Monday, May 21, 2012

ဇိုမီးအမျိုးသားကွန်ဂရက်( ZNC)၏ အသိပေးကြောငြာချက်


           ပည်တွင်းပြည်ပမှာရောက်ရှိနေကြတဲ့ ဇိုးမီးအမျိုးသား ညီအကိုမောင်နှမများခင်ဗျား
          ဇိုမီးအမျိုးသားကွန်ဂရက်( ZNC)မှအာက်ပါအတိုင်းအသိပေးကြောငြာလိုက်သည်။

၁။ ဇိုမီးအမျိုးသားကွန်ဂရက်အမည်ဖြင့် ပါတီအသစ်တရပ် တည်ထောင်လိုကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်သို့ ပါတီတည်ထောင်ခွင့်ပြုရန် ဖေဖော်ဝါရီလ ၊ ၈ရက်နေ့က အသိပေးလျှောက်ထားခဲ့ပါသည်။

၂။ ဇိုမီးအမျိုးသားဆိုသည့်အမည်နာမ၊ ဇိုမီးအမျိုးသားဆိုသည် တိုင်းရင်းသားမျိုးနွယ်စုသည် တိုင်းရင်းသားမျိုးနွယ်စု (၁၃၅)မျိုးတွင်ဖြစ်စေ။ အသစ်ပြန်လည်ပြုစုခဲ့သည်တိုင်းရင်းသားမျိုးနွယ် စု(၁၀၁)တွင်ဖြစ်စေပါဝင်နေခြင်းမရှိသ ဖြင့် ပါတီတည်ထောင်ခွင့်မပြုနိုင်ပါ။ တခြားအမည်နာမဖြင့် ပုံစံ (က)အတိုင်း ပြန်လည်လျှောက်ထားပါရန် ကော်မရှင်မှ စာအမှတ် ၄/ နုငရ-မ၀တ(၁)/ကမရ အရအကြောင်းပြန်ကြားခဲ့ပါသည်။

၃။ ဇိုမီးအမျိုးသားကွန်ဂရက်မှ အတွင်းရေးမူး ပူဂင့်ကမ်းလျန်း ( Pu Gin Kam Lian) အမည်ဖြင့်
 (က) ဇိုမီးအမျိုးသားကွန်ဂရက်အမည်ဖြင့်သာ ပါတီတည်ထောင်ခွင့်   ပြုစေလိုသည်။ တော်လှန်ရေးကာက၊ အောက်တိုဘာ လ၊ ၂၄ ရက်နေ့၊ ၁၉၈၉ ခုနှစ်တွင်လည်း ယခုလျှောက်ထားသည် ဇိုမီးအမျိုးသားကွန်ဂရက်အမည်နာမဖြင့်ပင် ပါတီတည်ထောင်ခွင့်ပြုခဲ့ကြောင်း၊တည်ထောင်ခွင့်အမှတ်Reg.No-30 ဖြစ်ကြောင်း။ တည်ထောင်ခွင့်ပြုခဲ့သည် စာရွက်စာတမ်းမိတူနှင့် တကွ ပြန်လည်တင်ပြခဲ့သည်။

 (ခ) ထို့သို့တည်ထောင်ခွင့်ပြုခဲ့သည့်အတွက်ကြောင့် ပါတီ၏လှုပ်ရှားမူအတွက် မြန်မာ့ရုပ် မြင်သံကြား MRTV မှတဆင့်  ၁၅ မိနစ်စာမိန်ခွန်းပြောကြားခွင့်ရရှိခဲ့ကြောင်း။ ထိုအချိန်ကာလက ပါတီ ဥကဌမှယခုလို မိန့်ခွန်းပြော ကြားခဲ့ပါသည်ဟုဆိုကာWorking People’s Daily (လုပ်သားပြည်သူနေ့စဉ် သတင်းစာ) မတ်လ၊ ၂၃၊၁၉၉၀ နေ့ထုတ်သတင်းစာမှ ပါတီ ဥကဌ၏မိန်းခွန်းရေးသားပုံနှိပ်ထားချက် ကိုမိတူနှင်တကွ ပေးပို့ခဲ့ပါသည်။

(ဂ) ဇိုးမီးအမျိုးသားဆိုသည်အမည်နာမသည် လူမျိုးတမျိုး၏ အမည်နာမအဖြစ်တည်ရှိပီးသားဆိုသည့်အကြောင်း သက်သေအနေဖြင့် ယနေအချိန်ကလာတွင်ပင်ချင်းပြည်နယ်(zogam)တွင် ZBC, ZBCM, ZYA ဆိုသည့်အဖွဲ့ အစည်းအမည်းများဖွဲ့စည်းတည်ရှိနေပြီးသားဖြစ်သည်။ဟုလည်းကောင်း။

(ဃ) အာဏာသိမ်းစစ်အစိုးရမှ ဦးဆောင်ကျင်းပခဲ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အမတ်(၄)နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂)နေရာအနိုင်ရကာ၊ ၅၀% ဖြင့်ကျနော်တို့ပါတီမှအနိုင်ရရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့်ဇီုမီးဆိုသောအမည်နာမ သည်အမှန်တကယ်တည်ရှိခဲ့၊ တည်ရှိနေသော အမည်နာမတခုဖြစ်ကြောင်းအထင်အရှားသိမြင်နိုင်သည်။
ဟု၎င်း

