16 May 2012 |By ENVOY
ပြည်တွင်းတွင် ပြည်ပ ပညာသင်တက်ရောက်လိုသူ များပြားလာသည် နှင့်အညီ ပြင်ပမှကျောင်းများကို မိတ်ဆက်ရာတွင်လည်း ဘာသာရပ်ဆိုင်ရာများနှင့် အတူ ပညာသင်ဆု ပေးသည်ဆိုသည့် ကြေညာချက်များဖြင့် ကျောင်းသားအများစုကို ဆွဲဆောင်ကြကြောင်း အချို့ကျောင်းသားများက ပညာသင်ဆု ပေးသည်ဆိုသော်လည်း ရာခိုင်နှုန်းအရနည်းပါးပြီး ပညာသင်ဆုအပြည့်အဝ ပေးခြင်းထက် ကျောင်းလခ လျှော့ပေါ့ပေးခြင်း၊ ချေးငွေဖြင့် ကျောင်းတက် နိုင်ခြင်း တို့ဖြစ်ကြောင်း ကျောင်းရွေးချယ်ရာတွင်လည်း အချို့ကျောင်း များမှာဘာသာရပ်မျိုးစုံ သင်ယူနိုင်သော်လည်း ကိုယ်တက်ရောက် လိုသည့် ဘာသာရပ် အလိုက်နှင့် ကိုက်ညီသည့်ကျောင်းများကို ရွေးချယ် ရန်လိုအပ်ပြီး သင်ကြားရေးတွင် ကွာခြားသွားနိုင်ကြောင်းလည်း နိုင်ငံတကာ ပညာရေး လေ့လာသူ တစ်ဦးက ပြောကြားသည်။
ပညာသင်ဆု လျှောက်ထားခဲ့ပြီး ကျောင်းမှပညာသင်ဆုကို ၆၀ ရာခိုင်နှုန်းပေးသောကြောင့် တက်ရောက်ရန် စိတ်ကူးသော်လည်း ကျန်လေးဆယ် ရာခိုင်နှုန်းမှာများ ပြားလွန်းနေသောကြောင့် မတက်ရောက်နိုင်ခဲ့ကြောင်း ပညာသင်ဆု အပြည့်အဝရရှိသည့် အခြားနိုင်ငံရှိ ကျောင်းတစ်ခုကိုသာ ပြောင်းလဲတက်ခဲ့ရကြောင်း ထိုင်းနိုင်ငံတွင် မဟာဘွဲ့ တက်ရောက်နေသူတစ်ဦး က ပြောကြားသည်။
ထို့ကြောင့် ကျောင်းမတက်ရောက်မီကပင် တက်ရောက်လိုသည့် ကျောင်းနှင့် ပညာသင်ဆုပေးပါက မည်သည့်ပုံစံဖြင့် လျှောက်ထားရမည်ကို ကျွမ်းကျင်သူများနှင့် မှန်ကန်သည့် ပညာရေးအကျိုးဆောင်များ ကို စုံစမ်းမေးမြန်းရန်လိုအပ်သကဲ့သို့ ကျောင်း၏တရားဝင် Website သို့ဝင်ရောက်ကြည့်ရှုရန် လိုအပ်ကြောင်း နိုင်ငံတကာပညာရေးကျွမ်း ကျင်သူများက အကြံပြုသည်။
နိုင်ငံတကာမှ ကျောင်းသားများအား ကျောင်းသတင်းအချက် အလက်များ မှန်ကန်စွာ ရရှိနိုင်ရန် အတွက် Advertising Code ဥပဒေ သစ်တစ်ခုကို စင်ကာပူပညာရေး ကောင်စီ (CPE) မှထုတ်ပြန်ခဲ့ကာ ကျောင်း၏သတင်းအချက်အလက် များကို ပိုမိုချဲ့ကားကာ မှားယွင်း ကြော်ငြာပါက ငွေဒဏ်နှင့်ထောင် ဒဏ်များကို ပြစ်ဒဏ်ပေးအပ်သွား မည်ဖြစ်ကြောင်း စင်ကာပူပညာ ရေးကောင်စီက ထုတ်ပြန်ကြေငြာ ထားသည်။
0 comments:
Post a Comment