Saturday, May 26, 2012

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်း ၆ခုမှ တိုက်ရိုက်ပျံသန်းခွင့် စောင့်နေ

26 May 2012  | By အဝိုင်အီး

မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းခွင့်ရရန် စောင့်ဆိုင်းနေသော   နိုင်ငံတကာ လေကြောင်းလိုင်းခြောက်လိုင်းအထိ ရှိနေပြီး အားလုံးနီးပါးမှာ ယခုနှစ် ကုန်ပိုင်းမှသာလျှင် စတင်ပျံသန်းပြေးဆွဲခြင်း ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ၁၅.၅. ၂၀၁၂ ရက်က သိရသည်။ ဂျပန်၊ကာတာ၊ ဟောင်ကောင်၊ သီရိလင်္ကာ၊ ဘင်္ဂလာဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံများမှ လေကြောင်းလိုင်းများသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့်ရရန် စောင့်ဆိုင်းနေကြပြီး အချို့မှာ အောက်တိုဘာလတွင် စတင်ပြေးဆွဲရန် အစီအစဉ် ရှိနေ ကြပြီဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲချင်နေတာ အများကြီးပါပဲ။ သူတို့တွေအားလုံး ခရီးစဉ်အသေးစိတ်အချက်အလက်တွေ ညှိနှိုင်းစောင့်ဆိုင်းနေကြပါတယ်"ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းသယ်ယူပို့ဆောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

အဆိုပါ ခြောက်လိုင်းတွင် All Nippon Airway နှင့် Qatar Airwayတို့မှာ အောက်တိုဘာလတွင် ပျံသန်းခွင့်ရရန် ကြိုတင်စီစဉ်နေကြောင်း သိရပြီး အခြားသော လိုင်းများမှာလည်း အခြေအနေ စောင်ကြည့်၍ အဆိုတင်သွင်းထားဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိအနေအထားအရ အဆိုပါ လေကြောင်းလိုင်းအားလုံးမှာ ယခုနှစ်ကုန်မှသာလျှင် စတင်ပျံသန်း ပြေးဆွဲ နိုင်ဖွယ်ရှိနေပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနေသော လေကြောင်းလိုင်း ၁၃လိုင်း ရှိနေသည်ဟု သိရကာ ထပ်မံလျှောက်ထားသော လိုင်းများမှာ Srilanka Airline ၊Bangladesh's Biman Airline၊ Hong Kong Express Airline ၊ Pakistan International Airline ၊ Japan All Nippon Airway နှင့် Qatar Air ways တို့ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment