12 May 2012|By Good Health
တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်လို့ မခွဲနိုင်မခွာရက် ကြတဲ့အခါ ရှေ့ဆက်မယ့် အနာဂတ်လမ်းခရီးကို အတူတူဖြတ်သန်း လျှောက်လှမ်းကြမယ် ရည်မှန်းပြီး ဘဝတစ်ခုကို ထူထောင်ကြပါတယ်။ တစ်ဦးနဲ့ တစ်ဦးနားလည်မှုတွေ၊ စာနာမှုတွေ၊ ကြင်နာမှုတွေထုံမွမ်းပြီး သာယာတဲ့ အိမ်ထောင်ရေးကို ရယူပိုင်ဆိုင်ထားသူတွေ ရှိသလို စိတ်သဘောထားချင်းမတိုက်ဆိုင်ဘဲ စိတ်ထဲမှာအဖုအထစ်လေးတွေ ကိန်းအောင်းနေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဘယ်သူပဲဖြစ်နေပါစေ သာယာချမ်းမြေ့တဲ့ ဘဝလမ်းခရီးကိုသာ လျှောက်လှမ်းလိုကြပါတယ်။ တစ်ဦးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကျန်တစ်ဦးက ဖေးမလက်တွဲပြီး စာနာနားလည်စွာ ဖြေရှင်းကြမယ်ဆိုရင် ဖြောင့်ဖြူးသာယာတဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်နိုင်မှာ မလွဲပါ။ တစ်ဦးနဲ့တစ်ဦး မတူညီမှုတွေထဲမှာ အစားအစာနဲ့ပတ်သက်ပြီး အမူအကျင့်နဲ့ ကြိုက်နှစ်သက်တာတွေလည်း မတူညီတတ်ပါ။ ဘယ်လို ဆောင်ရွက်ရမလဲ သိနိုင်အောင် ဖြေရှင်းနည်းတွေကို ရေးသားလိုက်ပါတယ်။
ဗိုက်ဆာချိန် မတူခဲ့ရင်
သင်နဲ့ သင်အမျိုးသားက ဝမ်းချင်း မဆက်သလို ဗိုက်ဆာတာလည်း မတူနိုင် ပါဘူး။ သင်က ဗိုက်ဆာနေပေမယ့် သင့် အမျိုးသားက အလုပ်ကနေ ပြန်မလာ သေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အမျိုး သားနဲ့ ထမင်းလက်ဆုံအတူစားချင်တာ ကြောင့် အဆာပြေသရေစာ စားပြီး စောင့်နေတာမျိုးတွေ လုပ်တတ်ကြပါ တယ်။ ဒါဟာ ညစာအပြင် သရေစာကို ပါ စားမိစေပါတယ်။ တချို့လည်း သရေ စာ စားလိုက်တာကြောင့် ညစာ မစားနိုင် တော့တာမျိုးတွေလည်း ရှိတတ်ပါတယ်။
ဖြေရှင်းနည်း
ဒါကို ဖြေရှင်းဖို့အတွက် သင်ဟာ သင့်အမျိုးသားအလုပ်က ပြန်မလာခင် ဗိုက်ဆာနေခဲ့ရင် ပြန်ရောက်တဲ့အထိ စောင့်မနေပါနဲ့။ တစ်ယောက်တည်း အရင်စားလိုက်ပါ။ သင့်အမျိုးသား ထမင်းစားတဲ့အခါ ဘေးကထိုင်ရင်း သူနဲ့ အတူ စွပ်ပြုတ်ဖြစ်ဖြစ်၊ အသီးအရွက်သုပ် တစ်ခုခုဖြစ်ဖြစ်၊ သစ်သီးတစ်မျိုးမျိုးဖြစ် ဖြစ် အတူတူစားသုံးရင်း အဖော်ပြုပေး နိုင်ပါတယ်။ ညစာစားပြီးတဲ့အခါ တစ်နေ့ တာအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့တာ တွေ၊ အလုပ်ကိစ္စတွေကို စကားလက်ဆုံ ပြောရင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
အစားအသောက်တွေ အကြိုက်မတူခဲ့ရင်
