25 Apr 2012 | By Net Guide
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ကျပ်နှစ်သိန်း ဖြင့် ချထား ပေးရာတွင် နယ်ဒေသ များတွင် မတ်လ ၁၄ ရက်နေ့တွင် စတင် ချထားပေးခြင်း ဖြစ်ပြီး ယင်း ဖုန်းကတ် များကို ရန်ကုန်နှင့် မန္တလေးတွင် ချထားပေးချိန်မှာ နောက်ကျ သောကြောင့် အများစုက နယ်ဒေသများမှ ဖုန်းကတ်များကို ကြိုတင် ဝယ်ယူ ထားရာ လက်ရှိအချိန် ထိ လိုင်းမပွင့်ဘဲ မေလဆန်းပိုင်း မှသာ လိုင်းပွင့်မည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်း အရောင်းဆိုင် တစ်ဆိုင်မှ မန်နေဂျာ တစ်ဦးက "နယ်ဖုန်း တွေကို ဝယ်ထားမိတဲ့သူတွေက မေလဆန်းလောက်မှပဲ လိုင်းပွင့် တော့မှာပါ။ တချို့က ရန်ကုန်မှာ ဖုန်းချပေးမယ်ဆိုရင် သုံးလို့ရမယ် ထင်ပြီး ဝယ်ထားကြတယ်။
တချို့ဆိုရင် ဈေးကို နှစ်သိန်းထက် ပိုပေး ပြီးတော့တောင် ဝယ်ထား ကြတယ်။ အဲဒါတွေက နစ်နာပါတယ်။ ဘာလို့ လဲဆိုတော့ အဲဒီ ဖုန်းတွေက အခုမှ လိုင်း မပွင့် သေးတာ။ ဒါကြောင့် ဝယ်ထားသူတွေက ဘာမှလုပ်လို့ မရပါဘူး။ လိုင်းပွင့်မယ့်အချိန်ကိုပဲ စောင့်နေရတယ်"ဟု သူ၏အမြင် ကို ပြောသည်။
ပြည်နယ် တစ်ခုမှ မိုဘိုင်း ဆင်းမ်ကတ်ကို ဝယ်ယူထားသူတစ် ဦးကလည်း "ကျွန်မပြည်နယ်က ဖုန်းကိုပဲ ဝယ်ထားပါတယ်။ ဘာလို့ လဲဆိုတော့ အဲဒီ အချိန်တုန်းက ရန် ကုန်ဖုန်းဝယ်မလို့လုပ်တော့ ဈေးက ကြီးနေတယ်။
အဲဒါနဲ့ နယ်ကိုလည်း ခရီးသွားဖြစ်တော့ ဟိုမှာက ထောင် ဂဏန်းတောင် သက်သာနေတယ်။ အဲဒါနဲ့ ပြည်နယ်ကပဲ ဝယ်လာ လိုက်တယ်။ မပွင့်သေးတော့လည်း မတတ်နိုင်ဘူး။ လိုင်းပွင့်မှပဲသုံး လိုက်တော့မယ်။ ဖုန်းကလည်း လို ချင်တယ်။ ဒီမှာက သောင်းဂဏန်း ပိုပေးရတယ်ဆိုတော့လည်း မဝယ် ချင်တော့ဘူး။ အဲဒါကြောင့်"ဟု ပြောသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်နှစ်သိန်းတန်ဖုန်း များကို ချထားပေးရာတွင် ပြည်နယ် များတွင် မတ်လ ၁၄ ရက်နေ့၊ တိုင်းဒေသကြီးများတွင် မတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း ချ ထားပေးခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ယခု လ ၉ရက်နေ့တွင် စတင်ချထားပေး ခြင်းဖြစ်သည်။
0 comments:
Post a Comment