Saturday, March 24, 2012

ပလက်ဝ သစ်တောဦးစီးဌာနမှ ဂမုန်းခွန်ကောက်

ချင်းပြည်သူများ ကိုယ်ထူကိုယ်ထဖြင့် စိုက်ပျိုးသော ဂမုန်းကို ဒေသအာဏာပိုင်တွေက ကောက်ခံနေသည်ဟု သိရသည်။

“ ဂမုန်းဆိုတာက ယာထွက် သီးနှံ လိုပဲ တောင်ယာ မှာ စိုက်တာပါဗျာ၊ ကိုယ်ထူကိုယ်ထနဲ့ စိုက်တာ ကို ကောက်တယ် ” ဟု ဒေသခံတဦးက ပြောသည်။

ပလက်ဝမြို့နယ် သစ်တော ဦးစီးမှူး ဦး စိုးသိမ်း နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့၏ အမိန့်ဖြင့် မတ်လ ၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှ တပွင့် အဆင့် ရှိ ဦး လောမ်ခူးနား နဲ့ ဦးရွေကျော်ဆိုသူ တို့က ကောက် ခံခြင်းဖြစ်ကြောင်း ဒေသခံ တဦး က ပြောသည်။

ကျတော်တို့ ကုန်ပြင်ကျေးရွာမှာ ဂမုန်း တ ပိသာ အတွက် ၂၅ ရာခိုင်နှုန်းကောက်တယ်၊ ဂမုန်းဒိုင် ထောင် သူ နှစ်ဦးကို တဦး ကျပ်ငွေ ၃၀၀၀၀ စီ ကောက်တယ် ဟု ပြောသည်။ လက်ရှိ ဂမုန်းပေါက်ဈေးမှာ တပိသာ ကျပ်ငွေ ၂၀၀၀ ရှိသည်။

သစ်တောဦးစီးဌာနမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ပလက်ဝ မြို့နယ်အတွင်း ဂမုန်းစိုက် တောင်သူများ အား အဆိုပါ နှုန်းဖြင့် ကောက်ခံရန် အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

Ref: Khonumthung

0 comments:

Post a Comment