Wednesday, May 30, 2012

ရေမွှေး ဝယ်ရင် ဘာတွေ သိရမလဲ

29 May 2012  | By Health Digest

ယနေ့ခေတ်မှာ လူငယ်လူရွယ် လူကြီးမရွေး အပြင်ထွက်ရင် မသုံး မဖြစ်တဲ့ ပစ္စည်းတွေ ထဲမှာ ရေမွှေး လည်း တစ်ခုအပါအဝင်ဖြစ်လာပါပြီ။ ဒါကြောင့် အပြင်ထွက်တဲ့အခါ မိမိ နှစ်သက်တဲ့အဝတ်အစားကို ဝတ် ဆင်ပြီးသည့်တိုင်အောင်မှ ရေမွှေး လေး ဆွတ်လိုက်ရမှ ပြည့်စုံသွား တယ်လို့ ခံစားရလေ့ရှိပါတယ်။ ဒီတစ်ပတ်တော့ ရေမွှေးကို ဘယ်လို မှန်ကန်စွာသုံးမလဲ၊ ရေမွှေး ဝယ်မယ်ဆိုရင် ဘယ်လိုရွေးချယ်ရ မလဲဆိုတာတွေကိုဖော်ပြလိုက်ပါတယ်။

အဆင့် (၁) မိမိ စိတ်ကြိုက်ရေမွှေးကို ရအောင်ရှာပါ
ကိုယ်သုံးနေတဲ့ ရေမွှေးပုလင်း ကုန်လို့ ရေမွှေးပုလင်းအသစ်တစ်ပု လင်း ဝယ်တော့မယ်ဆိုရင် ရေမွှေး ရောင်းတဲ့ကောင်တာမှာ ရေမွှေးအမျိုး စုံကို လက်ကောက်ဝတ်အတွင်းပိုင်း မှာဆွတ်လိုက်၊ အနံ့လေးရှူလိုက်နဲ့ စမ်းသပ်ရတာဟာအတော် ပျော်စရာ ကောင်းလှပါတယ်။ ရေမွှေးကောင်တာ ဝန်ထမ်း ကဒီရေမွှေးကလူသုံးများတယ်။ ဈေးလည်း သက်သာတယ်။ ကောင်း တယ်ပြောပေမယ့်လည်း သင်နှစ်သက် ခံစားနိုင်မှသာ ဝယ်ပါ။ ရေမွှေးပုလင်း စက္ကူ ဘူးခွံပေါ်မှာ ရေးထားတဲ့ စာတွေ ကို သေသေချာချာ နားလည်အောင် ဖတ်ကြည့်ပါ။

ပစ္စည်းကိုလည်း စစ်ချင် သေးတယ် ဆိုရင် ရေမွှေးရောင်း တဲ့ ကောင်တာမှာ မေးမြန်းအကူအညီယူ ပြီး သင့်ရဲ့ဆုံးဖြတ်ချက်ကို စိစစ်ပေး နိုင်ပါသေးတယ်။ အရေးကြီးတဲ့တစ်ချက်က ရေ မွှေးကို သင့်အရေပြားပေါ် မှာ မစမ်း သပ်ဘဲ၊ မဆွတ်ဖျန်းဘဲ ဘယ်တော့မှ မဝယ်ဖို့ပါပဲ။ တချို့သောရေမွှေး တွေဟာ တစ်နေကုန်ရနံ့လေး ကောင်းပြီး လူကို ရွှင်လန်းပျော်ရွှင် စေပါတယ်။ အဲဒီလို ကြာရှည်ခံတဲ့ ရေမွှေးလားဆိုတာ သိရအောင် ရေ မွှေး Testerကို သင့် လက်ဖျံပေါ်မှာ အနည်းငယ်ဆွတ်ဖျန်းပြီး ဈေးတစ် ပတ်လောက် လျှောက်လည်လိုက်ပါ။ ပတ်ပြီးတဲ့အထိ ရနံ့လေးကစွဲနေတုန်း၊ မြဲနေတုန်းပဲဆိုရင် ဒီရေမွှေးကို အနံ့ လေးလည်း ကြိုက်ပြီးသားမို့ ဝယ် နိုင်ပါပြီ။ ဈေးသင့်၊မသင့်ကိုယ့်ဘာသာ ကိုယ် ဆုံးဖြတ်ဝယ်နိုင်ပါတယ်။ ရေမွှေးဆိုတာ အငွေ့ပျံလွယ်ပါ တယ်။

အထူးသဖြင့် အရက်ပျံများ လွန်းပါက အငွေ့ပျံလွယ်ပြီး အနံ့ ကြာရှည်မစွဲစေပါ။ ဒါကြောင့် ရေမွှေး ဆွတ်တဲ့အခါ အရက်ပျံများတဲ့ ရေမွှေး အမျိုးအစားထက် အဆီက ပိုပြီး ကြာရှည်ခံစွဲ လွယ်ပါတယ်။ ရေမွှေး လေးကို လက်မောင်း၊ လည်ပင်း၊ နား နောက်၊ ရင်ဘတ်စသည်တို့မှာ ဆွတ် ဖျန်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ညင်သာစွာ အသာအယာ သုတ်လိမ်း ပေးနိုင်ပါတယ်။ နောက်နာရီဝက်ခန့် ကြာသည့်တိုင်အောင် ရေမွှေးအနံ့ ပျောက်မသွားဘူးဆိုရင်တော့အဲဒီရေမွှေး အမျိုးအစားကို ရွေးချယ်နိုင်ပါပြီ။

