Wednesday, May 30, 2012

ပြည်ပနိုင်ငံများမှ မြန်မာဝက်ဘ်ဒိုမိန်းများ ၀ယ်ယူမှုများပြားလာ

29 May 2012| By -မြင့်ကျော်လှိုင်

မြန်မာနိုင်ငံကိုယ်စားပြုသည့် .mm ဒိုမိန်းများကို ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၀ယ်ယူမှုပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

မြန်မာပြည်ကိုယ်စားပြု ဒိုမိန်းများကို ရောင်းချပေးနေသည့် Myanmar Technology Gateway ကုမ္ပဏီမှ ဈေးကွက်တာဝန်ရှိသူကပြောသည်။ မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်အခြေချလုပ်ကိုင်လိုသည့် ပြည်ပကုမ္ပဏီကြီးများသည်
ဒေသတွင်းရှိ ၀က်ဘ်ဒိုမိန်းများကို ရွေးချယ်ဝယ်ယူလာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၌ရောင်းချနေသည့် .mm ဒိုမိန်းများ ရောင်းအားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အများအားဖြင့် တရုတ်(တိုင်ပေ)၊ ဂျာမနီနှင့် အီတလီနိုင်ငံများမှ မြန်မာပြည်ကိုယ်စားပြုသည့် .mm ဒိုမိန်များကို ပိုမိုဝယ်ယူလာခဲ့ခြင်းဖြစ်သည်။ “အရင်လတွေဆိုရင် ပြည်ပက၀ယ်တာ အရေအတွက် ဆယ်ဂဏန်းလောက်ပဲရှိတာ။ အခုဒီလထဲမှာ ပြည်ပက၀ယ်တဲ့ ဒိုမိန်းအရေအတွက် ၁၀၀ နီးပါးအထိဖြစ်သွားတယ်” ဟု Myanmar Technology Gateway ကုမ္ပဏီမှ ဈေးကွက်တာဝန်ရှိသူဆိုသည်။

မြန်မာပြည်သို့ စီးပွားရေး လာရောက်လုပ်ကိုင်မည့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာပြည်ဒိုမိန်းများကို လိုအပ်ချက်အရ ၀ယ်ယူမှုများပြားလာခဲ့ကြသော်လည်း Hosting များကိုမှု ၎င်းတို့စိတ်ကြိုက် ပြည်ပနိုင်ငံများ၌သာ ဆက်လက်ထားရှိကြသည်။

မြန်မာပြည်ကိုယ်စားပြုသည့် ၀က်ဘ်ဒိုမိန်းများကို ပြည်ပနိုင်ငံများမှ ၀ယ်ယူအသုံးပြုလာခဲ့ခြင်းသည် အနာဂတ်ကာလ၌ ပြည်ပမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ပိုမိုရောက်ရှိလာနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့အခြေချလုပ်ကိုင်ရာဒေသကို ကိုယ်စားပြုသည့် ၀က်ဘ်ဒိုမိန်းများကို ၀ယ်ယူအသုံးပြုလေ့ရှိကြောင်း သိရသည်။

0 comments:

Post a Comment