Saturday, May 12, 2012

ကလေး-တီးတိန် ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွား

11 May 2012| By Popular News
မေလ(၁၁)ရက်နေ့နံနက် ဆယ်နာရီခန့်က ကလေး-တီးတိန်ကားလမ်း တောင်ပေါ်လမ်းပိုင်းတွင် ခရီးသည်နှင့် ကုန်များတင်လာသော မှန်လုံကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ယာဉ်တွင်းခရီးသည် ၂၅ ဦးခန့်၊ အမိုးပေါ်စီးခရီးသည် ၈ ဦးခန့်နှင့် ကုန်များတင်ဆောင်လာသော အဆိုပါ ကားသည် တောင်ပေါ်လမ်းပိုင်း ကိုဖြတ်သန်းစဉ် ဘရိတ်ပေါက်ရာ၊ ယာဉ်မောင်းက လမ်းဘေးချောက် ထဲသို့ထိုးကြမည်စိုးရိမ်သဖြင့် တောင်နံရံဖက်သို့ ကားကို ဦးတည်လိုက်ခြင်းကြောင့် တောင်နံရံနှင့်တိုက်မိ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိမ်းမှောက်ခြင်းကြောင့် အမိုးပေါ်စီးခရီးသည် ၈ ဦးအပါအ၀င်၊ ခရီးသည်စုစုပေါင်း ၁၀ ဦးမျှ ဒဏ်ရာရရှိခဲ့ပြီး ယခုသော် တီးတိန်ဆေးရုံတွင် အရေးပေါ် လူနာများအဖြစ် ကုသပေးနေသည်။ သို့ရာတွင် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ခရီးသည်တစ်ဦး ကွယ်လွန်သွားခဲ့ပြီး၊ ကျန်ဒဏ်ရာရခရီးသည်များအနက် ၃ ဦးခန့်မှာလည်း စိုးရိမ်ရသော အခြေအနေရှိကြောင်းသိရသည်။

ထိုသို့ ယာဉ်တိမ်းမှောက်ခြင်းကြောင့် ကားလမ်းခေတ္တ ပိတ်ဆို့ခဲ့ပြီး၊ မွန်းလွဲ ၂ ရီခွဲခန့်တွင်မှ လမ်းပြန်ပွင့်ခဲ့ကြောင်းသိရသည်။ ဒဏ်ရာရခရီးသည်အများစုမှာ ထိုဒေသရှိ ကျောင်းဆရာ များဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment