16 May 2012|By Health Digest
ဟားဗတ်မှ သုတေသီများရဲ့ တွေ့ရှိချက်အရ သကြားပါသော အချိုရည်များ၊ ဆိုဒါကဲ့သို့ ကာဗွန် ထည့်သွင်းထားသော အချိုရည်နှင့် ကာဗွန် ထည့်သွင်းမထားသော အချိုရည်များ သောက်သုံးတဲ့ သူများဟာ နှလုံး တိုက်ခိုက်ခံရမှု အန္တရာယ် အခွင့်အလမ်း ပိုများကြောင်း သိရပါတယ်။
နေ့စဉ် သကြားအချို ပါတဲ့အချိုရည် တစ်မျိုး သောက်တဲ့ သူဟာ မသောက်ဘဲ ရှောင်ကြဉ် သူတွေထက် နှလုံးတိုက်ခိုက်ခံရမှု ၂၀ ရာခိုင်နှုန်း ပိုများကြောင်း The Journal Circulation မှာ ဖော်ပြခဲ့ပါတယ်။
သုတေသီတွေ တွေ့ရှိခဲ့တာက သကြားပါတဲ့ အချိုရည်တွေဟာ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ Inflammatory Factors များ ဥပမာ CRP(C-Reactive Protein) မြင့်တက်ခြင်းနှင့် ဆက်စပ်နေပြီး ၄င်း CRP ဟာ နှလုံးရောဂါ ဖြစ်ပွားမှုမှာ ပါဝင် ပတ်သက် နေပါတယ်။ ဒါဆိုရင် သကြားမပါတဲ့ သောက်စရာ တွေနဲ့ အစားထိုးမလား။ ဥပမာ- ရိုးရိုးသောက်ရေ၊ ရေနွေး ကြမ်း ၊ ကော်ဖီ(သကြားမပါ)စသဖြင့် ပေါ့။
No comments:
Post a Comment