Sunday, April 8, 2012

ချင်းပြည်နယ်အထက်တန်းကျောင်းများတွင် ကွန်ပြူတာသင်တန်း၊ စာကြည့်တိုက် ဖွင့်လှစ်မည်

ချင်းပြည်နယ်အထက်တန်းကျောင်းများတွင် ကွန်ပြူတာ သင်တန်းကျောင်း နှင့် စာကြည့်တိုက်ဖွင့် လှစ်မည် ဟု အာမေးနီးယား ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရ ချင်းလူငယ် ဒေါက်တာ ဆာဆာက ပြောလိုက်သည်။
ချင်းပြည်နယ်ရှိ အခြေခံမူလတန်းကျောင်း တွေ့ရစဉ်။ ။ ဓါတ်ပုံ-Hornbill Media

အခု ပထမသုတ်အနေနဲ့ ချင်းပြည်နယ် အတွင်း မတူပီမြို့နယ်မှ လိုင်လင်းပီ၊ စဘောင်းသဲ၊ ရေဇွာ အထက်တန်းကျောင်း၊ ပလက်ဝမြို့နယ်မှ ပထိန်တလန် အထက်တန်း ကျောင်း၊ ထန်တလန်မြို့ နယ်မှ နှာရိန်းအထက်တန်း ကျောင်း၊ ဟားခါးမြို့ နယ်မှ ဆတ်တား နှင်း ဆူရ်ခွါး အထက် တန်း ကျောင်းတွေ အတွက်ကွန်ပြူတာ တပ်ဆင်ပြီးကြောင်း မတူပီ အထက (၁)၊ ပလက်ဝမြို့နယ် မီးဇာ နှင့် ရှင်းလက်ဝ အထက်တန်းကျောင်းအတွက် မကြာခင် တပ်ဆင်မည်ဟု သိရသည်။

“ အဓိက နယ်မှာ ရှိတဲ့ အထက်တန်းကျောင်းတွေကို ဦးစားပေးတယ်၊ အလုံးရေတော့ သေချာမသိပါ ” ဟု ၄င်း၏ ကျန်းမာ ရေးလုပ်သားတဦးက ပြော သည်။

အဆိုပါ အထက်တန်းကျောင်းများအပြင် ချင်းပြည်နယ် တခုလုံး အထက်တန်းကျောင်းများ အတွက် ကွန်ပြူတာ လက်ပ်တော့ပ် ပံ့ပိုးနိုင်ရေး နှင့် စာကြည့်တိုက် ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းနေကြောင်း ဒေါက်တာ ဆာဆာက ပြောသည်။

ယခုလက်ရှိတွင် ဒေါက်တာဆာဆာသည် သူလက်လှမ်းမှီနိုင်သည့် မရာနယ်မှ နှစ်စဉ် ၁၀ တန်းအောင် မြင်သူများထဲက အမှတ် အများဆုံး ၁၀ ဦး ကို ရွေးချယ်ပြီး တက္ကသိုလ်ပညာသင်စရိတ်ပံ့ပိုး လျက်ရှိ သည်။

ထို့အပြင် အိန္ဒိယ – မြန်မာနယ်စပ် ကျပွီးရွာတွင် ၂၀၀၅- ၂၀၀၆ ခုနှစ်မှ စပြီး ကျန်းမာရေး အခြေခံ သင်တန်းကျောင်း ဖွင့်လှစ်ကာ ချင်းပြည်နယ် မှ လူငယ် ၃၀၀ ခန့်ကို အခြေခံ ကျန်းမာရေး၊ ကွန်ပြူတာ၊ အင်္ဂလိပ်စကားပြောသင်တန်းများ ပို့ချ လျက်ရှိသည်။

ဒေါက်တာ ဆာဆာသည် ၄င်း၏ ဇာတိမြေဖြစ်သည့် လိုင်လင်းပီ ရွာတွင် အနည်းဆုံး ကုတင် ၅၀ ခန့်ဆန့်မည့် ကျန်းမာ ရေး ဆေးခန်းဖွင့်လှစ်ရန် စီစဉ်နေသည်။

Ref: Khonumthung

0 comments:

Post a Comment