19 May 2012 |By Good Health
၁။ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသခြင်းဟာ ကိုလက်စထရောပမာဏ လျော့ကျစေနိုင်တယ်
လေ့လာချက်တစ်ခုအရ ကိုလက်စထရော ပမာဏမြင့်တက်နေသူလူတစ်စုကို သူတို့ချစ်တဲ့၊ ခင်တဲ့သူတွေအကြောင်း တစ်ပတ်ကို သုံးကြိမ်လောက် ရေးခိုင်း ကြည့်ရာမှာ အဲဒီလို မရေးတဲ့ တခြားလူ တစ်စုထက် ကိုလက်စထရောပမာဏ ပိုပြီးလျော့ကျ လာတာ တွေ့ရပါတယ်။ အကြောင်းရင်းကို သေချာမသိရ သေးပေမယ့် ဖြစ်နိုင်ခြေရှိတာကတော့ ကိုလက်စထရော ပမာဏ ဟာ စိတ်ဖိစီးမှု ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Glucocorticoid ကြောင့် မြင့်တက်တတ်တာကြောင့်ပါ။ ဒါကြောင့် ချစ်တဲ့သူအကြောင်း တွေးကာ၊ ရေးကာ စတိ ဖ် စီး မှေု လျှာချ့ခြင်း ဖြင့် ကလို ကစ် ထရော ပမာဏ ကို လျော့ကျစေနိုင်ပါတယ်။
၂။ သဘောကောင်းခြင်းက သွေးလွှတ်ကြောနံရံမာ ကျောခြင်း(Arteriosclerosis) ကို ကာကွယ်ပေး တယ်
ဒေါသထွက်ခြင်းက သွေးလွှတ်ကြောတွေကို မာကျောစေပေမယ့် ကောင်းမှုကုသိုလ်တွေ လုပ်ပေး ရင်တော့ သွေးကြောကျဉ်းရောဂါကို ကာကွယ်ပေး ပါတယ်။ သဘောကောင်းခြင်း၊ ကြင်နာတတ်ခြင်းဟာ အောက်ဆီတိုစင် ဟော်မုန်းထွက်ရှိစေကာ အဲဒီ ဟော်မုန်းက သွေးကြောမာကျောစေပြီး ရောင်ရမ်းမှု ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်ရှိမှုကို လျှော့ ချပေးပါတယ်။ အထူးသဖြင့် ကိုယ်ရဲ့ ကူညီမှုကို တစ်ဖက်လူက ကျေးဇူးတင်တဲ့အကြည့်၊ အပြုံးနဲ့ပြန် လည် တုံ့ပြန်ပါက အောက်ဆီတိုစင် ပိုပြီးထွက်ရှိ ပါတယ်။ ဒါကြောင့် ဒီနေ့မှာ တစ်ယောက်ယောက် ကို ကူညီကြည့်ပါ။
၃။ စိတ်ဖိစီးမှုက ဓမ္မတာမတိုင်မီ ဖြစ်ပေါ်တဲ့ လက္ခဏာ တွေကို ပိုဆိုးစေတယ်
စိတ်ဖိစီးမှုများခြင်းက ဓမ္မတာမတိုင်မီဖြစ်ပေါ် တဲ့ လက္ခဏာတွေကို ဖြစ်စေတဲ့ Prostaglandin ဟော်မုန်းထွက်ရှိမှုကို များစေပါတယ်။ လေ့လာချက် တစ်ခုအရ များများ စိတ်ဖိစီးတတ်တဲ့ အမျိုးသမီး တေဟွာ စတိ ဖ် စီး မှု သပိ မ် ဖြစတ် အဲ့ မျိုး သမီး တေထွ က် စာရင် ဓမ္မတာလာစဉ်မှာ ကိုက်ခဲနာကျင်မှုတွေ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။
၎။ ဒေါသထွက်ခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေတယ်
