Wednesday, May 16, 2012

Apple က Google Maps ကို ချန်လှပ်မည်

Tuesday, May 15, 2012| By: Eaint Than Zin 
Apple ကုမ္ပဏီရဲ့ မိုဘိုင်းဖုန်းစနစ်မှာ Google Maps စနစ်ကို ချန်လှပ်ထားမှာဖြစ်ပြီး iOS 6 လို့ခေါ်တဲ့ ကိုယ်ပိုင် တည် နေရာပြ စနစ်ကို အသုံးပြုတော့မှာလို့ ယခင်သတင်းပတ်ကုန်က ကြေညာလိုက်ပါတယ်။

Apple ရဲ့စနစ်က ပိုပြီး ရိုးရှင်း မြန်ဆန်၊ ယုံကြည်မှု ပိုရှိတယ်လို့ နည်းပညာ အင်တာနက်စာမျက်နှာကြီး တခုကနေ မကြာသေးခင်ကလည်း ဖော်ပြခဲ့ပါသေးတယ်။ Place base ၊ C3 Technologies နဲ့ Poly 9 ဆိုတဲ့ တည်နေရာပြ စနစ် တွေကို မကြာသေးခင် နှစ်အနည်းငယ်က စပြီး Apple က သုံးခဲ့တာပါ။

ဆွစ်ဇာလန် ကုမ္ပဏီတခုဆီက C3 Technologies နည်းပညာကနေ ယူထားတဲ့ iOS iPhoto Application ကို အသုံးပြုပြီး iPad နဲ့ iPhone တွေမှာ ဓာတ်ပုံတွေကို အမျိုးအစားအလိုက် သိမ်းပေးတဲ့ စနစ်တစ်ခုကို လွန်ခဲ့တဲ့ သတင်းပတ် အနည်း ငယ်ကပဲ မိတ်ဆက်ခဲ့ပါသေးတယ်။

လာမယ့် ဇွန်လ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဆန်ဖရန် စစ္စကိုမှာ ကျင်းပဖို့ရှိတဲ့ Apple ရဲ့ နှစ်ပတ်လည် Worldwide Developers ညီလာခံမှာလည်း ဒီနှစ်အတွက် အထူးကြေညာမှုအဖြစ် Apple မိုဘိုင်းရဲ့ ဆဌမမြောက် မျိုးဆက် iOS 6 ကို ပွဲထုတ်ဖို့ မျှော်လင့်ထားပါတယ်တဲ့။

0 comments:

Post a Comment