မြန်မာနိုင်ငံ အနောက်ဖက်ဒေသ လေးမြို့တွင် တည်ဆောက်မည့် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း စတင်အကောင်အထည်ဖေါ်လာသည့်အမျှ ချင်းရွာများနှင့် ရခိုင် ကျေးရွာ ၁၀၀ နီးပါးခန့် ပြောင်းရွေ့ရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရသည်ဟု ဘီဘီစီသတင်းတွင် ဖေါ်ပြထားသည်။
လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းမှ မီဂါဝပ် ၅၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယခုတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ခဘွေချေ ကျေးရွာအနီး၌ စတင်အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်မည့် နေရာတချို့တွင် တရုတ်အင်္ဂျင်နီယာများနှင့် မြန်မာ အင်္ဂျင်နီယာများက မှတ်တိုင်များ စိုက်ထူနေပြီဖြစ်ကြောင်း၊ အလုပ်သမားများအတွက် နေရာထိုင်ခင်း အဆောက်အဦးတချို့ပါ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း နှင့် ၎င်းဒေသခံများအား နေရာပြောင်းရွေ့ကြရန် သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားနေကြောင်း ဒေသခံများက ဘီဘီစီကို ပြောသည်။

ယခုတည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း နေရာအပေါ်ပိုင်းနှင့် အောက်ပိုင်းရှိ ချင်းနှင့် ရခိုင်ကျေးရွာများ အကျုံးဝင်နေသည်။
၎င်းနေရာသို့ သွားရောက်လေ့လာခဲ့သူ မြောက်ဦးဒေသခံတဦးက အဆိုပါလေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းမှ ထုတ်ယူမည့် လျှပ်စစ်ဓါတ်အားများသည် ဒေသဖွံ့ဖြိုးရေးအတွက်မဟုတ်ပဲ ပြည်ပသို့တင်ပို့မည့် သတင်းတွေကြောင့် ဒေသခံရွာသားများက စိတ်ပူနေကြသည်ဟု ဘီဘီစီသို့ ပြောကြားခဲ့သည်။
Source: BBC
0 comments:
Post a Comment