Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Monday, June 17, 2013

ကလေးရှိ မူလတန်းကျောင်းသားအချို့ ထောက်ပံ့ငွေနှင့် ဗလာစာအုပ်မရ

ဟွဏ်းဘီးလ်။        ။ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းအချို့တွင် အစိုးရက ထောက်ပံ့ပေးသော ဗလာစာအုပ် ခြောက်အုပ်နှင့် ငွေတစ်ထောင်ကျပ်စီကို မရရှိကြကြောင်း ယင်းဒေသခံ ကျောင်းသားမိဘများ၏ အဆိုအရ သိရသည်။

"ကျောင်းဝင်ကြေး မပေးရဘူး။ ဗလာစာအုပ်နဲ့ ငွေတစ်ထောင်တော့ မရသေးဘူး" ဟု ကလေးမြို့ အောင်မြေမာန် ရပ်ကွက်မှ စတုတ္ထတန်းကျောင်းသား မိဘတစ်ဦးက ဆိုသည်။ ယင်းငွေတစ်ထောင်ကို ပေးအပ်ခြင်း မရှိဘဲ လက်ခံရရှိသည့် အကြောင်း လက်မှတ် ရေးထိုးခဲ့ရကြောင်း၊ အဆိုပါ ငွေတစ်ထောင် ကျပ်ကို မိမိတို့ကို ပေးမည့်အစား ကျောင်းရန်ပုံငွေ အဖြစ် အသုံးပြုမည် ဆိုပါကလည်း သဘောတူလက်ခံကြောင်း ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ခရိုင် ပညာရေးမှူးရုံးသို့ မေးမြန်းရာ ကျောင်းသား တစ်ဦး ငွေတစ်ထောင်ကျပ် ပေးရမည့်ငွေမှာ ဘဏ်လွှဲငွေ မရောက်ရှိသေးသဖြင့် မပေးရသေးခြင်း ဖြစ်ပြီး ဗလာစာအုပ် မှာလည်း ကလေးမြို့နယ် အတွက် ရရှိမည့် ဗလာစာအုပ် ဒါဇင် (၁၇၀၀၀) အနက် ဒါဇင် (၆၀၀၀)သာ ရရှိသေးသဖြင့် ရုံးသို့လာရောက် ထုတ်ယူသည့် ကျောင်းများကိုသာ ဦးစားပေးနေ သည့်အတွက် အချို့ကျောင်းများတွင် မရရှိသေးခြင်း ဖြစ်ကြောင်း၊ ထပ်မံ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မြို့နယ်အတွင်း ကျောင်းများသို့ ဆက်လက်ချထား ပေးမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဦးထွန်းရီက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်တွင် စတင်ခဲ့သော မသင်မနေရ မူလတန်းပညာရေး စနစ်အဖြစ် ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ် များနှင့် ဗလာစာအုပ် ခြောက်အုပ်စီ အခမဲ့ထောက်ပံ့ ပေးခဲ့ပြီး ယခုပညာသင်နှစ်မှ စတင်ကာ ကျောင်းသားတစ်ဦးလျှင် ငွေတစ်ထောင် ကျပ် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။  Ref: THE VOICE JOURNAL

အမေရိကန်နှင့် ပညာရေးပူးပေါင်းမှု အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ယခုနှစ် အမှတ်အများဆုံးဖြစ်နိုင်

ဟွဏ်းဘီးလ်။        ။ ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၂ဝ ဦးခန့်သာ တက်ရောက်ခွင့်ပြုမည့် ယခုနှစ် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်မှာ အမှတ်အများ ဆုံး ဖြစ်လာနိုင်ကြောင်းတက္ကသိုလ်အသိုင်းအဝိုင်းက ခန့်မှန်းကြသည်။

ရန်ကုန်တက္ကသိုလ်အား အဆင့်မြှင့်တင် ရန် ကော်မတီဖွဲ့စည်းလိုက်ခြင်းနှင့် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က ပညာရပ်ဆိုင်ရာ လာရောက်ပူးပေါင်းခြင်းတို့အပြင် ဆယ်စုနှစ် ၂ စုစာဘွဲ့ကြိုသင်တန်း တက်ရောက်ခွင့် ပိတ်ပင် ထားမှုကို ယခုနှစ်တွင် ပထမဦးဆုံး ပြန်လည် ခွင့်ပြုပေးခြင်း စသည့်အချက်များကို စုပေါင်း၍ ၎င်းတို့က သုံးသပ်လိုက်ကြခြင်း ဖြစ်သည်။
ယခင်နှစ်က စက်မှုတက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန်နည်းပညာ အဆင့်မြင့်တက္ကသိုလ်၏ ပထမဦးဆုံး ပထမနှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၂၅ဝ ခေါ်ယူခဲ့မှုတွင်လည်း အမြင့် ဆုံးအမှတ်ဖြစ်ခဲ့ကြောင်း တက္ကသိုလ်ဆရာ တစ်ဦးက ထောက်ပြသည်။ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ''အမှတ်ပိုင်းဖြတ်တာကို တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့က ဆောင်ရွက်ရပါတယ်။

ဒီ့ အတွက်အခုကို မပြောနိုင်သေးပါဘူး။ ရန်ကုန် တက္ကသိုလ်က ဘွဲ့ကြိုသင်တန်း ခေါ်ယူမှာကတော့ ဟုတ်ပါတယ်။ အထူးချွန်ဆုံးတွေကို ရွေးခေါ်မှာ ဆိုတာလည်း ဟုတ်ပါတယ်''ဟု ပြောသည်။ ရန်ကုန်တက္ကသိုလ်နှင့် နီးစပ်သည့်အသိုင်း အဝိုင်း၏အဆိုအရ သင်ကြားပေးမှုကို ဂျွန်ဟော့ ကင်းတက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဆောင်ရွက် ကြမည်ဖြစ်ပြီး B.Sc, B.A ဘွဲ့တို့မှာ နိုင်ငံခြားကျောင်းများနှင့် အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်သည်အထိ အဆင့်မီမည်ဟု သိရသည်။ပညာရေးဝန်ကြီးဌာနက အသေးစိတ် အချက်အလက်ကို မကြာမီ ထုတ်ပြန်ပေးမည်ဟု ပေါ်ပြူလာနယူးစ်သို့ ပြောဆိုခဲ့သည်။

အဆင့်မြင့် ပညာဦးစီးဌာနက ရန်ကုန် တက္ကသိုလ်တွင်ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဆရာများရောက်ရှိနေပြီး တက္ကသိုလ်မှ ဆရာ၊ ဆရာမအချို့ကို ပညာရပ်ဆိုင်ရာ သင်တန်းပေး နေသည်ဟု ထုတ်ဖော်ပြောသည်။ အခြားသော သက်မွေးပညာ တက္ကသိုလ်တို့က ယခုနှစ်အတွက် ကျောင်းသားခေါ်ယူမှု ကိစ္စအပေါ် ယခင်နှစ်က လျှော့ချထားခဲ့သည့် အတိုင်းသာခေါ်ယူမည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အစီအမံ ဖြင့် ၂ဝ၁၂ ခုနှစ်က သက်မွေးပညာ တက္ကသိုလ် များ၏ ဝင်ခွင့်ခေါ်ယူမှုတွင် ယခင်နှစ်များကထက် ထက်ဝက်ခန့်နှင့် သုံးပုံတစ်ပုံခန့် လျှော့ချခေါ်ယူ ခဲ့ရာ ထိုနည်းအတိုင်းယခုနှစ်တွင်လည်းဆောင် ရွက်မည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

''တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ထဲမှာတော့ အသေးစိတ် ထုတ်ပြန်သွားမှာပါ။ အခုကတော့ ဒီလောက်ပဲပြောနိုင်ပါတယ်''ဟု ၎င်းကဆိုသည်။ ၂ဝ၁၂ ခုနှစ်မတိုင်မီက ဆေး တက္ကသိုလ် ၄ ခုမှ ၂၄ဝဝ ဦး ခေါ်ယူနေမှုကို ၁၂ဝဝ ဦးသာ လျှော့ချ ခေါ်ယူသည့်နည်းတူ ဆေးဝါး တက္ကသိုလ်တွင်လည်း လူလျှော့ခဲ့သည်။

ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ ၏ ကျောင်းသားခေါ်ယူမှုကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးက မနှစ်ကအတိုင်းမပြောင်းပါဟု ပြောသည်။ထို့အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနလက်အောက်ခံလေကြောင်းနှင့် အာကာသတက္ကသိုလ်၊ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ကောလိပ်များကလည်းယခင်နှစ်ကထက်မများနိုင်သည့် အပြင်အနည်းငယ်လျှော့ချမှုပင် ရှိနိုင်သည်ဟု ၎င်းဝန်ကြီးဌာနမှ ဒုတိယရုံးအဖွဲ့မှူးက ပြောသည်။ စီးပွားရေး တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တို့တွင်လည်း ဝင်ခွင့်ခေါ်ယူ မှုက မနှစ်ကအတိုင်း ပြောင်းလဲမှု သိပ်မရှိနိုင်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ မနှစ်ကထက် ရာခိုင်နှုန်းအနည်းငယ် လျော့ကာ ၃ဝ ရာခိုင်နှုန်းကျော်သာ အောင်မြင်ခဲ့သည်။စာမေးပွဲကို ကျောင်း သား ၄၈ဝဝဝဝ ကျော် ဝင်ရောက်ဖြေ ဆိုခဲ့သည်။ယခင်နှစ်က သက်မွေးဆိုင်ရာ တက္ကသိုလ်များထဲတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်က ဝင်ခွင့်အမှတ် ၅ဝဝ ကျော်ဖြင့် ပထမအဆင့် ရပ်တည်ခဲ့ပြီး ၎င်းတို့နောက်မှ ဆေး၊ ရေကြောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်တို့က ရှိနေခဲ့သည်။  Ref: POPULAR NEWS

Thursday, November 22, 2012

အမေရိကန်တက္ကသိုလ်များသို့ တက်ရောက် နိုင်မည့် ပညာရေး လမ်းကြောင်းများ ထွက်ပေါ်လာ

ဟွဏ်းဘီးလ်။        ။ အမေရိကန်တွင် ပညာ သင်ကြား လိုသည့် ကျောင်းသူ၊ ကျောင်း သားများ အနေဖြင့် တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထား နိုင်သည့် ပညာရေး လမ်းကြောင်း သစ်များကို ရွေးချယ်လျှောက်ထား နိုင်ပြီး အဆိုပါ ပညာရေးလမ်း ကြောင်းများမှ တစ်ဆင့်လျှောက် ထားပါက ၁၀ တန်းဖြေဆိုအောင် မြင်ပြီးသူများအတွက် SAT ရမှတ် များ တင်ပြစရာ မလိုဘဲ ကျောင်းဝင် ခွင့် လျှောက်ထားနိုင်ကာ Post Graduate ပညာရေး လမ်းကြောင်း များမှ တစ်ဆင့် လျှောက်ထားပါ ကလည်း GRE/GMAT ရမှတ်များ တင်ပြစရာမလိုဘဲ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်များသို့ လျှောက်ထား ဝန်ဆောင်မှုပေးသည့် CROWN Education မှ တာဝန်ရှိသူတစ်ဦး မှ ပြောကြားသည်။

မြန်မာကျောင်းသားများ အ နေဖြင့် အမေရိကန်တက္ကသိုလ် ကောလိပ်များသို့ လျှောက်ထားရာ တွင် တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားခြင်း၊ ပုဂ္ဂလိက ကောလိပ်များသို့ လျှောက်ထား ခြင်းနှင့် ကွန်မြူနတီ(အစိုးရ) ကော လိပ်များသို့ လျှောက်ထားခြင်းဟူ၍ ခွဲခြားနိုင်သည်။
တက္ကသိုလ်များသို့ လျှောက် ထားရာတွင် နိုင်ငံတကာကျောင်းသားများအတွက် အထူးစီစဉ်ထား သည့် အမေရိကန်တက္ကသိုလ်များ ၏ ပထမနှစ် (Freshman)နှင့် ညီမျှသော University Pathway Program (UPP) သို့ တိုက်ရိုက် လျှောက်ထားတက်ရောက်နိုင်ပြီး အဆိုပါ ပညာရေးလမ်းကြောင်း မှတစ်ဆင့် တက္ကသိုလ်ဒုတိယနှစ် (Sophmore)၊ တတိယနှစ် (Junior) နှင့် စတုတ္တနှစ် (Senior) တက်ရောက်ကာ ဘွဲ့ရယူနိုင်ပါ သည်။
အဆိုပါ တက္ကသိုလ်များတွင် ပညာသင်ကြားရန်စရိတ် တစ်နှစ် လျှင် ဒေါ်လာနှစ်သောင်းကျော် ကုန်ကျနိုင်သည်။ အမေရိကန်ရှိ ပုဂ္ဂလိက ကောလိပ် များသည် အစိုးရ ထောက်ပံ့ ကြေးများဖြင့် လည်ပတ်သည့် ကျောင်းများမဟုတ်သဖြင့် ကျောင်း လခ အပါအဝင် နေထိုင်စား သောက်စရိတ် စုစုပေါင်း တစ်နှစ် လျှင် ဒေါ်လာ ၄ သောင်း မှ ၅ သောင်း အထိ ကုန်ကျလေ့ရှိ သည်။

ပညာရေး ထူးချွန်မှု မှတ် တမ်းများ တင်ပြနိုင် သည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် (ဥပမာ ၁၀ ကို ထူးချွန်စွာ အောင်မြင်ခြင်း၊ iGCSE ရမှတ်များ ကောင်းခြင်း) TOEFL သို့မဟုတ်IELTS တစ်ခုခု ရမှတ်ကောင်း တင်ပြခြင်း၊ SAT (I &II) ရမှတ်များ တင်ပြခြင်းဖြင့် ပညာ သင် ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းအထိ လျှောက် ထားနိုင်သည်။
အစိုးရ ကောလိပ်များဖြစ် သော ကွန်မြူနတီ (Community College) ခေါ် ဂျူနီယာကောလိပ် (Junior College)များသို့ လျှောက် ထားရာတွင် ၂ နှစ်တက် ရောက်ပြီး Associate Degree အဖြစ်ရရှိ နိုင်ကာ အချို့သော ကောလိပ်များ အနည်းငယ်သာ ၄ နှစ် ဒီဂရီ လေ့လာသင်ယူနိုင်သည်။
အဆိုပါ ကောလိပ်များမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏အထောက်အပံ့ရရှိသဖြင့် တစ်နှစ် ကုန်ကျ စရိတ်ဒေါ်လာ (၇၀ဝ၀- ၈၀ဝ၀) ခန့်သာ ကုန်ကျနိုင်ပြီး ကျောင်းများ လျှောက်ထားရာတွင် SAT ရမှတ်များ တင်ပြရန်မလို အပ်ပါ။

အမေရိကန် ကျောင်းဝင်ခွင့် များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှ တာဝန် ရှိသူများနှင့် အသေးစိတ်တိုင်ပင် ဆွေးနွေးနိုင်ရန် CROWN Education မှ စီစဉ်ပေးလျက်ရှိပြီး CROWN Education ဖုန်းနံပါတ် ဝ၉-၇၃၂၇၃၂၇၇ နှင့် ဝ၉- ၅၀၈၅၁၈၅ တို့တွင် ဆက်သွယ် စုံစမ်းနိုင်ပါသည်။ Ref: Mobile Guide

Tuesday, November 20, 2012

ဂျပန်နိုင်ငံ APU တက္ကသိုလ်မှ Full Scholarship ရယူနိုင်မည်

ဟွဏ်းဘီးလ်(ကျော်ညိုသွေး)။        ။ ဂျပန်နိုင်ငံ APU တက္ကသိုလ်မှ 100% Full ScholarShip ရယူနိုင်မည်   မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဂျပန် နိုင်ငံ Asia Pacific University (APU) မှ ပေးအပ်မည့် 100% Full Scholarship ရယူနိုင်မည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ပြီး APU မှ 100% Scholarship အပြင် 80%, 65 %, 30 % အစရှိသော Scholarship များကိုလည်း လျှောက်ထား နိုင်မည် ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ များ၏ တစ်ဦးချင်း အရည်အချင်းပေါ် မူတည်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

APU သို့တက်ရောက် သင်ကြားနိုင်သော ဘာသာရပ်များမှ (1) Bachelor Of Social Science Specialized in Culture, Societies and Media (2) International Relations and Peace Studies, Environmental and Development, Hospitality and Tourism/Bachelor Of Business Administration Specialized in Strategic Management and Organization, Accounting & Finance, Innovation and Economic & Marketing တို့ဖြစ်ကြောင်း သိရှိရကာ တတ်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများသည် ဂျပန်စာ၊ စကားကို အဓိကထား၍ တက်မြောက်ရန် မလိုဘဲ English 4Skills ကျွမ်းကျင်ရုံဖြင့် လျှောက်ထားနိုင်ကြောင်း သိရှိရပြီး ဂျပန်ဘာသာ တတ်မြောက် ပါကလည်း လျှောက်ထား သင်ယူ နိုင်မည် ဖြစ်ကြောင်းသိရှိရသည်။

APU တွင်Bachelor Program ပြီးဆုံးပါက Master Of Science/MBA/ နှင့် Ph.D Program များကိုလည်း ဆက်လက် တက်ရောက်နိုင် မည် ဖြစ်သည်။ အဆိုပါ Scholarship အစီအစဉ်နှင့် ပတ်သက်၍ သိရှိ လိုပါက SR Worldwide ဖုန်း ၂၄၆၁၈၈၊ ၃၈၇၀၂၂၊ ဝ၉ ၅၄၂၈၈၄၈ ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။ http://www.apu.ac.jp/home/

Thursday, November 15, 2012

စင်ကာပူ BCA Academy ကျောင်းသားများခေါ်ယူ

ဟွဏ်းဘီးလ်။    ။ စင်ကာပူ BCA Academy ကျောင်းသားများခေါ်ယူစင်ကာပူနိုင်ငံ အမျိုးသား ဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိသည့် အစိုးရ အင်ဂျင်နီယာ ကျောင်း တစ်ကျောင်း ဖြစ်သော BCA Academy တွင် တက်ရောက်လိုသော မြန်မာ ကျောင်းသားများအတွက် ၂၀၁၃ ခုနှစ် ဧပြီလ ကျောင်းဝင်ခွင့် ကို လျှောက်ထား တက်ရောက်နိုင်ပြီဖြစ် ကြောင်း အဆိုပါ ကျောင်းထံမှ သိရှိရသည်။

BCA Academy သည် Diploma ခြောက်ခုကို သင်ကြား ပို့ချလျက်ရှိကာ မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်ကာ ဝင်ခွင့် ဖြေဆို ရပါမည်ဖြစ်ကြောင်း၊ ထိုဝင်ခွင့် စာမေးပွဲတွင် IELTS/TOFEL အဆင်သင့် မရှိသေးသောသူ များနှင့် တက္ကသိုလ်ဝင်တန်း အမှတ် နည်းသူ များပါ ဝင်ရောက်ဖြေဆိုနိုင်ပြီး GCE "O" Level ဖြေဆိုအောင်မြင်ထား သော ကျောင်းသား၊ ကျောင်းသူများသည် BCA Academy သို့တိုက်ရိုက်ဝင်ခွင့်ရှိ ကြောင်း၊ ပထမပညာသင်နှစ်တွင် GPA (≥) 3.5 ရှိသော ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယပညာ သင်နှစ်နှင့် တတိယပညာသင်နှစ် အတွက် အစိုးရပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း၊ ထို Scholarship ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းလခ လွတ်ငြိမ်းခွင့် အပြင် BCA Academy မှ ထပ်မံ ချီးမြှင့်မည့် စင်ကာပူဒေါ်လာ ၉၀ဝ ကို ရရှိမည်ဖြစ် ကြောင်း အဆိုပါကျောင်းက ထုတ်ပြန်သည်။

Diploma သင်တန်းကာလမှာ သုံးနှစ်ကြာမြင့် မည်ဖြစ်ပြီး ၂ နှစ်ခွဲပြီး ဆုံးချိန်တွင် Job Attachment ပါရှိ သောကြောင့် လုပ်ငန်းခွင်မဝင်ရောက်မီ Working Experience ရရှိမည်ဖြစ် ကြောင်း၊ ကုမ္ပဏီများတွင် အလုပ်စဝင် သည့် အချိန်မှစ၍ မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် လစာ S$2200 ရရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများတွင် BCA Academy သည် ကျောင်းသား၊ ကျောင်းသူများကို နှစ်စဉ်အောက်တိုဘာလ နှင့် ဧပြီလတို့တွင် ခေါ်ယူလေ့ရှိပြီး ယခု အခါဧပြီလဝင်ခွင့်အတွက် ကျောင်းသား များကို စတင်လက်ခံနေပြီဖြစ်ကြောင်း၊ အသေးစိတ် စုံစမ်းလိုပါက BCA Academy ၏ မြန်မာနိုင်ငံ တရားဝင် ကိုယ်စားလှယ်ဖြစ်သော Care Forever ဖုန်း ဝ၉-၇၃၁၁၃၀၉၂၊ ဝ၉-၈၆၂၅၄၄၃၊ ဝ၉-၅၁၆၆၂၄၀ သို့မေးမြန်းနိုင်ကြောင်း အဆိုပါ ပညာရေး ဝန်ဆောင်မှုလုပ်ငန်း ထံမှသိရှိရသည်။ Ref:The Voice Journal

Tuesday, October 23, 2012

Swinburne မှ ပညာသင်ဆု သုံးခု လျှောက်ထားနိုင်

ဟွဏ်းဘီးလ်(မိုင်းစောလွင်)။        ။ Swinburne University မှ ပညာသင်ဆုသုံးခု လျှောက်ထားနိုင် ဩစတြေးလျနိုင်ငံ၏ သက်တမ်း တစ်ရာ ကျော်ရှိပြီ ဖြစ်သည့် Swinburne University တွင် နိုင်ငံတကာမှ ကျောင်းသားပေါင်း ၇,၅၀ဝ ကျော် တက်ရောက် လျက်ရှိပြီး ၂၀၁၃ ခုနှစ် အတွက် ပညာသင်ဆုများကို အ ကြောင်းအရာသုံးမျိုးဖြင့် ပေးအပ်သွား မည်ဖြစ်သည်။

စိတ်ပါဝင်စားသူများ အနေဖြင့် ယင်းပညာသင်ဆုသုံးမျိုး ထဲမှ မိမိတို့ပညာအရည်အချင်းနှင့် ကိုက်ညီမည့်အကြောင်းအရာကို ရွေး ချယ်လျှောက် ထားနိုင်မည်ဖြစ်သည်။ Swinburne University မှ ပေး အပ်မည့် ပညာသင်ဆုများမှာ Swinburne Pathway Academics Scholarships, Swinburne Postgraduate Coursework Scholarships, Swinburne Leadership Scholarships တို့ဖြစ်သည်။ Swinburne Pathway Academics Scholarships အတွက် တက္ကသိုလ် သို့ပထမနှစ်မတက်ရောက်မီFoundation Level တက်ရောက်မည့် ကျောင်းသားများအတွက် ရည်ရွယ် ထားပြီး ထို Levelတွင်ပင့် Unilink Diploma ရရှိမည်ဖြစ်သည်။

