Tuesday, June 18, 2013

ကလေးမြို့ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရှစ်လေးလုံး အင်အားစုမှ အမြင် ထုတ်ပြန်

ဟွဏ်းဘီးလ် (Kyaw Thet Win)။        ။ ကလေးမြို့နယ် ရှစ်လေးလုံးအင်အားစု(၈၈၈၈) မှယခုလက်ရှိဒေသတွင်းဖြစ်ပေါ်နေသော လိုင်စင်မဲ့ကားများဖမ်းဆီးခြင်းနှင့် ကလေးခရိုင် ရဲတပ်ဖွဲ့ဝင်အချို့၏မိသားစုသားလက်ရှိကြုံတွေ့
နေရသောပြသနာများနှင့်ပတ်သက်၍ (၁၇.၆.၁၃)ရက်စွဲဖြင့် အစည်းဝေးပြုလုပ်ကာ၎င်းတို့၏ အမြင်များအား ထုတ်ပြန်သွားပါတယ်။ အပြည့်အစုံမှာ

(၁ ) ကလေးခရိုင်အတွင်း လိုင်စင်မဲ့ကားများသိမ်းဆည်းရာတွင်၊ လိုင်စင်မဲ့ကားများသည်။
နယ်စပ်လမ်းကြောင်းအဆင့်ဆင့်နှင့် ခရိုင...်မြို့နယ် အသီးသီးအားဖြတ်ကျော်ဖြတ်သန်းရောက်
၇ှိလာသည့်ကားများဖြစ်ပါသည်။

(၂) အထက်ပါလိုင်စင်မဲ့ကားများသည် ဒေသအသီးသီး၏ တာဝန်ကျဂိတ်များ၊ အတားအဆီးများ
အားကျော်ဖြတ်လာသောကြောင့် ၄င်းတို့တွင်လည်းတာဝန်ရှိသည်ဟုယူဆပါသည်။ဥပဒေအရ
အရေးယူမည်ဆိုလျှင်၊ဖြတ်သန်းမောင်းနှင်လာသော မြို့နယ်အသီးသီး၏စစ်ဆေးရေးဂိတ်များ
အရေးယူရန်လိုအပ်သည်ဟု (၈၈၈၈)အနေနဲ့ယူဆပါတယ်။

(၃) ဥပဒေအရ အရေးယူရာတွင်လည်း တည်ဆဲပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများအတိုင်း
စနစ်တကျဆောင်ရွက်သင့်ပါသည်။

(၄) ရဲတပ်ဖွဲ့ဝင်မိသားစုများ၏ လူအခွင့်ရေး၊ နိုင်ငံသားအခွင့် အရေးများအားဆန့်ကျင်၍သော်
၎င်း ဂုဏ်သိက္ခာ ကျဆင်းစေမည့်ကိစ္စများအတင်းအဓ္မမဖယ်ရှားစေခြင်းပြုလုပ်ခြင်း များပြုလုပ်
သည်ဟုကြားသိရမူအပေါ် မိသားစုဝင်များကိုယ်စား စိတ်မကောင်းဖြစ်ရပါတယ်၊

(၅) ကလေးဒေတွင်းတရားဥပဒေစိုးမိုးရေး၊ဒေသတွင်းတည်ငြိမ်ရေးကိစ္စများတွင် ရှစ်လေးလုံး
အင်အားစု၊ အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင်ယခု
လက်၇ှိ အစစ်ဆေးခံလျက်၇ှိသောရဲဝန်ထမ်းတစ်ချို့မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည်ကိုမှတ်
တမ်းတင်ပါသည်။

(၆ ) ကလေးခရိုင်အတွင်းဖြစ်ပေါ်သော လက်၇ှိဖြစ်ရပ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချင်းချင်း
ယခင် စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးများ ဆက်ဆံပုံဖြင့် ကြမ်းတမ်းစွာဆက်ဆံခြင်း
သာဖြစ်ကြောင်းနှင့် ဥပဒေနှင့်မ ညီညွတ်သော လုပ်ရပ်များ ကိစ္စများကို ကလေးခရိုင်ရဲတပ်ဖွဲ့
ဝင်များမှကျူးလွန်ပါက ပျော့ပြောင်းညင်သာသောနည်းများဖြင့်ဆက်ဆံသင့်ကြောင်းအကြံပြု
အပ်ပါသည်။

(၇ ) ကလေးဒေသတွင်း မူးယစ်ဆေးဝါးနှင့်တရားမ၀င်ဆေးဝါးပစ္စည်းများနှင့်ပတ်သက်၍နယ်
စပ်ဒေသနှင့်နီးသောဒေသဖြစ်သောကြောင့် နယ်စပ် အ၀င်ထွက်တာဝန်ရှိ သူများအားလုံးနှင့်
သက်ဆိုင်သည်ဟုယူဆပါသည်။

(၈)တရားမ၀င်လိုင်စင်မဲ့ကားများသိမ်းယူရာတွင် ကလေးစက်မူဇုံ ထုတ် ကားများပါဝင်နေသည်
ဟုသိရှိထားမူ့အပေါ် စက်မူဇုံတာဝန်ရှိသူများမှ ဖြေ၇ှင်းပေးရန်လိုအပ်ပါသည်။

(၉ ) ကလေးခရိုင်အတွင်း လိုင်စင်မဲ့ကားကိစ္စ ၊မူးယစ်ဆေးဝါးကိစ္စများနှင့်ပတ်သက်၍ ကလေးခရိုင်ရဲတပ်ဖွဲ့ဝင်အချို့ ကိုသာ အထူးစစ်ဆေး အရေးယူဆောင်ရွက်သည့်ကိစ္စမှာ လုံလောက် ထိရောက်မည်ဟု မယူဆပါ ၊ ၄င်းပြသနာများသည် နိုင်ငံအနှံ့ပြားတွင်ဖြစ်ပွားလျက်၇ှိ
သောကြောင့် ထိထိရောက်ရောက် အရေးယူမူများပြုလုပ်မည်ဟု ယုံကြည်ပါသည်။

အထက်ပါ( ၉)ချက်အား (၈၈၈၈) အင်အားစုအနေဖြင့် (၁၇.၆.၁၃) ရက်နေ့စည်းဝေးပွဲတွင် ထုတ်ပြန်ပါသည်။

ရှစ်လေးလုံးအင်အားစု (ကလေး)

၀၉/ ၆၄၇၂၄၈၀- ၀၉/၄၉၂၂၃၇၂၀

0 comments:

Post a Comment