06 May 2012| By SHADE Journal
ယခုနှစ်နေပြည်တော် Sky Net မဏ္ဍပ်မှာ သီချင်းဆိုခဲ့၊ ကခဲ့တဲ့ အကယ်ဒမီမေသန်းနုကို သင်္ကြန်မိုးရုပ်ရှင်မှာ ချစ်သူအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကိုဇင်ဝိုင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်သွားတဲ့အပေါ် ပီတိစကားကို အခု လိုပြောတယ်။ "အရမ်းဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဆင့်တို့နဲ့ ရုပ်ရှင်၊ ဗွီဒီယိုတွေအတူရိုက်ခဲ့တဲ့ အနုပညာမောင်နှမလည်းဖြစ်တယ်။ ကိုယ့်လောကသားထဲက လူတစ်ယောက်လည်းဖြစ်တဲ့အတွက် အရမ်းဝမ်းသာတာပေါ့နော်။
အလုပ်လုပ်လို့ လည်းပိုကောင်းလာမယ်ထင်ပါတယ်။. မဆင့်မြင်တာနောက် တစ်ခုက သူတို့မှာယုံကြည်မှုတွေအပြည့်ရှိတယ်။ ခံယူချက်လည်း ပိုကောင်း လာ မယ်ထင်ပါတယ်။ မဆင့်မြင်တာနောက်တစ်ခုက သူတို့ မှာ ယုံကြည်မှုတွေအပြည့်ရှိတယ်။ ခံယူချက်လည်းပြင်းတယ်။ ပြီးတော့ လုပ်ချင်တဲ့ စိတ်လည်း အပြည့်အဝရှိတယ်။ အဲဒီအတွက် မဆင့် တို့ကလည်း သူတို့ကိုယုံကြည်ပါတယ်"လို့ပြောခဲ့ပါတယ်။
မေသန်းနု တို့က နေပြည်တော်သင်္ကြန်မှ သမ္မတကြီး ဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ တယ်လို့သိရပါတယ်။ ယခင်အစိုးရလက် ထက်မှာ လည်း နိုင်ငံတော် အဆင့် လူ ကြီးများ နဲ့တွေ့ဆုံဖူးသူမို့ မဆင့်ရဲ့အမြင်ကိုမေးတဲ့အခါ"သမ္မတကြီးနဲ့ ပထမ ဦးဆုံးအကြိမ် အပြင်မှာတွေ့ဖြစ်တာပေါ့နော်။ သမ္မတကြီးရဲ့ဆက်ဆံရေးက အရမ်းကို မိသားစုလိုနွေးနွေးထွေးထွေး နဲ့ဖိတ်ခေါ်ပါတယ်။ အရင်ခေတ်က အကြီးအကဲတွေ နဲ့တွေ့ရတယ်ဆိုတာ နိုင်ငံတော်ပွဲ တွေမှာပဲတွေ့ရတာပါ။
အခု သမ္မတကြီးနဲ့တွေ့တာကတော့ သမ္မတအိမ်တော်မှာ အနုပညာရှင်တွေနဲ့ မိသားစုလိုတွေ့ပြီး စကားပြောခွင့် ရတာဆိုတော့ ခုနပြော သ လို နွေးနွေးထွေးထွေးရှိပါတယ်။ မတူဘူးပေါ့နော်။ ခုလိုသင်္ကြန်မှာလည်း မဆုံဖူးဘူးလေ"လို့ရှင်းပြပြီး ဒါရိုက် တာဗန်းကြီး၊ သရုပ်ဆောင် မောင်၊ မင်းဦး၊ မိုးယု စံတို့နဲ့အတူ "ကျွန်တော်ဖြစ်စေချင်သော အဖေ"လို့အမည်ပေးထားတဲ့ ဗီဒီယိုတစ် ကားရိုက်နေတယ်လို့ပြောပါတယ်။
မေလဆန်းမှာ အလှကုန်ပစ္စည်းတစ်ခုရဲ့တာဝန်ခံအဖြစ် ဂျပန် နိုင်ငံသို့သွားရောက်လေ့လာဖို့လည်းရှိပါသတဲ့။ ဇူလိုင်လမှာတော့ ကို ရန်အောင်နဲ့ အမေရိကား သွားမယ်ပြောပါတယ်။ ဇူးဇူးမောင်ပြန်မလာ ဘူးလားမေးတော့ အမေရိကားမှာကျောင်းတက်နေပြီ၊ ကလေးတော့ မရသေးဘူး လို့ ဖြေ သွားခဲ့ပါတယ်။
0 comments:
Post a Comment