Tuesday, April 24, 2012

ကလေးမြို့င်္သချိုင်း ပြောင်းရွေ့ရန်စီစဉ်နေ

ချင်းပြည်နယ် ကလေးမြို့ရှိ  ပင်လုံင်္သချိုင်းအား အာဏာပိုင်များက ပြောင်းရွေ့ရန်စီစဉ်နေကြောင်း ကလေးမြို့မှလာသော သတင်းများအရ သိရသည်။

၎င်းင်္သချိုင်းသည် ချင်းတိုင်းရင်းသားများ နေထိုင်ရာရပ်ကွက် ပင်လုံရပ်ကွက်တွင် တည်ရှိပြီး ကလေးမြို့ အနောက်မြောက်ဘက် ပြည်တော်သာသို့သွားသောလမ်းရှိ ကပ်လဲင်းဗဲယ်သို့ ပြောင်းရွေ့မည်ဖြစ်ကြောင့် သိရသည်။

"ဒီဟာကတော့ အများပြည်သူတွေအတွက် တော်တော်လေး အခက်တွေ့စေပါတယ်။ ငွေရေးကြေးရေး အတွက်တော်လည်း အဓိက ကျတော်တို့ တိုင်းရင်းသားတွေက အသုဘချရင် ဝတ်ပြုအစည်းအဝေးပြုလုပ်ပြီးမှ ချလေ့ရှိတယ်လေ ဒီအတိုင်းပြန်ချလို့မရဘူး။ ရိုးရာဓလေ့အရဆိုရင်လည်း တိရိစ္ဆာန် အကောင်တကောင် သတ်ပေးရတယ်။ အဲဟာတွေအတွက် အများကြီးလိုအပ်တယ်။" ဟု ဒေသခံတဦးက ပြောကြားသည်။

ပြောင်းရွေ့လိုသူများအနေဖြင့် စည်ပင်သာယာရေးသို့ ကြိုတင်လျှေက်ထားရမည်ဖြစ်ပြီး င်္သချိုင်းတခုအတွက် မြေကွက်တကွက်လျှင် ကျပ် ၂သောင်းကျော်ဖြင့် ပေးဝယ်ရမည်ဖြစ်ကြောင့်  သိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်လူကြီးများ၊ အသင်းတော်လူကြီးများမှ ဦးဆောင်ပြီး ပြောင်ရွေ့ခြင်းမပြုရန် နေပြည်တော်ရှိ သမ္မတထံသို့ စာဖြင့်တောင်းဆိုထားကြောင့်လည်း သိရသည်။

ယခုင်္သချိုင်းပြောင်းရွေ့ခြင်းသည် ၄ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၄ ခုနှစ်ပတ်ဝန်းကျင်တွင် စစ်တပ်နယ်မြေအဖြစ် တကြိမ် ပျက်စီးပြောင်းရွေ့ခဲ့ကြာင့်လည်း သိရသည်။

0 comments:

Post a Comment