![]() |
နယူးယောက်မြို့ အီလက်ထရွန်နစ် စတော့ဈေးကွက် NASDAQ ၏ ကြာသပတေးနေ့ မြင်ကွင်း (ဓာတ်ပုံ - Getty |
ရှယ်ယာ အများအပြား ထုတ်ရောင်းနေသဖြင့် Facebook က အမြတ်အများအပြား ရရှိနေသည်။ ထို့အပြင် ယခင်ကတည်းက ရှယ်ယာပိုင်ထားသူများ၏ ပိုင်ဆိုင်မှုများလည်း တိုးပွားလာသည်။
Facebook ၏ ရှယ်ယာတန်ဘိုး ဒေါ်လာ ဘီလျံ ၁၀၀ ကျော်သွားပြီဖြစ်ရာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများ ဖြစ်သည့် Amazon.com, Disney နှင့် Kraft တို့ထက် သာလွန်သွားပြီဖြစ်သည်။
စိတ်ဝင်စားသူများ ရှယ်ယာ ၀ယ်ယူနိုင်ရန် ရှယ်ယာများ ပိုမိုဖန်တီးပြီး ရောင်းချမည်ဟု မကြာသေးမီက ထုတ်ပြန်ကြေညာစဉ် ဒေါ်လာ ၇၅ ဘီလျံသာ ရှိသေးသည်။
လွန်ခဲ့သည့် ၈ နှစ်က စတင် ထူထောင်စဉ် Facebook တွင် ၀င်ငွေ မရှိခဲ့သော်လည်း ကမ္ဘာတလွှား Facebook အသုံးပြုသူ အဆမတန် များပြားလာသည်နှင့်အမျှ ကြော်ငြာလုပ်ငန်းမှ ၀င်ငွေများ ဒလဟော ရလာသည်။
ယခု Facebook သုံးစွဲသူ သန်းပေါင်း ၉၀၀ ရှိနေသဖြင့် ကမ္ဘာ့အကြီးဆုံး အင်တာနက်လူမှုကွန်ရက် ဖြစ်လာသည်။
ပြီးခဲ့သည့် တနင်္လာနေ့က အသက် ၂၈ နှစ် ပြည့်သွားပြီဖြစ်သော Facebook ၏ အမှုဆောင်အရာရှိချုပ် Zuckerberg ကလည်း သူပိုင်ဆိုင်သည့် အစုရှယ်ယာတချို့ကို ထုတ်ရောင်းမည်ဟု ဆိုသည်။
Zuckerberg က သူပိုင်သည့် ရှယ်ယာပေါင်း ဒေါ်လာ သန်း ၃၀ ဖိုးခန့် ထုတ်ရောင်းရန် အသင့်ဖြစ်နေသော်လည်း Facebook ၏ အစုရှယ်ယာ အများဆုံးကို ပိုင်ဆိုင်သူဖြစ်နေဦးမည်ဟု အင်တာနက်သတင်းများက ဆိုသည်။
အင်တာနက်တွင် သြဇာအရှိန်အ၀ါ ကြီးမားလှသော Google က စတော့ ရှယ်ယာ ဈေးကွက်တွင် ၂၀၀၆ ခုနှစ် ကတည်းက ရောက်ရှိနေခဲ့ပြီးဖြစ်သည်။

ကမ္ဘာကို သိမ်းပိုက်တော့မည့် Facebook
ကာတွန်း - Stephff
ညွှန်း - မိုးမခ http://moemaka.com/
No comments:
Post a Comment