အဆင့် (၂) ရေချိုးပြီးမှသာ ရေမွှေးဆွတ်ဖျန်းပါ
ရေမွှေးမဆွတ်ဖျန်းခင် ရေအရင် ချိုးထားရန်လိုပါတယ်။ ရေချိုးပြီးစ အသားအရေဟာ မခြောက်သွေ့ သေးလို့ (ရေကို တဘက်နှင့် သုတ် ထားပေမယ့်) ရေမွှေးဆွတ်ရန် အ ကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ သင့်အသားအရေဟာ ရေ မွှေးရနံ့ကို စုပ်ယူနိုင်စွမ်းပိုကောင်းစေ ပါတယ်။ ညအိပ်ခါနီး တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲမှုပြေလျော့စေရန် ရေနွေးနွေးလေးနဲ့ ချိုးအိပ်ပါ။ ပြီးရင်လည်း ရေမွှေးလေးဆွတ်ဖျန်းပြီး တစ်ညလုံး ပြေလျော့စွာ အိပ်စက်ပေး နိုင်ပါတယ်။

မနက်ခင်းက ဆွတ်ဖျန်း ထားတဲ့ ရေမွှေးရနံ့ဟာ ညအထိစွဲနေ စေချင်ရင် ရေချိုးပြီးမှသာ ရေမွှေး ဖျန်းဆွတ် သင့်ပါတယ်။ ရေမချိုးဘဲ အသားအရေခြောက်ခြောက်သွေ့သွေ့ ဖြင့် ရေမွှေးဆွတ်ဖျန်းပါက ညအိပ် ချိန်ထိ မခံတော့ပါ။ ညအိပ်ခါနီး ရေချိုးပြီးတာတောင် မနက်က ရေချိုး ပြီး ဆွတ်ဖျန်းထားတဲ့ ရေမွှေးရနံ့လေး စွဲနေတာမျိုး ကြုံဖူးကြမှာပါ။

အဆင့် (၃) ရေမွှေးလေးတွေ ဘယ်နေရာ ဆွတ်ဖျန်းရမလဲ
Pulse Pointလို့ခေါ်တဲ့ ရေမွှေး စွဲစေတဲ့နေရာလေးတွေကို အရင် ဆွတ်ဖျန်းထားပါ။ အဲဒီနေရာတွေ ကတော့ လက်ကောက်ဝတ်၊တံတောင် ဆစ်တွေ၊ လည်ပင်းနောက်ဖက်၊ ဒူးနောက်ဖက်နှင့် ခြေမျက်စိနေရာ လေးတွေဖြစ်ပါတယ်။ ရေမွှေးရနံ့ပါတဲ့ ဘော်ဒီလိုးရှင်း ဒါမှမဟုတ် အေရိုးမား သရဖီမွှေးရနံ့လေးပါတဲ့ ဘော်ဒီ လိုးရှင်းလေးတွေလည်း ပေါပေါ များများလိမ်းပေးနိုင်ပါသေးတယ်။ ရေမွှေးတအား သုံးတာမကြိုက်ရင် ရေမွှေးနဲ့ ဘော်ဒီလိုးရှင်း တွဲဖက်သုံးပါ။ ရေမွှေးဆွတ်သင့်တဲ့ ထိုနေရာတွေမှာ ဘော်ဒီလိုးရှင်းများ အသားထဲ စိမ့်ဝင် သွားအောင် ပွတ်သပ်လိမ်းပေးလိုက် ပါ။ ထိုဘော်ဒီလိုးရှင်းလေးတွေ ခြောက်သွေ့သွားသည့်တိုင်အောင် အနည်းဆုံး ၁ မိနစ် သို့မဟုတ် ၂ မိနစ်ခန့် စောင့်ပေးရပါမယ်။

အဆင့် (၄) ရေမွှေးဘယ်လောက် ဖျန်းရမလဲ
ရေမွှေးဆွတ်ဖျန်းရမယ့်နေရာ သိပြီးသွားတဲ့အခါ ရေမွှေးဘယ် လောက်များများ ဆွတ်ဖျန်းရမလဲဆို တာ သိဖို့လိုပါလိမ့်မယ်။ တစ်ခါဖျန်း ရင် ရှူးကနဲတစ်ချက်သာနှိပ်ပြီး လွှတ် လိုက်ပါ။ ရေမွှေးရနံ့က အရမ်းမပြင်း ဘူးဆိုရင် တစ်ချက်ပဲနှိပ်ပါ။ အကြာ ကြီး ဖိမထားရပါ။ မည်သူမှ ရေမွှေး တွေ အများကြီးဆွတ်ထားတာ ကြိုက် မှာ မဟုတ်ပါ။

အဆင့် (၅) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါစေ
ကိုယ်ကြိုက်သလောက်သာ ကိုယ်ဖျန်းပါ။ ကိုယ့်ဘာသာကိုယ် သဘောကျဖို့လိုပါတယ်။ သိပ်အများ ကြီး အနံ့စူးရှနေအောင် ဖျန်းစရာ မလိုပါ။ ဒါမှသာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရရှိစေနိုင်ပါတယ်။

အဆင့် (၆) ဈေးနှုန်း
ကြာရှည်သုံးဖို့အတွက် ကုန်ကျ စရိတ်လည်း တွက်ချက်ရတတ်ပါ တယ်။ ဖြစ်နိုင်ရင် ကုန်ကျစရိတ် နည်းပြီး ကိုယ်လည်းနှစ်သက်မယ့် ရေမွှေးကို ရှာရပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ နာမည်ကြီး တံဆိပ် လည်းဖြစ်၊ ဈေးနှုန်းလည်းမြင့်တဲ့ ရေမွှေးကိုဝယ်ပြီး ဘီဒိုထဲမှာ အလှပြ သိမ်းထားမိကြမှာ မလွဲပါ။

0 comments:

Post a Comment