Wednesday, May 23, 2012

မိဘ သဘောမတူသည့် ချစ်သူနှစ်ဦး ပိုးသတ်ဆေးသောက်

22 May 2012  |By အကျိုးဆောင်ဂျာနယ်

(၆-၅-၁၂) နေ့ ညနေ ၃ နာရီခန့်တွင် ကျိုက်ထော် ရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းအောင်နှင့် အဖွဲ့သည် ကျိုက်ထော် ဆေးရုံ၌ ပိုးသတ်ဆေး သောက်သော အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးသည်။

တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်နေ မျိုးမင်း အောင် (၁၉)နှစ်နှင့် ကော့မှူးမြို့နယ်၊ မဆယ်ဆိပ်ကျေးရွာနေ မယုနန္ဒာ တို့ဖြစ်ကြောင်း (၆-၅-၁၂) နေ့ နေမွန်းတည့်ချိန်၌ မယုနန္ဒာအိမ် တွင်ြွကက်သတ်ရန်အတွက် ဝယ် ထားသော ပိုလိုပိုးသတ်ဆေးပုလင်း သေး အပြည့်အား မယုနန္ဒာက ယူ လာခဲ့သည်။

ထို့နောက် နေအိမ် နောက်ဖေး တွင် မျိုးမင်းအောင်နှင့် မယုနန္ဒာတို့ နှစ်ဦး ချစ်ကြိုက်နေသည်ကို မိဘ များက သဘောမတူသဖြင့် ထိုဆေး အား တစ်ယောက် တစ်ဝက်စီ သောက် ခဲ့ပြီး နှစ်ယောက်စလုံး လဲကျနေ သည်ကို တွေ့ရသဖြင့် ဆေးရုံသို့ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသရသည်။
မိမိကိုယ်ကို သေကြောင်း ကြံစည်သူ မျိုးမင်းမောင်နှင့် မယု နန္ဒာတို့အား ကျိုက်ထော်ရဲစခန်း က (ပ) ၃၆/၁၂ ပုဒ်မ ၃၀၉ဖြင့် (၉-၅-၁၂) အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

0 comments:

Post a Comment