(င)ဇိုမီးဆိုသည့်အမျိုးသားအမည်နာမသည် အမှန်ပင်တည်ရှိနေသည့်အမည်နာမတခုဖြစ်သည်။
ထိုတိုင်းရင်း ၁၃၅ မျိုးနှင် အသစ်ပြန်လည်ပြုစုထားသည်ဟုဆိုခဲ့သော(၁၀၁)မျိုးဆိုသည်တို့သည် ကျနော်တို့ဇိုမီး အမျိုးသားများ အား အသိပေး အကြောင်းကြားခြင်းမရှိ၊ ကျနော်တို့အမျိုးသားများမှ တစုံတရာသိရှိထားခြင်းမရှိပဲ ပြုစုထားသည့့် စား ရင်းဇယား မျှသာဖြစ်သည်။

ကျနော်တို့ပြည်နယ်တွင် မျိုးနွယ်စုထိုမျှလောက် များပြားခြင်းမရှိခဲ့ဘူးပဲ၊ Behဟုခေါ်သည့် မိသားစုနာမည် ( Family Name) ကိုဘိုးစဉ်ဘောင်ဆက်ခေါ်ဆိုလာမူသာရှိခဲ့ဘူးသည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ကျနော်တို့ ဇိုမီးအမျိုးသားများအပေါ် ခွဲခြားအုပ်ချုပ်မူ ပေါ်လစီအရ ထိုမျိုးနွယ် စုနာမည်မဟုတ်ပဲ ထိုကဲ့သို့သော မိ သားစုနာမည်အများအပြားကို ဖန်တီးခဲ့ဘူးသည်။

ထိုဖန်တီးမူများကို အတည်ပြုသည့် လူထု ဆနွကောက်ခံမူမျိုး လည်း မည်သည့်အချိန်ကမျှမလုပ်ခဲ့ဘူးပါ။
ထိုကြောင့် ဆိုထားသည့်ထိုမျိုးနွယ်စု (၁၃၅)မျိုးသည်၎င်း (၁၀၁)မျိုး သည်၎င်း မည့်သည့်အချိန်ကာလက လူထုဆနွရယူကာအတည်ပြုခဲ့ပါသနည်း? လူထုဆနွဖြင့်အတည်ပြုချက်ရယူ ထားခြင်းမရှိပါပဲနှင့် အသိမှတ်ပြုပြောဆိုနေခြင်းသည် ကျနော်တို့အမျိုးသားများ၏တိုင်းရင်းသားအခွင့်အရေးများကို ပိတ်ပင်တားဆီး ထားခြင်းဟုမြင်သည်။

 (စ) ထို့အပြင် ယနေ့ကာလသည် တော်လှန်ရေးးကာလမှ ဒီမိုကရေစီစနစ်သို့ အသွင်းကူးပြောင်းနေသည့်ကာလဖြစ်သည်ဟု ကြွေးကြော်နေသည်မဟုတ်ပါလော။ တော်လှန်ရေးကာလကပင်လက်ခံလာခဲ့သည် အကြောင်း ချင်းရာတခုကို ဒီမိုကရေစီကာလရောက်မှ ဖျောက်ဖျက်ပစ်လို့ ဖျက်ဆီးပစ်ချင်လို့ ရနိုင်ပါမည်လား။

(၄) သိုသော်ငြားလည်း ၁။ ၅။ ၂၀၁၂ နေ့စွဲဖြင့် ကော်မရှင်မှ စာအမှတ်(No. ၄/နငရ-မပတ(၃)/ ကရ) ဖြင့်အကြောင်း ပြန်လာပြီး။ ၃၁၊ မေလ ၊ ၂၀၁၂ ရက်နေ့ မတိုင်မှီ အခြားအမည်နာမတခုခုဖြင့် ပုံစံ(က)အတိုင်း ပြောင်းလဲလျှောက်ထားခြင်း မရှိလျှင် ပုဒ်မ ၃ (ခ)အရ ယခုလျှောက်ထားသည် ပါတီတည်ထောင်ခြင်းလျှောက် ထားလွာကို လက်ခံနိုင်မည်မဟုတ်ဟု အကြောင်းကြားလာခဲ့သည်။ (မိတူအားပူးတွဲဖော်ပြထားသည်)

            ထိုကြောင့်ယခုအရေးသည် ပါတီအရေးကိတ်စတခုတည်းမဟုတ် တော့ပဲ၊ ဇိုမီးအမျိုးသားဆိုသည်မှာမရှိဘူးဘူးဟုဆိုလာသည့်အ တွက် အမျိုးသားရေးကိတ်စ၊အမျိုးသားရေးပြသာနာတခုဖြစ် လာ သည်။ ထိုကြောင့် ဇိုမီးအမျိုးသားများအာလုံးဝိုင်းဝန်းစဉ်း စားဆွေးနွေးပြီးအဖြေရှာ ကြပါစို့လို့  အကြောင်း ကြားလိုက်ပါ သည်။ တဦးချင်းစီ၏ စဉ်းစားချက်များကို မေလ်ာဖြင့်ဖြစ်စေ၊ အဆင်ပြေ သည်နည်းလမ်းဖြင့် ပါတီ သို့ ပေးပို့ပေးပါရန် မေတာရပ်ခံအပ်ပါသည်။

                                                                                    ပူကျင်ရှင်းထန်
                                                                        ဥကဌ။ ဇိုမီးအမျိုးသား ကွန်ဂရက်။             
                                                                        အမှတ် ၃၄ ၊ပထမထပ်၊ ၅၁လမ်း
                                                                        ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
                                                                        01-397389, 09- 73167853

1 comments: