
“ပါတီနှစ်ခု ပေါင်းခြင်းအားဖြင့် အင်အားပိုကောင်းလာမှာပေါ့။ အဲ့ဒီအတွက်လည်း ရည်မှန်းပါတယ်။ စနစ်တကျ အကူးအပြောင်းလေးတွေ လုပ်နေပါတယ်” ဟု CNP မှ ပူးဇမ်ကျင့်ပေါင် (ခေါ်) ဇိုဇမ်က ပြောသည်။
ပူးပေါင်းရန်အတွက် ပါတီနှစ်ခုစလုံးမှ ပူးပေါင်းကော်မတီများဖွဲ့ကာ သုံးကြိမ်ခန့် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်သည်။
ဒေသခံမဲဆန္ဒရှင်တွေဆီ ကွင်းဆင်းလေ့လာချက်အရ ပူးပေါင်းဖို့ စီစဉ်ရကြောင်းကိုလည်း “မဲဆန္ဒရှင်တွေဆီ ကွင်းဆင်း တဲ့ အခါကျတော့ ဘာဖြစ်လို့မပေါင်းကြသလဲ၊ ဘာဖြစ်လို့ တမျိုးစီ ဖြစ်နေတာလဲ။ မြို့နယ်တွေမှာ သူလည်းဝင်တယ်၊ ကိုယ်လည်းဝင်တယ် ဆိုတော့ ချင်းအမျိုးသားအချင်းချင်း တပါတီတည်းဖြစ်ရင် မကောင်းဘူးလားဆိုတဲ့ တင်ပြချက်တွေ ရှိတယ်။ အဲ့ဒါကြောင့် ပူးပေါင်းဖို့ စဉ်းစားပြီး အစီအစဉ်လုပ်နေကြတာ” ဟု CPP မှ ဦးလျံကျယ်က ပြောသည်။

ခေါင်းဆောင်မှုပိုင်းကိုမူ ဒီမိုကရေစီနည်းကျ ရွေးချယ်မှာ ဖြစ်သည်ဟုလည်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် CNP မှ ၉ ဦး အနိုင်ရရှိခဲ့ပြီး CPP ပါတီမှ ၁၂ ဦး အနိုင်ရရှိခဲ့ကြသည်။
No comments:
Post a Comment