Swinburne Postgraduate CourseworkScholarships အတွက်Postgraduate သို့တက်ရောက်ရန် အရည် အချင်းပြည့်မီ သည့်ကျောင်းသား များ လျှောက် ထားနိုင်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်မည့်Master Program များ တွင်လည်း အကျုံးဝင်မည်ဖြစ်သည်။ Swinburne Leadership Scholarships အတွက် ဘာသာရပ်လေးမျိုး ခွဲခြားသတ်မှတ်ထားသည်။ ၄င်းဘာ သာများမှာ Accounting ? Biotechnology ? International Business or Marketing နှင့်ESifh Commercing တို့ဖြစ်သည်။

Swinburne University Of Technology သည် ဩ စတြေးလျ Victoria ပြည်နယ်၊Melbourne တွင် Hawthorn, Prahran, Lilydale, Wantira, Croydon စသည့်ဖြင့် Campus ငါးခုဖွင့်လှစ်ထား ပြီး ကျောင်း သားပေါင်းနှစ်သောင်း  ။ Swinburne University နှင့်ပတ် သက်သည့် ပညာသင်ဆုများအကြောင်း နှင့်အသေးစိတ်အချက်အလက်များကို www.swinburne.edu.au တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အမှတ် (၉၉)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ဝ၉ ၄၅၀ဝ၀၆၉၄၄၊ ဝ၉ - ၄၅၀ဝ၀၆၉ ၅၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် သည။်

တက္ကသိုလ်ဝင်တန်း မေးခွန်း လွှတ်တော်၌သာ အတည်ပြုမည်

ဟွဏ်းဘီးလ်။        ။ Studentsတက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်း ကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံ ဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်း ကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။

''လက်ရှိ အတိုင်းပဲ သွားမှာလား ဒါမှမဟုတ် ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမအကြိမ် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ပြုလုပ်သွားဖွယ် ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းကို တစ်နိုင်ငံလုံးတွင် ယခင်က တစ်စုံတည်း ထုတ်၍ စစ်ဆေးမှု ပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်း ကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါအဝင် နိုင်ငံခြား စာစစ်ဌာန မေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ် ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။

ရန်ကုန် တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ တစ်ဦးက ထိုစဉ်အချိန်က ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်၍ မည်သို့သော မူဝါဒကို အခြေခံကာ ဆောင်ရွက်ခဲ့သည်ကို သေချာ မပြောနိုင်သော်လည်း မေးခွန်း အစုံ များခြင်းကြောင့် မေးခွန်း လွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြောသည်။

သို့သော် မေးခွန်းများခြင်း ကြောင့် မေးခွန်း လုံခြုံမှုတွင် ပို၍ စိတ်ချရကာ ပေါက်ကြားရန် ခက်သည်ဟု တွဲဖက် ပါမောက္ခက ထပ် လောင်း ဆိုသည်။

ရန်ကုန် တက္ကသိုလ်က ကထိက ဒေါက်တာ တစ်ဦးကမူ လွှတ်တော် တွင် ဆွေးနွေးရန် အစီအစဉ် ရှိမှုကို ကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံ တွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့် တက္ကသိုလ် ဆရာ အချို့က စင်ကာပူကဲ့သို့သော အိမ်နီးချင်း နိုင်ငံများနှင့် အင်္ဂလန် GCE 'O' Level ကဲ့သို့သော စာမေးပွဲ မေးခွန်းတို့ကို အခြေပြုကာ ၄င်းတို့လည်း ခွဲထားသည်ကို ကြည့် ခြင်းဖြင့် ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြုသည်။ Ref:Popular News

Thursday, October 11, 2012

Ph.D ပညာသင်ဆုအား ပထမဆုံးအဖြစ် မြန်မာကိုပေးမည်

ဟွဏ်းဘီးလ်(သုတလင်း)။      ။ Ph.D ပညာသင်ဆုကို မြန်မာနိုင်ငံအား ပထမဆုံးအဖြစ် ပေးမည်IBM နှင့် ကမ္ဘာကျော် သြစတြေးလျ မဲလ်ဘုန်း (Melbourne ) တက္ကသိုလ်တို့  ပူးပေါင်း ပေးအပ်မည့် Ph.D ပညာသင်ဆု ပထမဆုံး အဖြစ် မြန်မာကို ပေးမည် ဟုသိရသည်။

သြစတြေးလျ နိုင်ငံမှ ကမ္ဘာကျော် တက္ကသိုလ် တစ်ခုဖြစ်သော University of Melbourne နှင့် နာမည်ကျော် ကုမ္ပဏီ တစ်ခု ဖြစ်သော IBM တို့ပူးပေါင်းပေးအပ် သည့် Ph.D Scholarship အတွက် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ခေါ်ယူသွားမည် ဟု Grace Education မှသိရသည်။

အဆိုပါ စကောလားရှစ်အတွက် သူတေသန အတွေ့အကြုံ ရှိထား သူများ (သို့မဟုတ်) မာစတာ ဘွဲ့ရရှိထားသူများနှင့် ဂုဏ်ထူးတန်း ပထမနှစ် အား အမှတ် ၈၅ ရာခိုင်နှုန်း ရရှိထားသူများ လျှောက်ထားနိုင် ကြောင်း သိရ သည်။

စကောလားရှစ်အတွက် ပရောဂျက် ၇ ခု သတ်မှတ် ပေးထားပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မတိုင်မီ လျှောက်ထားရန် လိုအပ်ကြောင်း လည်းသိရသည်။ စိတ်ဝင်စားသူများ အနေဖြင့် Grace Education Service ဖုန်း 095140802သို့ဆက်သွယ်နိုင်ပြီး http://tinyurl.com/ UOMIBM တွင် ဖတ်ရှုနိုင်သည်။

Friday, October 5, 2012

ရမှတ်ပေါင်း ၄၀၀ ထက်ရှိသူများ B.A Tourism လျှောက်ထားနိုင်

ဟွဏ်းဘီးလ်(နေလင်းထွန်း )။       ။ ဟိုတယ်နှင့်ခရီးသွား ၀န်ဆောင်မှုအတွက် ကောလိပ်သစ် ဖွင့်လှစ်ထားသော ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု B.A(Tourism)ဘွဲ့အတွက် အင်္ဂလိပ်စာဘာသာရပ်၌ အနည်းဆုံးအမှတ် ၆၀ ရရှိထားပြီး ရမှတ် ၄၀၀ နှင့်အထက် ရရှိထားသူများသည် ရန်ကုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

ထို့အပြင် ယခုနှစ် ကျောင်းဝင်ခွင့်အတွက် စီးပွားရေးစီမံခန့်ခွဲမှု (BBM)နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာ B.A (EPP) ဘွဲ့တို့အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၄၄၀ နှင့်အထက် ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

၂၀၁၂ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသားများသည် အဆိုပါကောလိပ်၌ သတ်မှတ်လျှောက်လွှာပုံစံများ ထုတ်ယူ၍ အောက်တိုဘာလ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဟိုတယ်နှင့်ခရီးသွား ၀န်ဆောင်မှု ဘွဲ့တို့အတွက် ကျောင်းသား ၁၀၀ ဦးစီနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာဘွဲ့အတွက် ကျောင်းသား ၅၀ ဦး လက်ခံ သင်ကြားမည်ဖြစ်ပြီး အချိန်ပြည့်လေးနှစ် တက်ရောက် ပညာသင်ကြားရမည်ဖြစ်သည်။

စီးပွားရေးစီမံခန့်ခွဲမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာဘွဲ့တို့အတွက် ယခင်နှစ်ကထက် သင်တန်းသား တိုးမြှင့်ခေါ်ယူခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုဘွဲ့ကို ယခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်

ဟွဏ်းဘီးလ်။       ။ ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်၁၂ တန်း အခြေခံ ပညာရေး စနစ် အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော် ကျင့်သုံးသွားရန် ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနနှင့် ပညာ ရေးနှင့်ဆက်စပ်သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏ သဘောတူညီမှုနှင့် ထောက်ပြမှု တို့အရ ယခု အခြေခံပညာ ပညာ ရေးစနစ်ကို ပြုပြင်ပြောင်းလဲသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။

