Tuesday, November 20, 2012

ဂျပန်နိုင်ငံ APU တက္ကသိုလ်မှ Full Scholarship ရယူနိုင်မည်

ဟွဏ်းဘီးလ်(ကျော်ညိုသွေး)။        ။ ဂျပန်နိုင်ငံ APU တက္ကသိုလ်မှ 100% Full ScholarShip ရယူနိုင်မည်   မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဂျပန် နိုင်ငံ Asia Pacific University (APU) မှ ပေးအပ်မည့် 100% Full Scholarship ရယူနိုင်မည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ပြီး APU မှ 100% Scholarship အပြင် 80%, 65 %, 30 % အစရှိသော Scholarship များကိုလည်း လျှောက်ထား နိုင်မည် ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ များ၏ တစ်ဦးချင်း အရည်အချင်းပေါ် မူတည်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

APU သို့တက်ရောက် သင်ကြားနိုင်သော ဘာသာရပ်များမှ (1) Bachelor Of Social Science Specialized in Culture, Societies and Media (2) International Relations and Peace Studies, Environmental and Development, Hospitality and Tourism/Bachelor Of Business Administration Specialized in Strategic Management and Organization, Accounting & Finance, Innovation and Economic & Marketing တို့ဖြစ်ကြောင်း သိရှိရကာ တတ်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများသည် ဂျပန်စာ၊ စကားကို အဓိကထား၍ တက်မြောက်ရန် မလိုဘဲ English 4Skills ကျွမ်းကျင်ရုံဖြင့် လျှောက်ထားနိုင်ကြောင်း သိရှိရပြီး ဂျပန်ဘာသာ တတ်မြောက် ပါကလည်း လျှောက်ထား သင်ယူ နိုင်မည် ဖြစ်ကြောင်းသိရှိရသည်။

APU တွင်Bachelor Program ပြီးဆုံးပါက Master Of Science/MBA/ နှင့် Ph.D Program များကိုလည်း ဆက်လက် တက်ရောက်နိုင် မည် ဖြစ်သည်။ အဆိုပါ Scholarship အစီအစဉ်နှင့် ပတ်သက်၍ သိရှိ လိုပါက SR Worldwide ဖုန်း ၂၄၆၁၈၈၊ ၃၈၇၀၂၂၊ ဝ၉ ၅၄၂၈၈၄၈ ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။ http://www.apu.ac.jp/home/

0 comments:

Post a Comment