်သော ကလေး-တီးတိန်-ရိဒ်ခေါဒါရ်လမ်းမပေါ်ရှိ မံဆောင်းတံတားတွင် တာဝန်ကျသော ရဲများမှ သတင်းရရှိချက်အရ ချင်းအမျိုးသားတပ်ဦး၏ စီးပွါးရေးတာဝန်ခံ Pu Ro Khawma စီးလာသော ကားနံပါတ် ၅ခ/၂၅၅၂ ကို စုံစမ်းစစ်ဆေးခဲ့ရာ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း (၆၅) သိန်းရှိသည့် တားမြစ် ဆေးလုံးများပါသည့် အထုပ်တစ်ခုကို ဖမ်းဆီးရမိခဲ့ဖူးသည်။

အဆိုပါ ကိစ္စအရပ်ရပ်များကြောင့် ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်သူများ၏ အမှန်တကယ်လိုလားသည့် ယုံကြည်အားကိုး နိုင်ခြေရှိသော နိုင်ငံချစ်၊ မျိုးချစ်များဖြစ်ကြသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
ဖမ်းဆီးရမိသော ပစ္စည်းများ သိမ်းထားသည့် ဂိုဒေါင်။    ။ ဓါတ်ပုံ-ZYA
ချင်းအမျိုးသားတပ်ဦးသည် မြန်မာအစိုးရနှင့် ပထမအကြိမ် ချမ်းရေးဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပခဲ့ပြီးဖြစ်သည့်အလျှောက်  ဒုတိယ အကြိမ်ပြည်ထောင်စုအဆင့် ပြန်လည်ဆွေးနွေးပွဲအား ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင့် ကြားသိရသည်။

0 comments:

Post a Comment