Tuesday, June 19, 2012

တီးတိန်မြို့အနီး ကားမှောက်၊ အမျိုးသမီးတဦး သေဆုံး

ဟွဏ်းဘီးလ်။    ။ အိန္ဒိယ-မြန်မာ နယ်စပ်သွားသောလမ်းတွင် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့က ဂျစ်ကားတစီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတဦး သေဆုံးခဲ့ကြောင့် သိရသည်။

ဂျစ်ကားပေါ် စီးနှင်းလိုက်ပါလာသော ခရီးသည်များထဲ၌ တီးတိန်မြို့နယ် တွီးလန်းရွာသူ အမျိုးသမီး တဦးသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင့် ချင်းဝေါလ်မီဒီယာတွင် ဖေါ်ပြထားသည်။

အလားတူ ဂျစ်ကားပေါ်စီးနှင်းလိုက်ပါလာသော လူ (၂) ဦးသည်လည်း အသက်အန္တရာယ် စိုးရိမ်းလောက်အောင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ်သွားသောလမ်းတနေရာတွင် ဂျစ်ကားတစီး တိမ်းမှောက်နေစဉ်။ ။ ဓါတ်ပုံ- ချင်းလေး

အခင်းဖြစ်ပွားသောနေရာသည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိုင်းမွာလ်ကျေးရွာသစ်အနီး အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအမှတ် (၂) လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကြောင့် သိရသည်။

၎င်းကားလမ်းသည် မှတ်စောက်ကျဉ်းမြောင်းကာ ဂျစ်ကားများသာ သွားလာနိုင်ပြီး မိုးရာသီတွင် လမ်းချော်၍ကြောက်စရာကောင်းသည့် လမ်းဖြစ်ကြောင့် သိရသည်။

0 comments:

Post a Comment