Wednesday, May 2, 2012

တီဗွီ ကြည့်ချိန် လျော့ချပါက အသက်ပိုရှည်နိုင်

01 May 2012| By Angel Kids

တယ်လီဗေးရှင်း ကြည့်ရှုတာဟာ အပန်းဖြေနည်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အများကြီး တီဗွီကြည့်မယ် ဆိုရင်တော့ လူ့ဘဝမှာ နေရတဲ့သက်တမ်း တိုတောင်းသွား   နိုင်တယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ကြပါပြီ။

သြစတြေးလျ သုတေသနပညာရှင်တွေက အသက်(၂၅)နှစ်အထက် တီဗွီကြည့်ရှုသူ အရေအတွက် (၁၀၀၀၀) ကျော်ကို လေ့လာခဲ့ကြပါတယ်။ သူတို့ တွေ့ရှိခဲ့ကြတာကတော့ တစ်နေ့ကို ပျမ်းမျှ(၆)နာရီလောက် တီဗွီကြည့်တဲ့ သူတစ်ယောက် ဟာ တီဗွီမကြည့်တဲ့ သူတစ်ယောက်ထက် လူ့ဘဝ သက်တမ်း(၅) နှစ်လောက် ပိုပြီး တိုတယ်ဆိုတာပါပဲ။

တီဗွီကြည့်ချိန် များတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုတွေ နည်းလာမယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ တွေဖြစ်ဖို့ အခွင့်အလမ်းတွေလည်း များလာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

0 comments:

Post a Comment