Saturday, June 30, 2012

အီတလီ အသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်


ဟွဏ်းဘီးလ်။    ။ ယူရို ၂၀၁၂ ၏ လက်ကျန် အကြိုဗိုလ်လုပွဲ အဖြစ် ဂျာမဏီ အသင်းနှင့် အီတလီ အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြ သည်။ ယခု ပွဲတွင်တော့ အီတလီ အသင်းသည် ၎င်း တို့၏ ကစားဟန် အတိုင်း ခံစစ် ကို အားပြုရင်း တန်ပြန် တိုက်စစ်များ ဖြင့် ကစားကာ ပြိုင်ဘက် ဂျာမဏီ အား နှစ်ဂိုး တစ်ဂိုး ဖြင့် အနိုင် ရရှိ ခဲ့သည်။ ဗိုလ်လုပွဲတွင် စပိန် အသင်းနှင့် ယှဉ်ပြိုင် ကစား ခွင့် ရရန် အီတလီ အတွက် အကောင်းဆုံး ကစားပေးနိုင် ခဲ့သူမှာ ဘာလော့တယ်လီ ဖြစ်ပြီး ပထမပိုင်း ပွဲချိန် အတွင်းပင် ၂ ဂိုးသွင်းယုပေးနိုင် ခဲ့သည်။ ဂျာမဏီ အသင်း အတွက် ချေပဂိုး ကိုတော့ ပွဲချိန် မိနစ် ကိုးဆယ်တွင် ရရှိလာသော ပင်နယ်တီ အခွင့်အရေး မှ တဆင့် ရီးရဲ ကွင်းလယ်လူ အိုဇေး သွင်းယူ ခဲ့ခြင်း ဖြစသည်။

ယနေ့ ပွဲတွင် ဂျာမဏီ အသင်း၌ တိုက်စစ်မှုး ဂိုမက်စ် ကို အထာင် ထား ခဲ့ပြီး ပိုဒေါစကီး ပိုဒေါစကီး အိုဇေးလ် တို့ဖြင့် ဖန်တီးမှု ပြုလုပ်စေ ခဲ့သည်။ ရှဝိန်းစတိုင်ဂါ ခရူးစ် ခီဒီယာ တို့ကို ကွင်းလယ် တွင် အသုံးပြု ခဲ့ပြီး နောက်တန်းနှင့် ဂိုးသမား နေရာတွင် ယခင် ပွဲများ ကဲ့သို့ အပြောင်းအလဲ မလုပ် ခဲ့ချေ။ အီတလီ အသင်းတွင်တော့ တိုက်စစ်မှုး ဘာလော့တယ်လီ နှင့် ကာဆာနို တို့ကို တိုက်စစ်တွင် တွဲ ကစားစေခဲ့ပြီး ပီယာလို ဒီရော့ဆီ မာချီစီရို မွန်တိုလီဗို တို့ဖြင့် ကွင်းလယ် လူစုံ လင်စွာ ပွဲထွက် လာခဲ့ သည်။

ပွဲ အစ (၇) မိနစ်တွင်ပင် ပွဲတိုင်း လို တိုက်စစ် အသားပေးဟန် ဖြင့် ကစားလေ့ ရှိသည့် ဂျာမဏီ အသင်း အပိုင် အခွင့်အရေး တစ်လုံး ရရှိ ခဲ့သော်လည်း နောက်ခံလူ ဟမ်းမဲလ် ၏ အားထုတ်မှု ကို ဂိုးသမား ဘူဖွန် အကောင်းဆုံး ဟန့်တားနိုင် ခဲ့သောကြောင့် ဂျာမဏီ အသင်း နစ်နာ ခဲ့ရ သည်။ နောက်ထပ် ၅ မိနစ် အကြာတွင်လည်း ဂျာမဏီ အသင်း ဂိုးရရှိရန် နီးစပ် ခဲ့ပြီး ကွင်းလယ်လူ ဘိုတန် ၏  ဖြတ်တင်မှု ကို ဘူဖွန် ကာကွယ်ရာတွင် ကိုယ်ဂိုးကိုယ် သွင်းမိ မလို ဖြစ်ခဲ့ပေမယ့် ဂိုးပေါက်နှင့် အနည်းငယ် လွဲချော် သွားခဲ့ခြင်း ဖြစ်သည်။
ဂျာမဏီ အသင်း ဘောလုံး ပိုင်ဆိုင်မှု အသာနှင့် အီတလီ အသင်းအား ဖိအားပေး တိုက်စစ်ဆင်နေ ခဲ့သော်လည်း အဖွင့်ဂိုး ကို အီတလီ အသင်းမှ ပွဲချိန် မိနစ် ၂၀ တွင် အမှတ်မထင် သွင်းယူ သွား ခဲ့သည်။ ယင်း ဂိုးကိုတော့ ပီယာလို ချီရယ်လီနီ တို့၏ တွဲလုံးမှ တဆင့် ကာဆာနို ဖန်တီးပေး ပို့သည် ကို ဂိုးရှေ့တွင် ရှိနေသော ဘာလော့တယ်လီ လျင်မြန် စွာ ခေါင်းတိုက် သွင်းယူ သွားခဲ့ခြင်း ဖြစ်သည်။ ကာဆာနို၏ ဖြတ်တင် ဖန်တီးပေးမှု ကောင်း ခဲ့သလို အမှားအယွင်း မရှိ အဆုံးသတ် ခဲ့သည့် ဘာလော့တယ်လီ တို့ကြောင့် ဂျာမဏီ အသင်း မခုခံနိုင် ခဲ့ချေ။

