ပြီးခဲ့တဲ့နှစ် ၂၀၁၁ နိုဝင်ဘာလောက်က pcworld.com မှာ စိတ်ဝင်စားစရာကောင်းတဲ့ Camera လေးတစ်လုံး အကြောင်းဖတ်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ အဲဒီ camera လေးရဲ့ သမိုင်း၊ တီထွင်ထားတဲ့ သူရဲ့ Interview တွေ၊ သူတို့ Marketing project တွေ လျှောက် ဖတ်မိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ Camera/Tech ၀ါသနာပါမယ့် သူတွေကို ပြန်ပြီး ဝေမျှဖို့အတွက် UNOB ကနောက်ထွက်မယ့် Newsletter မှာ ထည့်ဖို့ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအထိ မထွက်နိုင်သေးတာကြောင့် Web Site ပေါ် တင်ဖြစ်တာပါ။ တစ်ချို့လဲ Internet ပေါ်မှာ ရေးပြီးသား ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။
အကြောင်းက Lytro’s Light Field Camera ပါ။ အဲဒီ Camera လေးကို ထွင်ထားတဲ့ Ren-Ng ကတော့ iPhone က Cellular တွေရဲ့ သမိုင်းအသစ် ခင်းခဲ့သလို သူ့ရဲ့ Lytro ကလည်း Digital Camera တွေရဲ့ သမိုင်းကြောင်း ကို အသစ်ရေးမယ် လို့ ရဲရဲ အာမခံထားပါတယ်။ သူ့အပြောတင်မဟုတ်ပါဘူး Lytro Camera အကြောင်းကို Internet မှာ ရှာကြည့်လိုက်ရင် ပိုသိမှာပါ။ Tech ဘိုးဘိုးကြီးတွေ အားလုံးက တစ်ညီ တစ်ညွတ်တည်း ထောက်ခံထားကြပါတယ်။ မထောက်ခံလို့ လဲ မရဘူးလေ၊ Ren-Ng က လောလောလတ်လတ် Stanford University မှာ Computer Science & Engineering ဒေါက်တာဘွဲ့ရထားပြီး သူ့ရဲ့ Light Field နဲ့ပတ်သက်တဲ့ ကျမ်းက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ရထားတယ်လို့ ဖတ်ရပါတယ်။
အဲဒီလို ပုံကို ရိုက်ပြီးမှ Focus ကို ပြန်ချိန်လို့ ရတဲ့ အတွက် အရေးကြီးတဲ့ အခမ်းအနားတွေ၊ မင်္ဂလာဆောင်တွေ၊ အားကစား၊ စတဲ့ နှစ်ခါပြန် ရိုက်လို့ မရနိုင်မယ့် ဓါတ်ပုံမျိုးတွေ ၀ါးနေတာမျိုး မဖြစ်တော့ဘူးပေါ့။ အဲဒါ ဘယ်လောက် အရေးကြီးတဲ့ နည်းပညာပြောင်းလဲ မှုလဲ ဆိုတာ ဓါတ်ပုံပညာ လိုက်စားတဲ့ သူတွေ ပိုပြီးသိမှာပါ။ ကျေးဇူးလဲ တင်ကြမှာပါ။ အဲဒါတင် မကပဲ Light Field Camera ရဲ့ အားသာချက်တွေက 3D Image တွေကိုလဲ ထုတ်ပေးနိုင်ဦး မှာပါ။
- အခုရိုက်၊ နောက်မှ Focus ပြန်ချိန်လို့ ရတယ်။
- Focusing Motor မပါတော့တဲ့ အတွက် Shutter Delay မရှိတော့ဘူး၊ အမြန်ရိုက်နိုင်တယ်။
- Living Picture ဆိုတဲ့ Format အသစ်ပေါ်လာမှာ ဖြစ်ပြီး Cell Phone ပေါ်မှာ၊ iPad ပေါ်မှာ၊ Computer Screen ပေါ်မှာ ကြည့်နေသူတိုင်းက ပုံကို လိုချင်သလို Click နှိပ်ပြီး Focus ပြန်ချိန် ကြည့်လို့ရမယ်။
- အလင်းအားနည်းတဲ့ နေရာမှာ Flash မလိုပဲ ရိုက်လို့ ရမယ်။
- နောက် မကြာခင်မှာ Full Light Field Technology နဲ့ ရိုက်ထားတဲ့ Lytro 3D ပုံတွေကို မယုံကြည် နိုင်လောက်ရအောင် ဘက်ပေါင်းစုံကနေ ပြန်ကြည့်လို့ ရလာလိမ့်မယ်။
Price | $499 | $399 | $399 |
Color | Red Hot | Graphite | Electric Blue |
Storage | 16GB/ 750 Pictures | 8GB/350 pictures | 8GB/350 pictures |
Lens | 8x optical zoom; Constant f/2 lens. | ||
Controls | Power button: Shutter button; Zoom slider; Touchscreen. | ||
Display | 1.46 in | 33 mm back-lit LCD display with glass touchscreen. | ||
File Output | Light field picture file (.lfp). | ||
Weight | 7.55 oz | 214 g | ||
Dimensions | 1.61 in x 1.61 in x 4.41 in | 41 mm x 41 mm x 112 mm |
အစတုန်းက 2011 နှစ်ကုန်မှာ ထွက်မယ်လို့ ပြောထားပေမယ့် ရက်ရွေ့သွားပြီး 2012 နှစ်ဆန်း ပြောင်းသွားပါတယ်။ Pre-Order တွေ ကြိုတင်လက်ခံနေပေမယ့် စထွက်တဲ့အချိန်မှာ United States တစ်ခုတည်းမှာ ပဲ ရောင်းချမယ်လို့ lytro.com မှာ ဖေါ်ပြထားပါတယ်။ Production အပိုင်း လုံလောက်မှ အခြားနိုင်ငံများမှာ ရောင်းချမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ Apple (MAC) Computer အတွက်ပဲ Software ရေးထားရသေးပေမယ့် စတင်ရောင်းချမယ့် အချိန်မှာ Windows အတွက်လဲ ထည့်ပေးနိုင်အောင် အပူတပြင်း ရေးနေကြတယ်လို့ ဖေါ်ပြထားပါသေးတယ်။
အခု ၃၁ နှစ် အရွယ်သာရှိသေးတဲ့ Yi-Ren Ng က မလေးရှားမှာ မွေးပြီး ၉နှစ်သား အရွယ်မှာ Australia ကိုပြောင်းရွေ့ အခြေချခဲ့တဲ့တယ်လို့ Wiki မှာ ဖေါ်ပြထားပါတယ်။ နောက် Stanford University ကနေ 2001 မှာ Bachelor of Science ဘွဲ့၊ 2001 မှာ Master ဘွဲ့၊ 2006 မှာ Ph. D ဘွဲ့ ရခဲ့ပါတယ်။
(1) ACM Doctoral Dissertation Award for best thesis in computer science and engineering
(2) Stanford University’s Arthur Samuel Award for Best Ph.D. Dissertation
ကျောက်တောင် တက်တာရယ် ဓါတ်ပုံရိုက်တာရယ်က သူ့ရဲ့ ၀ါသနာ။
သူ ဒီလို ကင်မရာကို ထွင်ဖို့ ဘယ်လို Idea ရလဲ ဆိုရင် တစ်နေ့ သူငယ်ချင်းရဲ့ ၅နှစ်သမီးကို ဓါတ်ပုံရိုက်ပေးတာ ရီနေတဲ့ ပုံရိုက်ဖို့ အကြာကြီး စောင့်ရိုက်ရတယ်။ ရပြန်တော့လဲ ၀ါးနေပြန်တယ်။ အဲဒီမှာ လောလောဆယ်ရိုက်ပြီး Focus ကို နောက်မှ လုပ်လို့ရရင် ကောင်းမှာပဲ လို့ စိတ်ကူးမိတယ် တဲ့။
အဲဒါနဲ့ ကျောင်းက Lab ထဲမှာ အဲဒီ အကြောင်းနဲ့ ပတ်သက်တဲ့ အရာတွေပဲ စိတ်ဝင်တစား လုပ်တော့တယ်တဲ့။ နံရံတစ်ဖက်လုံး ပြည့်နေတဲ့ Camera တွေနဲ့ Super Computer သုံးပြီး လုပ်ရတဲ့ Light Field research ကို ကျောင်းက ဆရာတွေနဲ့ ပေါင်းပြီး နောက်ဆုံးမှာ Camera အသေးထဲ ထည့်နိုင်အောင် Micro lens တွေနဲ့ Micro Processor ကို တီထွင်နိုင် ခဲ့တယ်။
အခုတော့ ငွေထုတ်ချေးတဲ့ သူတွေဆီက ဒေါ်လာ သန်း ၅၀ ချေးပြီး သူငယ်ချင်းတွေနဲ့ Lytro Company ကို ထောင်ခဲ့တယ်။
Ref. Links :
Lytro Gallery (I recommend you to visit this page and click it around on the pictures, you will be amazed)
Ren Ng’s Dissertation
Lytro Ad on youtube (Video) Lytro: Official on Youtube (Video)
Interview with Cnet (Video) First Look at Lytro Cnet (Video)
PC World review
Wiki
Money Lender K9 Venture
0 comments:
Post a Comment