''နိုင်ငံမှာ ၁၂ တန်းပညာ ရေးအဖြစ် ပြင်မှာလား၊အဖွဲ့က သဘောတူရင် ကျွန်တော်ပြင်မယ်။ အဖွဲ့ကလည်း သဘောတူတဲ့အ တွက် ပြင်ဖို့ စုပေါင်း လုပ်ကြမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူက အတည်ပြုပြောသည်။

လက်ရှိ ၉ တန်းနှင့် တက္ကသိုလ်ဝင်တန်း သင်ယူသူတို့ မှာ ယခုစနစ်အတိုင်း သွားမည်ဖြစ် သော်လည်း ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်၌ ၉ တန်းစတင် တက်ရောက် ကြမည့် ကျောင်းသား/သူတို့မှာ စနစ်သစ်နှင့် စတင်တက်ေ ရာက် ပညာသင်ယူရမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။

''လာမယ့် စနစ်သစ်က အခြေခံမူလတန်းအဆင့်မှာ အတန်း ငါးတန်း၊ အလယ်တန်း အဆင့်မှာ အတန်းလေးတန်း၊ အထက်တန်း အဆင့်မှာ အတန်းသုံးတန်း ဒီလိုရှိ သွားမယ်''ဟု ဦးအေးကြူက ပြော သည်။

ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက် တာချမ်းငြိမ်းကလည်း လက်ရှိ အခြေခံပညာရေးစနစ်မှာ ၁၁ တန်းပညာရေးသာဖြစ်နေ၍ အိမ်နီး ချင်းနိုင်ငံတို့နှင့်ပင် ယှဉ်ပြိုင်နိုင်မှု မရှိဖြစ်နေသည်ကိုသာ တွေ့ရှိခဲ့ရ ကြောင်း၊ ၁၂ တန်းပညာရေး သာ ဖြစ်သင့်ကြောင်း ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

အလွတ်တန်းဆရာ ဒေါက် တာ စိုးဝင်းဦးက ''အကြိမ်ကြိမ်ပြော ခဲ့ဖူးပါတယ်။ ဆယ်တန်းအောင် ထားတဲ့ ကျောင်းသားတစ်ယောက် က နိုင်ငံခြားမှာ တက္ကသိုလ် ပထမ နှစ် စမတက်နိုင်ကတည်းကိုက ဒီမှာ တစ်ဆင့်နိမ့်နေပါပြီ ပြင်သင့်ပါတယ်''ဟုမှတ်ချက်ပြုသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာသင်ရိုးတို့ကို ပြန် လည်ပြုပြင်ရေးဆွဲခြင်း၊ ဖြည့်စွက် ခြင်း၊ အဆင့်မြှင့်ခြင်း အစရှိသည် တို့ကို ဆောင်ရွက်နေပြီး အသစ် ထပ်မံတိုးချဲ့မည့် စာသင်နှစ်တစ်ခု အတွက်ကိုပါ လုပ်ဆောင်နေသည် ဟု သတင်းရရှိသည်။ Ref:PN

Thursday, September 13, 2012

ဆေးတက္ကသိုလ် ၀င်ခွင့်အမှတ် ကန့်သတ်ထားခြင်းမရှိ

ဟွဏ်းဘီးလ် (ကိုဟိန်း)။    ။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို အမှတ်ကန့်သတ်ထားခြင်းမရှိဘဲ လျှောက်ထားသူများ၏ ရမှတ်များကိုစီ၍ ၀င်ခွင့်အမှတ်ကို ဆုံးဖြတ်ခြင်းဖြစ်သည်ဟု တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

“ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဘယ်နှစ်မှတ်ရမှ ၀င်ခွင့်ရမယ်ဆိုပြီး ကန့်သတ်ထားတာမရှိပါဘူး။ ကျွန်တော်တို့ ယခုနှစ်ဆေးတက္ကသိုလ်အတွက် လူဦးရေ ၁၂၀၀ ခေါ်တယ်ဆို လျှောက်တဲ့သူတွေကို အမှတ်နဲ့စီပါတယ်။ တက္ကသိုလ်ဝင်တန်းမှာ အမှတ်များတဲ့သူတွေ လျှောက်တာများရင် ၀င်ခွင့်အမှတ်က မြင့်သွားပါတယ်။ ကျွန်တော်တို့က ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်တဲ့သူတွေကို အမှတ်အများကနေ အနည်းထိ စီပါတယ်။ အဲဒီလိုစီတဲ့အခါ ဆေးတက္ကသိုလ်က ဒီနှစ်အတွက်လူဦးရေ ၁၂၀၀ ခေါ်တယ်ဆို ၁၂၀၀ ပြည့်တဲ့အခါ ရပ်လိုက်ပါတယ်။ အဲဒီမှာ အမှတ်အများဆုံးရတဲ့ ၁၂၀၀ က ဆေးတက္ကသိုလ်ဝင်ခွင့်ကို ရရှိမှာပါ။ အခြားတက္ကသိုလ်တွေလို အမှတ်ကန့်သတ်ထားချက် မရှိပါဘူး” ဟု အဆိုပါပုဂ္ဂိုလ်မှပြောသည်။

ယခုလာမည့် စာသင်နှစ်အတွက် ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၂၀၀ လက်ခံပေးသွားမည်ဟုသိရပြီး စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူများသာ ၀င်ခွင့်ရနိုင်မည်ဟု ကျောင်းသားအများစုက ခန့်မှန်းကြသည်။

Wednesday, September 12, 2012

NUS ဘွဲ့လွန်ဒီပလိုမာတန်း အတွက် IELTS အမှတ်မလိုအပ်တော့

ဟွဏ်းဘီးလ် (သုတလင်း)။      ။ စင်ကာပူ အမျိုးသား တက္ကသိုလ် ( NUS ) ၏ လာမည့်နှစ် ဖေဖော်ဝါရီ ဘွဲ့လွန် ဒီပလိုမာတန်း ၀င်ခွင့်အတွက် IELTS အမှတ် ရရှိထားရန် မလိုအပ်တော့ကြောင်း Crown Educationမှ သိရသည်။ ယခင်က ၀င်ခွင့် အတွက် IELTS 6.0 ရရှိရန် လိုအပ်သော်လည်း ယခုနှစ်အတွက်မှု ၄င်းအမှတ်မတင်ပြနိုင်ပါကလည်း ၀င်ခွင့်ဖြေဆိုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း Crown မှတာဝန်ရှိသူကပြောသည်။

အဆိုပါ ဒီပလိုမာတန်း အတွက် တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး သိပ္ပံဘွဲ့ရရှိသူများအား ဦးစားပေးခေါ်ယူသွားမည်ဖြစ်သည့်အပြင် ကွန်ပြူတာ Programming နှင့် Web Developing အတွေ့ကြုံရှိသူများအတွက် ၀င်ခွင့်ရရှိရန်အခွင့်အရေးပို များကြောင်းသိရသည်။

NUS မှ ၄င်းဒီပလိုမာ တန်းအား တစ်နှစ်လျင် ဖေဖော်ဝါရီလ နှင့် သြဂုတ်လများတွင် ခေါ်ယူလေ့ရှိပြီး လက်တွေ့လုပ်ငန်းခွင်အစီအစဉ်ပါ ပါရှိကြောင်း ၊ အသေးစိတ် သိရှိလိုသူများ အနေဖြင့် Crown Education တိုက် ( ၂၇၀ )၊ ပထမထပ် ၊ ဒဂုံစင်တာ (II )နှင့် ကမ္ဘောဇဘဏ်ကြား ဖုန်း 09-732 732 77 ၊ 09 – 732 569 65 သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။


