Saturday, June 9, 2012

၁၀ တန်း အောင်စာရင်းထွက်ပြီ

ဟွဏ်းဘီးလ်။    ။ ၂၀၁၂ ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာလိုက်ကြောင့် အစိုးရပိုင် သတင်းစာတွင် ဖေါ်ပြထားသည်။

ဆယ်တန်းအောင်စာရင်းများ ထွက်ပြီဖြစ်ရာ မြန်မာနိုင်ငံတဝန်းလုံးရှိ အထက်တန်းကျောင်းသူ ကျောင်းသားများနှင့် မိဘပြည်သူ များဖြင့် အထူးစည်ကားလျှက်ရှိကြောင့် သိရသည်။

အဆိုပါ အအောင်စာရင်းများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာစာစစ်ဌါန ကျောင်းများ၌ တချိန်တည်းကပ်ထားကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌါနများမှ အောင်မြင်ကြသူများ၏ အောင်စာရင်းအား မြန်မာ့အသံမှ ဇွန်လ ၉ ရက်နေ့ နံနက် ၈ နာရီမှစ၍ ထုတ်လွှင့်ပေးကြောင့် သိရသည်။

သိုသော တပြည်လုံး၏ အောင်ချက်ရာခိုင်နှုန်းကို နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားခြင်းမတွေ့ပေ။





0 comments:

Post a Comment