နောက်တစ်ခါ စိတ်ဖိစီးမှုတွေ များပြီး တင်းကျပ် လာရင် ပေါက်ကွဲလိုက်ပါ။ ဒေါသထွက်ခြင်းက ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းဆီ သွေးများများ ရောက်ရှိစေပါတယ်။ အဲဒီအခါ ဒီအခြမ်းကနေ ပျော်ရွှင်စေတဲ့ ခံစားမှုဖြစ်ပေါ်စေတာကြောင့် စိတ် သက်သာရာရရှိသွားနိုင်ပါတယ်။ ဒေါသတွေကို မျိုချပြီး ဘာမှမဖြစ်သလို နေနေ သူတွေဟာ ဒေါသထွက်စရာရှိ ထွက်တဲ့သူတွေထက် သွေးဖိအား ပိုတက်နေသလို စိတ်ဖိစီးမှုဟော်မုန်း တွေလည်း ပိုပြီးများများ ထွက်ရှိပါတယ်။ ဒါပေမဲ့ သတိထားရမှာက အကယ်၍ အလုပ်မှာ ဒေါသထွက်စရာကြုံပါက အလုပ်ရှင်သူဌေးကို ဒေါသပေါက်ကွဲကာ အော်ဟစ်မယ့်အစား လူကွယ် ရာတစ်နေရာမှာ တစ်ယောက်တည်းပေါက်ကွဲတာ က သင့်ကို ထိခိုက်မှုပိုနည်းစေမယ်ဆိုတာကိုပါပဲ။
၅။ ဒေါသထွက်လွန်းရင်လည်း သွားဖုံးကို ထိခိုက်စေ နိုင်ပါတယ်
တစ်ခါတလေမှာ ဒေါသပေါက်ကွဲတာ ကောင်း ပေမယ့် တစ်ချိန်လုံးစိတ်တိုဒေါသထွက်နေရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အထူးသဖြင့် သွားဖုံးရောဂါတွေဖြစ်တတ်ပါတယ်။ လေ့လာချက် တစ်ခုအရ ဦးစိတ်တိုတွေဟာ ကိုအေးဆေးတွေ ထက်စာရင် သွားဖုံးရောဂါဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဒေါသထွက်စဉ်မှာ ထွက်ရှိတဲ့ အင်ဆူလင်တွေကြောင့်ဖြစ်ဖို့ များပါတယ်။ အင်ဆူလင်ပမာဏများခြင်းက သွားဖုံးရောဂါနဲ့ အလွန်ဆက်စပ်မှုရှိနေလို့ပါ။ ဒေါသကို ထနိး ချုပခ်ျငပ်ါက ဒေါသထကွ ခ်ါနီး မှာ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်တော့မယ်ဆိုတာ သတိ ထားမိအောင် လုပ်ကာ အာရုံလွှဲတဲ့အနေနဲ့ စားပွဲကို လက်နဲ့ခေါက်နေလိုက်ပါ။ အဲဒီအခါ အာရုံလွဲသွားပြီး စိတ်ပြန်လည်တည်ငြိမ်လာပါလိမ့်မယ်။
၆။ အဆိုးမြင်ခြင်းက ဆေးဝါးအစွမ်း လျော့စေတယ်
အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခု အရ လူတစ်စုကို နာကျင်မှုသက်သာဆေးမပေးဘဲ၊ လျှို့ဝှက်စွာပေးအပြီး၊ ပေးထားတယ်လို့ ပြောအပြီးနဲ့ ဆေးပေးထားပေမယ့် မပေးဘူးလို့ ပြောထားတဲ့ အခြေအနေလေးမျိုးမှာ နာကျင်အောင် ပြုလုပ်စမ်း သပ်ခဲ့ပါတယ်။ အဲဒီအခါ ဆေးပေးထားပေမယ့် မပေးဘူးလို့ ပြောထားတဲ့အခြေအနေနဲ့ ဆေး တကယ်မပေးထားတဲ့ အခြေအနေနှစ်မျိုးစလုံးမှာ နာကျင်မှုဝေဒနာခံစားရတဲ့ ပမာဏတူညီတာ တွေ့ရ ပါတယ်။ ဆေးပေးထားပြီး ဆေးပေးထားတယ်လို့ ပြောတဲ့အခြေအနေမှာတော့ နာကျင်မှုဝေဒနာ တစ် ဝက်လောက် လျော့နည်းတာကို တွေ့ရပါတယ်။ ဒီလေ့လာတွေ့ရှိချက်အရ ဆေးပေးထားပေမယ့် ဆေးပေးထားမှန်းမသိဘဲ နာကျင်တော့မယ်လို့ မျှော်မှန်းထားပါက ဆေးအာနိသင်မပြတော့ကာ တကယ်စိတ်ထင်တဲ့အတိုင်း နာကျင်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆေးတွေကို ရောဂါပျောက်ကင်းမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ သောက်သုံးပါမှ ဆေးတွေဟာ တကယ်ပဲ အစွမ်းပြပြီး အာနိသင် ထက်လာမှာပါ။
၇။ စိုးရိမ်ပူပင်ခြင်းက ကားမောင်းစွမ်းရည်ကို ထိခိုက် စေတယ်
စိုးရိမ်ပူပင်စိတ်က သင့်ကို လေးလံသွားစေကာ တုံ့ပြန်မှုကို နှေးကွေးစေသလို ဖုန်းပြောရင်း ကား မောင်းတာကဲ့သို့ သင်ရဲ့ကားမောင်းမှုကို အနှောင့် အယှက်ပေးပါတယ်။ စိုးရိမ်ပူပင်မှုဟာ တွေဝေ စေတာကြောင့် အာရုံစူးစိုက်မှုကို လျော့နည်းစေပါ တယ။် ဒါကြောင့် ကားမောင်း ရင်း အာရမုံ များအောင် ဂရုစိုက်ပါ။ အလုပ်ကြောင့် စိတ်ရှုပ်နေရ၊ ပူပင်စိတ် တွေဖြစ်ပေါ်နေရပါက ကားမမောင်းခင် ၁၀ မိနစ် လောက် အပြင်မှာ စိတ်တည်ငြိမ်အောင် အရင်ကြိုး စားပါ။ စိတ်တည်ငြိမ်အေးဆေးမှ ကားမောင်းသင့် ပါတယ်။
၈။ ချစ်ခြင်းက ဦးနှောက်ကို ကျန်းမာစေတယ်
လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ဦးနှောက် ရဲ့ အပိုင်း ၁၂ ပိုင်းက အလုပ်လုပ်ရပါတယ်။ အဲဒီ အပိုင်းတွေကနေ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ ဓာတု ပစ္စည်းတွေအပြင် အာရုံကြောကလာပ်စည်းတွေ ဆက်သွယ်မှုကို ခိုင်မြဲရာမှာ ပါဝင်ကူညီပေးတဲ့ အာရုံကြော ကြီးထွားမှုပစ္စည်းလို့ခေါ်တဲ့ ဓာတ်တွေ ကိုပါ လွှင့်ထုတ်ပေးပါတယ်။ ဒါကြောင့်လည်း ဦးခေါင်းကနေ နာကျင်မှုဝေဒနာခံစားရမှု လျော့ နည်းသွားတာပဲဖြစ်ပါတယ်။
၉။ ပျင်းရိခြင်းက သေစေနိုင်တယ်
ပျင်းလွန်းလို့ သေတောင် သေသွားနိုင်တယ်ဆို တာ အမှန်ပါပဲ။ သုတေသနပြုချက်တွေအရ အပျင်း ထူသူတွေဟာ တက်ြွကသူတွေထက်စာရင် နောင် နှစ် ၂၀ အတွင်း သေနိုင်နှုန်း နှစ်ကြိမ်နဲ့ တစ်ဝက် ပရိှုေ နတာကို တွေ့ ရပါတယ။် ပျင်း ရြိခင်း နဲ့ သေဆုံး မှု က တိုက်ရိုက်ဆက်စပ်မနေပေမယ့် သေဆုံးမှုဖြစ် ပေါ်စေတဲ့ တခြားအချက်တွေရဲ့အစလို့ ပြောလို့ ရပါ တယ်။ ပြောရမယ်ဆိုရင် လူတွေဟာ ပျင်းရင် ဆေး လိပ်၊ အရက်သောက်ကာ၊ ကွမ်းစားကာ၊ အိပ်ရာထဲ တစ်ချိန်လုံးလှဲကာ၊ တီဗီရှေ့တစ်နေကုန် ထိုင်ကြည့် ကာ အချိန်ဖြုန်းတတ်ကြပါတယ်။ အဲဒီအခါ ကျန်းမာ ရေးကို ထိခိုက်လာစေတာကြောင့် အသက်ရှည်ရှည် မနေနိုင်တော့တာပဲဖြစ်ပါတယ်။