Tuesday, September 11, 2012

GCE 'A' Level စင်ကာပူတွင် သင်ယူနိုင်

ဟွဏ်းဘီးလ်။      ။ စင်ကာပူနိုင်ငံရှိ Insworld Institute တွင် GCE 'A' Level ကို တက်ရောက် သင်ကြား ပြီးနောက် အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျတို့ရှိ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးများသို့ တိုက်ရိုက် လျှောက်ထား တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ Insworld Institute, Singapore သည် University of London Edexcel ၏ အသိအမှတ်ပြု ကျောင်းတစ်ကျောင်းဖြစ်ပြီး ယင်းမှ ဖွင့်လှစ် သင်ကြားလျက်ရှိသော GCE 'A' Level ကို အောင်မြင်ပြီးပါက ကမ္ဘာတစ်ဝန်းလုံးရှိ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ နည်းပညာတက္ကသိုလ်များ အပါအဝင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တိုက်ရိုက် ရွေးချယ် လျှောက်ထားခွင့်ရမည် ဖြစ်သည်။

Insworld Institue တွင် GCE 'A' Level ၏ Standard Level တက်ရောက်မည့် သူများသည် ပညာသင်ကာလ (6 terms x 3 months) စုစုပေါင်း ၁၈ လအား လည်းကောင်း၊ Accelerated Track level တက်ရောက်လိုသူများသည် ပညာသင်ကာလ (4 terms x 3 months) စုစုပေါင်း ၁၂ လအား လည်းကောင်း တက်ရောက် သင်ကြားပြီးနောက် စာမေးပွဲဖြေဆိုနိုင်မည် ဖြစ်သည်။
စက်တင်ဘာလ ဝင်ခွင့်အတွက် ကျောင်း လျှောက်ထားလိုသူများမှာ AT&S Co., Ltd (ရုံးချုပ်)၊ အဆောင် ၅၊ အခန်း ၄၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်နယ်မြေ၊ ဖုန်း ၀၁ ၅၂၁၁၂၅၊ ၀၁ ၆၅၂၃၂၀၊ အထက်မြန်မာပြည်ရုံးခွဲ အမှတ် ၈၂၊ ၇၂ လမ်း၊ ၃၁ နှင့် ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး၊ ဖုန်း ၀၂၇၄၄၃၆၊ ၀၂ ၆၆၅၄၉ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ Ref: Net Guide

Saturday, September 8, 2012

စင်ကာပူက မြန်မာကျောင်းသား နှစ်ဦးအား နှစ်စဉ်ထောက်ပံ့ကြေး ပေးမည်

ဟွဏ်းဘီးလ် (ဘုန်းမြတ်)။      ။ စင်ကာပူအစိုးရက စင်ကာပူဒေါ်လာ တစ်သိန်းခွဲ မြန်မာကျောင်းသား   နှစ်ဦးအား နှစ်စဉ် ထောက်ပံ့ကြေး  ပေးမည်   မြန်မာနိုင်ငံသား အလှူရှင်များက စင်ကာပူ ဒေါ်လာ တစ်သိန်း မတည်ပြီး စင်ကာပူ အစိုးရဒေါ်လာတစ် သိန်းခွဲထည့်ဝင်၍ ယင်းငွေများကို အလှူရှင် နာမည်နှင့် ဘဏ်တွင် အပ်နှံကာ ရရှိ သည့် နှုန်းများဖြင့် မြန်မာ ကျောင်းသားနှစ်ဦး အား နှစ်စဉ် ပညာသင် ထောက်ပံ့ကြေး ပေးသွားမည်ဟု MIEC. PMC Group ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

“ကျောင်းဝင်ခွင့်အောင်မြင်ပြီး ထူးချွန် ထက်မြက် တဲ့ ကျောင်းသား တွေကိုပေးမှာပါ။ ရာနှုန်းပြည့်ပညာသင်ဆုပေးအပ် မှာပါ။ အဲဒီကျောင်းကတော့ ယခင်ကတော့ ပညာသင် ဆုပေးတာတော့မရှိဘူးပေါ့နော်။ အခုမှကမ်းလှမ်းတာပါ” ဟု MIEC,PMC Group မှ Business Manager ကိုပြည်ဟိန်းထက်က ပြောသည်။

Nanyang Technological University (NTU) သည် စင်ကာပူနိုင်ငံ တွင် ထိပ်တန်းအဆင့်တက္ကသိုလ်တစ်ခုဖြစ်ပြီး စင်ကာပူအစိုးရမှ ဖွင့်လှစ်သည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

NTU တွင်ကျောင်းတက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ15,400 ကုန်ကျမည်ဖြစ်ပြီး လိုအပ်သည့်ကုန်ကျငွေများကို မြန်မာစေတနာ ရှင်တစ်ဦးက စင်ကာပူဒေါ်လာတစ်သိန်းမတည်၍ စင်ကာပူအစိုးရက ဒေါ်လာတစ်သိန်းခွဲထည့်ဝင်ကာ ယင်း ဒေါ်လာနှစ်သိန်းခွဲမှ ရရှိသည့်ဘဏ်တိုးနှုန်းတစ်သောင်းအား မြန်မာကျောင်းသားနှစ်ဦးအား နှစ်စဉ်ပညာ သင်ဆုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Tuesday, September 4, 2012

အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ် နေသော မြန်မာနိုင်ငံ ပညာရေးစနစ်

ဟွဏ်းဘီးလ် (မိုးငယ်)။    ။ လွန်ခဲ့သည့် အနှစ် ၅၀ ကျော် မြန်မာ့ ပညာရေး စနစ်သည် အရှေ့တောင် အာရှတွင် ထိပ်ပိုင်း တစ်နေရာဝယ် ရှိခဲ့သော်လည်း ယခု အချိန်တွင် စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့ နောက်ရောက်နေ၍ မြန်မာ့ ပညာရေး မှာ အောက် ကျနောက် ကျ ဖြစ်နေရကြောင်း ကုန်သည် စက်မှုအသင်းချုပ် လ စဉ် ဟောပြောပွဲ တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ဒေါက်တာဦးသိန်းက
“အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်"ဟူသည့်ခေါင်းစဉ်ဖြင့် ယနေ့ ဟောပြောခဲ့သည်။

အဓိကအားဖြင့် ပညာရေးမြှင့်တင်ရန်လိုအပ်နေခြင်းမှာ တက်လာတော့မည့် စီးပွားရေးလုပ်ငန်းများအတွက် အရည်အချင်းရှိသော လူ့အရင်းအမြစ်များ၊ တတ်သိကျွမ်းကျင်စီမံခန့်ခွဲအုပ်ချုပ်တတ်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ်ခေါင်းဆောင်များ၊ စသည့် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးရန်ဖြစ်ကြောင်း ဦးသိန်းက ထပ်မံပြောကြားခဲ့သည်။ ၂၀၁၂ မှ ၂၀၁၅ အထိ ရေတိုပြုပြင်ပြောင်းလဲရန်အတွက် ဆိုလျှင် ဆေးတက္ကသိုလ်များ၊ ရေကြောင်းသိပ္ပံ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်အချို့ ၊ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် ၊နိုင်ငံခြားဘာသာ တက္ကသိုလ် များနှင့် အမျိုးသား စီမံခန့်ခွဲရေး ကောလိပ် စသည်တို့သာ သင့်တော်သည့် အဆင့်တွင်ရှိ၍ အခြားတက္ကသိုလ်များ၊ ကောလိပ်များတို့သည် အဆင့်နှိမ့်ကျနေကာ ဘွဲ့လက်မှတ်ကို ရိုက်ထုတ်သော စက်ရုံကြီးများ ( Degree Mills )အဆင့်သို့ ရောက်ရှိနေကြောင်း ၄င်းမှ ထပ်မံဟောပြောခဲ့သည်။ ကျောင်းသား များပြီး ဆရာနည်းကာ ဓါတ်ခွဲခန်းပစ္စည်း ကိရိယာများ အလွန်နည်းပါးနေပြီး လက်တွေ့များနှင့် ကျူတိုရီယယ်များကောင်းစွာ မလုပ်နိုင်ဘဲ အဖြစ်သာ ကူးရေးတင်မှုများအတွက် အမှတ်များမပေးသင့်ပဲ လက်တွေ့တန်း စာမေးပွဲစနစ်ကိုပြန်လည် အကောင်အထည်ဖော်သင့်ကြောင်း သိရသည်။

