Saturday, April 7, 2012

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို လုံးဝ ရပ်ဆိုင်းထား ဟုဆို

07 Apr 2012  | By The Voice Journal

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို လုံးဝ ရပ်ဆိုင်းထားဧရာဝတီမြစ်ဆုံ စီမံကိန်းကို လုံးဝရပ်ဆိုင်းထားကြောင်း အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက  ယနေ့ သတင်းထောက် များသို့ ပြောကြား လိုက်သည်။

“မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာပို့ပြီး ရပ်ဆိုင်းထားဖို့ကြေညာခဲ့ပါတယ်။ အစိုးရအကြီးအကဲ သမ္မတကြီးနဲ့ လွှတ်တော်မှာ ဆုံးဖြတ်ထားတဲ့ ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာမရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝရပ်ဆိုင်းထားပါတယ်”ဟု ယနေ့ညနေ (ဧပြီ၆ရက်)တွင် ဆီဒိုးနားဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်ရေးအဖွဲ့နှင့် ကေအင်န်ယူတို့အကြား ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဆွေးနွေး ပွဲအပြီး ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားသော်လည်း စီမံကိန်း စတင်သည်ခဲ့ သည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် စီမံကိန်းရှိ ရွှေ့ပြောင်းရခက်ခဲသော ပစ္စည်းများကို စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့တစ်ဖွဲ့သာ ထားရှိထားကြောင်းလည်း ဦးဇော်မင်းက ရှင်းလင်းပြောကြားသွားခဲ့သည်။

0 comments:

Post a Comment