၁၀။ ခွင့်လွှတ်ခြင်းက နာကျင်မှုကို သက်သာစေ နိုင်တယ်
ခွင့်လွှတ်နိုင်သမျှ ခွင့်လွှတ်လိုက်ပါ။ ခွင့်လွှတ်ခြင်းက ခါးနာခြင်းကဲ့သို့ နာတာ ရှည်ရောဂါတွေကို လျော့နည်းသက်သာ စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ နာကျင်မှုကို တခြား သူတွေကြောင့်လို့ စွပ်စွဲတတ်ပါတယ်။ ဥပမာအားဖြင့် ဆရာဝန်တွေ ကုတာ မတော်လို့၊ ဒါမှမဟုတ် မတော်တဆ ထိခိုက်စေခဲ့သူကြောင့်လို့ စသဖြင့် စွပ်စွဲ ကာ ဒေါသထွက်တတ်ကြပါတယ်။ ဒေါသ နဲ့ မကျေမချမ်းမှုတို့က နာကျင်မှုကို ကုသရာမှာ ခက်ခဲစေပါတယ်။ အဲဒီအ စား ခွင့်လွှတ်သည်းခံစိတ် မွေးလိုက်ပါက ခန္ဓာကိုယ်ရဲ့ သဘာဝနာကျင်မှု သက် သာစေတဲ့ဓာတ်ဖြစ်တဲ့ အန်ဒိုဖင်းဟော် မုန်းတွေ ထွက်ရှိလာစေပါတယ်။
၁၁။ အကောင်းမြင်ခြင်းက ပဋိပစ္စည်းတွေ များစေနိုင်တယ်
တုပ်ကွေးကာကွယ်ဆေး ထိုးထား တဲ့လူတွေရဲ့ တုံ့ပြန်မှုကို လေ့လာကြည့် တဲ့အခါ အကောင်းမြင်စိတ်အရှိဆုံးသူ တွေဟာ ပဋိပစ္စည်းတွေ အများဆုံး ထွက် ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် အ ကောင်းမြင်ခြင်းက ကိုယ်ခံစွမ်းအားတိုး စေနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါ တယ်။ အကောင်းမြင်တတ်သူဖြစ်အောင် သင့်ဘဝမှာရှိတဲ့ ကောင်းတဲ့အရာတွေကို နေ့စဉ်တွေးကြည့်ပါ။ နောက်ပိုင်းမှာ အ ကျင့်ပါပြီး အကောင်းဘက်က မြင်တတ် တဲ့သူဖြစ်လာမှာပါ။
၁၂။ ငြင်းခုံမှုတွေကို ရှောင်ခြင်းက အာ ဟာရတိုးစေနိုင်တယ်
ဂျာမန်နိုင်ငံသား သုတေသနပညာ ရှင်တွေဟာ အစမ်းသပ်ခံသူတွေကို ငြင်း ခုံမှု မတိုင်မီနဲ့ ငြင်းခုံအပြီးမှာ သူတို့ရဲ့ ခန္ဓာကိုယ်ရှိ ဗီတာမင်စီပမာဏကို တိုင်း ကြည့်တဲ့အခါ မိနစ် ၂၀ ကြာ ငြင်းခုံမှုက ဗီတာမင် စီ ၃၀ဝ မီလီဂရမ် လျော့ကျစေ ကြောင်း တွေ့ရှိရပါတယ်။ အက်ဒရီနယ် ဂလင်းက စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ် ရာမှာ ဗီတာမင်စီရဲ့ အကူအညီကို ယူကြ ရပါတယ်။ ဒါကြောင့် ငြင်းခုံတဲ့အခါ စိတ် ဖိစီးတာကြောင့် ဗီတာမင်စီများစွာ အ သုံးပြုရခြင်း ဖြစ်ပါတယ်။ ဗီတာမင်ဘီ အထူးသဖြင့် ဗီတာ မင် ဘီ ၅ ကလည်း စိတ်ဖိစီးမှုဟော်မုန်း ထွက်ရှိရာမှာ ပါဝင်တာကြောင့် စိတ်ဖိစီး ပါက ဗီတာမင် ဘီနဲ့ ဗီတာမင် စီ ပါရှိတဲ့ အားဆေးတွေ သောက်သုံးသင့်ပါတယ်။
0 comments:
Post a Comment