သင်ကြားရေး စနစ် ကိုလည်း ( ဒါသင် ၊ ဒါကျက် ၊ ဒါမေး ၊ ဒါဖြေ ) စနစ်ကို ပယ်ဖျက်၍ အ.ဆ.ည မှအဆိုပြုတင်ပြထားသော အယူအဆ ဦးစားပေး သင်ကြားရေး ( Conceptual Teaching )ကို စတင်ကျင့်သုံးရန် ၊ 20 % အမှတ်ကို အစားထိုးမည့် လေ့လာလုပ်ဆောင် တင်ပြချက်များ(assignments) တို့ ပါဝင် လာမည် ဖြစ်ကြောင်း လျှော့လွန်းသော မော်ဒရေးရှင်း အပေးများသော အအောင်ပေးမှုကို ပြင်ရန်နှင့် နောက်ဆက်တွဲ စာမေးပွဲကို ပယ်ဖျက်သင့်ကြောင်း ဟောပြောခဲ့သည်။ ဆရာ၊ ဆရာမ များ အရည်အသွေးကို မြှင့်တင်ပေးရန် နှင့် ကျူရှင် ရောဂါဆိုး အဂတိလိုက်စားမှုများကို ပပျောက်အောင် စတင် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း စာမေးပွဲများတွင် မသမာမှုများ ပပျောက်ရေးအားအလေးထား သင့်ကြောင်း ပြောကြားခဲ့သည် ။တက္ကသိုလ်များနှင့် ကောလိပ်များရှိ ဌာနတိုင်းတွင် Internet ရရှိရေး၊ အသုံးပြုရေးကို ဦးစားပေး လုပ်ဆောင်ရန် နှင့် ၄င်းတို့ အတွက် လိုအပ်သည့် လျှပ်စစ်မီးစက်များကိုပါ ထားရှိပေးသင့်ကြောင်း ဟောပြောခဲ့သည်။ ဟောပြောပွဲသို့ ပရိသတ် ၅၀၀ ကျော်မျှတက်ရောက်ခဲ့ကြသည်။

Tuesday, August 28, 2012

Chester တက္ကသိုလ်က မြန်မာ ကျောင်းသားများ ပညာသင် ထောက်ပံ့ကြေး ပေးမည်

ဟွဏ်းဘီးလ်(ဘုန်းမြတ်)။    ။ အင်္ဂလန် အခြေစိုက် Global Education Consltancy နှင့် CROWN Education တို့ပူးပေါင်း၍ အင်္ဂလန် Chester တက္ကသိုလ်တွင် ပညာ သင်ကြား မည့် မြန်မာ ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခု ဖြစ်သည့် CROWN Education မှ သိရသည်။

“ပညာသင်ထောက်ပံ့ကြေးပေးအပ်မယ့် ဘာသာရပ်တွေက MBAI BA (Hons) Business Studies, BA (Hons) Business Administration ,Degree Foundation နဲ့International Foundation Programme ဘာသာရပ်တွေကို ပညာသင်ထောက်ပံ့ကြေးပေးမှာပါ”ဟု CROWN Education မှ မသူဇာက ပြောသည်။

MBA ဘွဲ့အတွက် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားချင်သူများအနေဖြင့် တက္ကသိုလ်အသိအမှတ်ပြု ဘွဲ့တစ်ခုခု ရရှိရမည်ဖြစ်ပြီးIELTS 6.0 ရရှိရမည်ဖြစ်ကြောင်း၊ BA (Hons:) ဘွဲ့အတွက် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားသူများအနေဖြင့် တက္ကသိုလ် ပထမနှစ်အောင်မြင်ထားသူ(သို့) GCE A' Level အောင်မြင်ထားသူများ လျှောက်ထားနိုင်ကြောင်းသိရသည်။

“ပညာသင်ဆုရတဲ့သူတွေက အင်္ဂလန်နိုင်ငံမှာရှိတဲ့ Chester တက္ကသိုလ်မှာတက်ရောက်ရမှာပါ။ ပညာသင်ဆုကတော့ တစ်ဝက်ရမှာပါ”ဟု အဆိုပါပညာရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

MBA ဘွဲ့သင်တန်းကို တစ်နှစ်ကြာတက်ရောက်သင်ကြားရမည်ဖြစ်ပြီး တစ်နှစ်ကုန်ကျငွေပေါင်း ၈၉၅၀ ကုန်ကျမည်ဖြစ်ကြောင်း၊ ပညာသင် ထောက်ပံ့ကြေးဖြင့် တက်ရောက်မည်ဆိုပါက မြန်မာကျပ်ငွေ ၅၈ သိန်းခန့်သာ ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရသည်။

Sunday, August 26, 2012

ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့ အလုပ်သင် ITဘွဲ့ရများ စေလွှတ်မည်

ဟွဏ်းဘီးလ်(ဖိုးခွား)။    ။ မြန်မာ လူငယ်များ အတွက် အထူးအ ခွင့်အရေး အနေဖြင့် ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ အလုပ်သင်အိုင်တီ ဘွဲ့ရများကို စေလွှတ် သွားမည်ဟု Better Life Acty ကုမ္ပဏီမှ သိရှိရ သည်။

Better Life Acty ကုမ္ပဏီ သည် ဂျပန်နိုင်ငံ၏ Acty System ကုမ္ပဏီနှင့် Better Life Education Center တို့မှ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် အိုင်တီပညာရှင်များကို မွေးထုတ်ပေး လျက်ရှိရာ ယခုအခါအိုင်တီပညာရှင် ဖြစ်လိုသူများကို ရွေးချယ်ခေါ်ယူတော့ မည်ဖြစ်သည်။

အမှတ်စဉ်၁ တွင် Training Programmer များကို ရွေး ချယ်ခေါ်ယူသွားမည်ဖြစ်ပြီး အမှတ် စဉ် ၂ အတွက် Senior Programmer သို့မဟုတ် အိန္ဒိယနိုင်ငံတို့တွင် အနည်း ဆုံး ၅ နှစ်တာကာလTraining ဆင်းရမည်ဖြစ်ပြီး အမှတ်စဉ် ၂ အတွက် အသက် ၃၀ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး ပရောဂျက်ရေးသားမှု အတွေ့အကြုံရှိသူများ ဦးစားပေးမည် ဖြစ်သည်။
အသေးစိတ်အချက်အ လက်များ သိရှိလိုပါက Better Life Acty ကုမ္ပဏီ အမှတ် ၅၀၇၊ ငါးလွှာ၊ လပြည့်ဝန်းပလာဇာ၊ ဖုန်း-ဝ၁-၃၈၂ ၅၂၉ သို့ဆက်သွယ်နိုင်သည်။

Friday, August 24, 2012

ရေကြောင်းပညာ တက္ကသိုလ်က နိုင်ငံခြား ပညာရေး ဆိုင်ရာများနှင့် ပူးပေါင်းမည်

ဟွဏ်းဘီးလ် ။    ။ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်း မည်မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာ တက္ကသိုလ် ထံမှ စုံစမ်း သိရသည်။

