27 Apr 2012| By Health Care
နှလုံးရောဂါရှိသော အမျိုးသားများ တစ်နေ့လျှင်ဘီယာနှစ်ခွက်မျှ သောက်သုံးလျှင် မသောက်သူများထက် နှလုံးရောဂါဖောက်သည့် အခွင့်အလမ်း သိသိသာသာ လျော့နည်း သွားကြောင်းသိရသည်။
ဘီယာနှစ်ခွက်သည် နှလုံးရောဂါကြောင့် သေဆုံးခြင်းကို ၄၂ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ကြောင်း အံ့ဩဖွယ်တွေ့ရှိရ သည်။ နှလုံးရောဂါရှိသော အမျိုးသား ၁၈၀ဝ ခန့်ကို နှစ် ၂၀ ကြာ သုတေသန ပြုပြီးနောက် ၂၀၁၁ တွင် အနည်းငယ်သော အရက်ကို နေ့စဉ်မှီဝဲ ခြင်းက နှလုံးကျန်းမာရေး အတွက် ကောင်းမွန်သင်လျော်ကြောင်း ကနေဒီယန်နှင့် ဥရောပရှိ နှလုံးရောဂါဆရာဝန်များ အဖွဲ့အစည်းမှ အတည်ပြုထုတ်ပြန် လိုက်သည်။ အမျိုးသားများ တစ်နေ့ဘီယာ နှစ်ခွက်နှင့် အမျိုးသမီးများ တစ်နေ့ ဘီယာတစ်ခွက်ခန့် သောက်သုံးခြင်း သည် ခန္ဓာကိုယ်ကို အကျိုးပြုသော သွေးတွင်း HDL ပမာဏကို တိုးမြှင့်စေပြီး နှလုံးရောဂါဖောက်ပြန်မှုကို ကာ ကွယ်ပေးသော်လည်း" တန်ဆေး၊ လွန်ဘေး"ကို သတိပြုကြရန် ဖော်ပြ လိုက်ပါသည်။
0 comments:
Post a Comment