ကျန်းမာရေးနဲ့ညီညွတ်စွာ ချက် ပြုတ်ထားတဲ့ သင့်လက်ရာတွေကို သင့် အမျိုးသားက ခံတွင်းမတွေ့ဖြစ်နေပါသ လား။ အများစုက ကျန်းမာရေးနဲ့ မညီ ညွတ်မှန်းသိပေမယ့် လျှာအလိုလိုက် အ ကြိုက်သာ စားတတ်ကြပါတယ်။ အိမ်မှာ ချက်တဲ့ဟင်းလျာတွေကို ခံတွင်းမတွေ့ တာကြောင့် အပြင်ထွက်စားတဲ့အခါ အသုံးစရိတ်အပိုတွေ ကုန်နိုင်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ အဆီတက်ပြီး ဝဖြိုးစေမယ့် အစားအစာတွေကို ပိုစားမိ စေပါတယ်။
ဖြေရှင်းနည်း
သင့်အမျိုးသားကို နားဝင်အောင်၊ လက်ခံကျင့်သုံးလာအောင် သေသေချာ ချာရှင်းပြဖို့ သင့်မှာ တာဝန်ရှိနေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအ သောက်တွေစားသုံးတာကြောင့် မိသားစု တွင်းမှာ ရောဂါဘယကင်းရှင်းပြီး ကျန်း မာရေးအတွက် ကုန်ကျမှုလည်း မရှိတော့ ကြောင့် အဲဒီငွေကို စုဆောင်းထားနိုင်ပါ တယ်။ ကြုံကြိုက်လို့ အပြင်ထွက်စား သောက်ကြတဲ့အခါမှာလည်း ကျန်းမာ ရေးနဲ့ညီညွတ်စွာ ချက်ပြုတ်ရောင်းချတဲ့ ဆိုင်မျိုးကိုသာ ရွေးချယ်စားသုံးပါ။
ဇီဇာကြောင်သူဖြစ်နေရင်
သင့်အမျိုးသားက အစားအ သောက် ရွေးချယ်လွန်းသူ၊ ဇီဇာကြောင် လွန်းသူတစ်ယောက်ဖြစ်ပြီး သင်က အ ချက်အပြုတ် ကျွမ်းကျင်ပိုင်နိုင်မှု မရှိခဲ့ရင် သင်တို့နှစ်ယောက်ကြားမှာ ဒါဟာ ပြဿ နာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။
ဖြေရှင်းနည်း
သင့်လက်ရာကို အကြိုက်မတွေ့တာ ကြောင့် သင့်အမျိုးသား အပြင်စာတွေ စားတာကို ပိတ်ပင်တားဆီးတာမျိုး မ လုပ်ဘဲ ကိုယ့်ဘက်ပါအောင် ဆွဲဆောင် စည်းရုံးပါ။ သင့်ယောကျာ်းကြိုက်တတ်တဲ့ ဟင်းလျာတွေကို သိရှိအောင် မေးမြန်း ထားပြီး ခံတွင်းတွေ့စေမယ့် ချက်နည်း ပြုတ်နည်းတွေကိုလည်း တတ်မြောက် အောင် သင်ယူထားဖို့ လိုပါတယ်။
အချစ်ကို မှန်မှန်ကန်ကန် မဖော်ပြတတ်ရင်
သင့်အမျိုးသားက အပြင်က ပြန် လာတိုင်းမှာ သင့်အတွက် မုန့်တစ်မျိုးမျိုး ဝယ်လာတတ်တဲ့အကျင့် ရှိနေပါသလား။ သင့်အမျိုးသား ဝယ်လာတဲ့အစားအစာ တွေက အချိုလွန်ကဲတာ၊ အဆီများတာ တွေ ဖြစ်နေတာကြောင့် သင်အကြိုက်မ တွေ့ပေမယ့် အမျိုးသားရဲ့ သတိတရဂရု စိုက်မှုကို သင့်အနေနဲ့ ငြင်းပယ်ဖို့ အခက် တွေ့တတ်ပါတယ်။
ဖြေရှင်းနည်း ကိုယ်အလေးချိန်တက်စေမယ့် အ စားအစာတွေဖြစ်တာကြောင့် ငြင်းပယ် မယ့်အစား တခြားနည်းနဲ့ ပြောင်းလဲ စည်းရုံးကြည့်ပါ။ အိမ်မှုကိစ္စတွေ ဝိုင်းကူ လုပ်ပေးတာ၊ ကလေးထိန်းပေးတာ၊ အား လပ်ချိန်မှာ မိသားစုနဲ့အတူ အပန်းဖြေ တာနဲ့ အားကစားအတူလုပ်တာတွေ ပြု လုပ်ပြီးလည်း ချစ်ခင်ကြောင်း သက်သေ ပြနိုင်တယ်ဆိုတာ ပြောပြပါ။ သင်ကြိုက် နှစ်သက်ရာတွေကို ကြိုတင်ပြောပြထား တာကိုလည်း ပြုလုပ်နိုင်ပါတယ်။
0 comments:
Post a Comment