နော်ဝေး နိုင်ငံနှင့် ရေကြောင်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂျပန်နိုင်ငံ နှင့် သင်္ဘော တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း အိန္ဒိယနိုင်ငံနှင့် သင်ထောက်ကူ ပြု Simulator တည်ဆောက်ရန် အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရေကြောင်း ပညာရပ် ဆိုင်ရာ ကျွမ်းကျင် ဆရာ လိုအပ်ချက်၊ ဓါတ်ခွဲခန်း လိုအပ်ချက်၊ Simulator Room လိုအပ်ချက်များကြောင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ Simulator Room တစ်ခုအတွက် ကုန်ကျစရိတ်က မြန်မာ ငွေသန်းချီ ကုန်ကျမည် ဖြစ်ပြီး Softwareကို အိန္ဒိယကဝယ်၍ Hardwareကို မြန်မာနိုင်ငံတွင် ဝယ်ယူ တပ်ဆင်ပါက ငွေအကုန်ကျ သက်သာမည် ဖြစ်သောကြောင့် အိန္ဒိယနှင့်အကျိုးတူ ပူးပေါင်းခြင်း ဖြစ်ကြောင်း၊ ရေကြောင်း တက္ကသိုလ် အနေနှင့် နိုင်ငံတကာ White List စာရင်းတွင် ရပ်တည်ရန် အတွက် အရည်အချင်း ပြည့်မီရန် လိုအပ်ချက်များကို ပြုပြင်ရမည် ဖြစ်ကြောင်း ပါမောက္ခချုပ် ဦးချာလီသန်းက ပြောသည်။

ရေကြောင်းပညာ တက္ကသိုလ်ကို ၂၀၀၁-၂၀၀၂ခုနှစ် က စတင် တည်ထောင်ရာ ၂၀၀၃-၂၀၀၄ခုနှစ် တွင် ဆင်မလိုက် ရေကြောင်းသိပ္ပံတွင် စတင်ပညာ သင်ကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် သီလဝါ ဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများ အရ သိရသည်။Ref:The Voice Journal

Wednesday, August 22, 2012

BE ဘွဲ့အတွက် စာသင်နှစ် ထပ်တိုး

ဟွဏ်းဘီးလ် (ဘုန်းမြတ်)။    ။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် BE ဘွဲ့အတွက် နည်းပညာ တက္ကသိုလ်နှင့် ကောလိပ် များတွင် ရိုးရိုးနည်းပညာ တက္ကသိုလ် BE ဘွဲ့အတွက် ခုနစ်နှစ် သတ်မှတ်ကာ အဆင့်မြင့်နည်း ပညာ ခြောက်နှစ် သတ်မှတ် လိုက်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

“ကျွန်တော်တို့ လုပ်ကိုင်တဲ့ စနစ်အရ ဆိုရင် Technician နဲ့ BE ကိုခွဲထုတ်လိုက်တာပေါ့နော်။ အဲဒီ တော့ AGTI ကသုံးနှစ်ဖြစ်သွားတယ်။ AGTI အောင်တဲ့ သူတွေက တက္ကသိုလ်နှစ်မျိုးရှိနိုင်တယ်။ တစ် မျိုးက BE ဘွဲ့ပေးတဲ့တက္ကသိုလ်နဲ့ နောက်တစ်မျိုးက BT (Bechalar Techonlogy ) ဘွဲ့ကိုပေးမယ့် တက္ကသိုလ်ပေါ့နော်။ AGTI သုံးနှစ်အောင်မြင်တဲ့အခါထူးချွန်လို့တော် တယ်ဆိုရင် BE တက်ခွင့်ပေးသွား မှာပါ” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်ကပြောသည်။

ရိုးရိုးနည်းပညာ တက္ကသိုလ်များအနေဖြင့် AGTI သင်တန်း သုံးနှစ်အောင်မြင်၍ BE ဘွဲ့အဆင့် မီသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ BE ဘွဲ့အပ်နှင်း မည့်သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၌ Technician ပုံစံမှအင်ဂျင်နီယာပုံစံဘက်သို့ အသွင်ပြောင်း နိုင်ရန်အတွက် Orientation တစ်နှစ် သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး ယင်း သင်တန်းအောင်မြင်ပါက စတုတ္ထနှစ် BE သင်တန်းကို အဆင့်မြင့်နည်းပညာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းအတိုင်း မိမိတို့တက် ရောက်လျက်ရှိသည့် နည်းပညာတက္ကသိုလ်၌ ဆက်လက်တက်ရောက် ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး AGTI အောင်မြင်ပြီး BE ဘွဲ့ရရှိရန်အတွက် အဆင့်မီသည့် ကျောင်းသားကျောင်းသူများအနေဖြင့် BE ဘွဲ့ရရှိရန်အတွက် ခုနစ်နှစ်သင်ကြားရမည်ဖြစ်ကြောင်းလည်း သိရသည်။

“အဆင့်မြင့်နည်းပညာ တက္ကသိုလ်ကတော့ တိုက်ရိုက် ၆ နှစ်တက်ရမှာပါ။ သူကျတော့ BE ဘွဲ့တိုက် ရိုက်ပေးအပ်မှာပါ။ ရည်ရွယ်ချက်ကတော့ လက်တွေ့ပိုင်းတွေ ဓာတ်ခွဲမှုလုပ်ငန်းတွေကို အဆင့်အတန်းမီမီ၊ အဆင့်တန်း မြင့်မြင့်သင်ကြားနိုင်အောင် ရည်ရွယ်တယ်။ နောက်တစ်ခုက စက်ရုံအလုပ်ရုံတွေ ပြည်ပက လက်တွေ့လုပ်ငန်းတွေကို နည်းပညာတက္ကသိုလ်တွေနဲ့ပေါင်းကူးပေးချင်တဲ့သဘောပါ”ဟု အဆိုပါညွှန်ကြား ရေးမှူးချုပ်ကဆက်လက်ပြောကြားသည်။

အဆင့်မြင့် နည်းပညာ တက္ကသိုလ်သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်းအမှတ် အနိမ့်ဆုံး ၄၅၀ ရရှိမည်ဖြစ်ပြီး ရိုးရိုးနည်းပညာ တက္ကသိုလ်ဝင်ခွင့်အတွက်ကိုတော့ မှုအနိမ့်ဆုံးအမှတ် ၃၆၀ သတ်မှတ်ထားကြောင်းလည်းသိရသည်။

Tuesday, August 21, 2012

စင်္ကာပူ အင်ဂျင်နီယာ ဒီပလိုမာ လျှောက်ထားနိုင်

ဟွဏ်းဘီးလ် ။    ။ စင်္ကာပူနိုင်ငံ PSB Academy  ကျောင်းမှ Diploma in Electrical အင်ဂျင်နီယာနဲ့ Diploma in Mechanical အင်ဂျင်နီယာသာ လျှောက်ထား သူများ အတွက် Study Grant စင်္ကာပူ ဒေါ်လာ နှစ်ထောင်မှ သုံးထောင် အထိ လျှောက်ထား နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လျှောက်ထား ရာမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ Intake မှာ လျှောက်ထား ရမှာဖြစ်ပြီး ၁၀ တန်း အောင်မြင်ထား သူများ၊ GCE  "O'', IGCSE နဲ့ အင်္ဂလိပ်စာ လိုအပ်ချက်များ အနေနဲ့ IELTS 5.5 သို့မဟုတ် Tofel 525 ရရှိထား သူများ လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။
http://www.psb-academy.edu.sg/default.aspx
ဒီလို လျှောက်ထားရာမှာ ကျောင်းလခ ကတော့ စင်္ကာပူ ဒေါ်လာ တစ်သောင်း ခြောက်ထောင် နှစ်ရာ ငါးဆယ့်သုံး ဖြစ်ပြီး ၅ ကြိမ် ခွဲသွင်းနိုင်တာ ဖြစ်တယ်လို့ Crown Education မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ တက္ကသိုလ်ကြီး များမှာ အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာ သင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူ အများစုဟာ သင်္ချာနဲ့ ရူပဗေဒ အခြေခံ ဘာသာရပ် များကို ကျွမ်းကျင်ဖို့ လိုအပ်တဲ့ အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အင်ဂျင်နီယာ ဘာသာရပ်ကို ဆက်လက် လေ့လာ လိုသူများ အတွက် ရည်ရွယ်ပြီး Crown  Education Training Center မှ Basic Engineering Program များကို ဖွင့်လှစ်လျက် ရှိတယ် လို့လည်း သိရပါတယ်။ Ref:MRTV-4