ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ချင်းတို့ ဌာနေအား ချင်းပြည်နယ် (အတုအယောင် ပဲခေါ်ခေါ်) ဟု သတ်မှတ်သည့် နောက်ပိုင်း ပြည်နယ် ၀န်ကြီးချုပ်ဆိုတာ ချင်းပြည်သူများ ကြားဘူးသည် မရှိပါ။ ဒီမိုကရေစီ ရောင်ခြည် မှိန်မှိန် သန်းလာ တဲ့ ၂၀၁၀ ခုနှစ် နောက်ပိုင်း မှသာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဆိုတာ ကြားခဲ့ရတာပါ။ ချင်းလူမျိုးထဲက ပထမဦးဆုံး ချင်းပြည်နယ်ရဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့သူမို့ ဒါဟာ ချင်းသမိုင်းတွင် တွင်ကျန်သွားမှာ လည်းဖြစ်ပါ တယ်၊ စာဖတ်ပရိသတ်များ အထူး သ ဖြင့် ချင်းပြည်သူများ စိတ်ဝင်စား ပါလိမ့်မည်။
ဦဟုန်းငိုင်သည် စကားနည်းပြီး ရိုးရိုးတန်းတန်း ပြုမူ နေထိုင်သူ၊ ဟိတ်ဟန်မရှိသူ၊ လူကို တန်းတူ ဆက်ဆံ တတ် သူဖြစ် သည်ဟု ချင်းပြည်သူက အများက မြင်ကြသည်။
နာမည် ဟုန်းငိုင်း
ဇနီး ဒေါ် ၀ါဝါ (လယ်ပြငြိမ်း)
သားသမီး သား (၂) ဦး၊ သမီး (၁) ဦး
မိဘ ပူး ဟာဟုန်း ၊ ပီး ထန်းယ ( ကွယ်လွန်)
မွေးသက္ကရာဇ် ၁၉၅၆ ခုနှစ် မတ်လ (၃၀) ရက်နေ့
ဒုတိယ မြောက်သား၊ မွေးချင်း (၈)ယောက်
ဇာတိ သွီပန်းရွာ၊ မောတိုက်နယ်အမှတ်(၁)၊ မင်းတပ်မြို့၊ ချင်းပြည်တောင်ပိုင်း
ကိုးကွယ်ဘာသာ ဗုဒ္ဒ
ပညာရေး ဘီအေ
ငယ်စဉ်က မှတ်ပုံတင်ဘုန်းတော်ကြီးကျောင်း သွီပန်းရွာနှင့် မြိုင်ရွာ မူလတန်းကျောင်းတွင် ပညာသင် ယူခဲ့ပြီး၊ စတုတ္တတန်းမှ အဌမတန်းအထိ ရမ်ပန်းရွာ အလယ်တန်းကျောင်းတွင် ဆက်လက် သင်ကြားခဲ့ သည်၊ အထက်တန်း ပညာကို မကွေးတိုင်း၊ပေါက်မြို့တွင် သင်ကြားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ဒသမတန်း ကို အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို မကွေးကောလိပ်၊ မန္တလေး၊ ရန်ကုန် ၀ိဇ္ဖာ၊ သိပ္မံတက္ကသိုလ် များတွင် သင်ယူခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ၀ိဇ္ဖာဘွဲ့ရရှိခဲ့သည်။
စစ်မှူထမ်းဘဝ
၁၉၇၉ ခုနှစ်တွင် တပ်မတော် (ကြည်း) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၅၈) သို့ တက်ရောက်ခဲ့ပြီး ၁၉၈၀ ခုနှစ်သြဂုတ်လ (၁၆) ရက်နေ့တွင် ပြန်တမ်းဝင် ဒုတိယဗိုလ် အဖြစ်ခန့်အပ်ခြင်းခံရသည်။
၁၉၈၆ ခုနှစ်အထိ ခြေလျင်တပ်ရင်း (၅၇)၊ ရွေကျင်မြို့တွင်၎င်း၊ ၁၉၈၆ သြဂုတ်မှ ၁၉၉၁ ခုနှစ်အထိ စာပေ နည်းပြအရာရှိ၊ စစ်တက္ကသိုလ်၊ ပြင်ဦးလွင်တွင်၎င်း၊ ခြေမြန် ခြေလျင်တပ်ရင်းများတွင်၎င်း၊ ၁၉၉၆ ခုနှစ် စက်တင် ဘာလတွင် ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ် (၂၀၁) ခြေမြန်တပ်ရင်းတွင် တပ်ရင်းမှူး ရာထူးအဖြစ်၎င်း၊ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့တွင် နည်းဗျူဟာမှူး တာဝန်ကို၎င်း အသီးသီး တာဝန်ထမ်း ဆောင် ခဲ့ပြီး ၂၀၀၂- ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တက်ရောက်ခဲ့ရာမှာ မဟာဝိဇ္ဖာဘွဲ့ ( ကာကွယ် ရေး) ကို ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်စက်တင် ဘာမှ ၂၀၀၇ ခုနှစ်အထိ ကမ်းရိုးတန်းစစ်ဌာနချုပ်တွင် ဒုတိယ တိုင်းမှူး တာဝန်ကို ဆက်လက်ထမ်း ဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်၊ မတ်လ (၁၂) ရက်မှ ၂၀၁၀ ခုနှစ် အောက်တိုဘာလ အထိ ဗိုလ်မှူးချုပ်ရာထူးအဖြစ် ချင်း ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဝန်ကြီးချုပ်ဘဝ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသော ရွေးကောက် ပွဲတွင် ၄င်း ၏ ဇာတိမြေဖြစ်သော ချင်းပြည်နယ် မင်းတပ်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြည် နယ်ကိုယ်စားလှယ်အဖြစ် အရွေးခံပြီး ချင်းပြည်နယ် ၀န်ကြီးချုပ်တာ ၀န်ကို ခန့်အပ်ခြင်းခံရသည်။
Ref: KNG
0 comments:
Post a Comment