၎င်း ဂိုးနောက်တွင် ဂျာမဏီ အသင်း ဖိအား ရသွား ခဲ့ပြီး အမှားအယွင်းများ ရှိ လာခဲ့ သည်။ အီတလီ အသင်း သည် ဦးဆောင်ဂိုး ရရှိ ခဲ့ပြီ ဖြစ်၍ ၎င်း တို့၏ ကစားဟန် ကို အကောင်းဆုံး တည်ဆောက် သွားခဲ့ပြီး တန်ပြန် တိုက်စစ် များသာ ရရှိရန် ပိုမို အားထုတ် လာခဲ့ သည်။ သို့သော်လည်း ဂျာမဏီ တိုက်စစ်မှုး ဂိုမက်ဇ် ခြေစွမ်း မပြနိုင် ခဲ့ခြင်း က အီတလီ အသင်း၏ ခံစစ် ထိုင် ဆော့ ကစားမှု ကို ဖိအားနည်း စေ ခဲ့ သည်။ ဂျာမဏီ အသင်း ခြေပဂိုး ရရှိရန် ကြိုးစားနေစဉ် ပွဲချိန် ၃၆ မိနစ် တွင်ပင် အီတလီ အသင်း နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုး ထပ်မံ ရရှိ ခဲ့ပြန် သည်။

၎င်း ဒုတိယ ဦးဆောင် ဂိုးကိုတော့ တိုက်စစ်မှုး ဘာလော့တယ်လီ မှပင် လူကျွံထောင်ချောက် ကို အကောင်းဆုံး ဖြတ်ကျော် ကာ အပိုင် သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ ကွင်းလယ် ကျော်ကျော်မှ မွန်တိုလီဗို ၏ အကွက်မြင် ဖန်တီးမှု ကို ဘာလော့တယ်လီ တစ်ဦးတည်း လွတ်လွတ် ကျွတ်ကျွတ် ရယူနိုင် ခဲ့ပြီး ဂိုးသမား နူအာ၏ ဂိုးပေါက် ထဲသို့ လှလှပပ အပြင်း ကန်သွင်းယူ နိုင် ခဲ့ သည်။ အီတလီ အသင်း၏ ဒုတိယ ဦးဆောင်ဂိုး သည် ဂျာမဏီ အသင်း အတွက် စိတ်ဖိအား ပိုမို များပြားစေ ခဲ့ပြီး အထူး သဖြင့် ၎င်း တို့၏ ပြိုင်ပွဲ နောက်ဆုံး အဆင့်များတွင် ကံမကောင်းမှု ကို ပိုမို ထင်ဟပ်လာစေ ခဲ့ သည်။

ပထမပိုင်း ၏ လက်ကျန် ပွဲချိန် များအတွင်း ဂျာမဏီ အသင်း တိုက်စစ်ဆင် ကစားနေ ခဲ့သော်လည်း ကစားကွက် မမိ ဖြစ်ခဲ့ပြီး အမှားအယွင်း ပိုများ လာ ခဲ့သည်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန် တွင်တော့ ဂျာမဏီ အသင်း လူစာရင်း အပြောင်းအလဲ ပြုလုပ် ခဲ့ပြီး ဂိုမက်ဇ် နှင့် ပိုဒေါစကီး အစား ကလိုဆေးနှင့် ရီယက်စ် တို့ ဝင်ရောက် ကစား ခဲ့ သည်။ ပွဲစပြီး ၃ မိနစ် အကြာတွင်ပင် ရှဝိန်းစတိုင်ဂါ နှင့် ကရူးစ် တို့၏ ဖန်တီးမှု မှ တဆင့် အသင်းခေါင်းဆောင် လမ်း အပိုင် ကန်သွင်းခွင့် ရခဲ့ပေမယ့် ကန်ချက် များလွန်း ခဲ့တာကြောင့် ဂျာမဏီ အသင်း နစ်နာ ခဲ့ရသည်။

ဂျာမဏီ အသင်း ဒုတိယပိုင်း ကစားအား ပိုမို တက်လာ ခဲ့ပေမယ့် ခံစစ် ကို အားပြု ကစားနေသည့် အီတလီ အသင်းကြောင့် အခက်တွေ့ ခဲ့ရပြီး ကန်သွင်းမှု များ ပြုလုပ် ချိန်တိုင်း တည်ငြိမ်စွာ ကာကွယ်မှု ပြုလုပ်နေသည့် ဂိုးသမား ဘူဖွန်ကြောင့် အရာမထင် ဖြစ်နေ ခဲ့ရ သည်။ ပွဲချိန်၅၈ မိနစ်တွင် အီတလီ အသင်းဖက်မှ ကာဆာနို အစား ဒီယာမန်တီ ဝင်ရောက် ကစားပြီးချိန် မိနစ် ပိုင်း အတွင်းပင် အီတလီ ဂိုးသမား ဘူဖွန် ၂ကြိမ် တိုင်တိုင် လက်စွမ်း ပြခဲ့ပြန် သည်။ ကလိုဆေး ၏ အားထုတ်မှု ကို ဘူဖွန် နေရာယူမှန်မှန် ဖြင့် ကာကွယ်တားဆီးနိုင် ခဲ့သလို သိပ်မကြာမီ ပွဲချိန် ၆၁ မိနစ်တွင် အပိုင် ကန်သွင်းသော ရီယက်စ် ၏ ဂိုးပေါက် ခြိမ်းခြောက်မှု အား ပုတ်ထုတ် ကာကွယ် သွား ခဲ့ပြန် သည်။

ပွဲချိန် ကြာလာသည်နှင့် အမျှ အီတလီ အသင်း ခံစစ် အားဖြည့်မှု ပိုမို ပြုလုပ် လာခဲ့သလို ဂျာမဏီ အသင်းသည်လည်း ဂိုးမရလေလေ ဖိအားများကြောင့် အမှားပိုများလေလေ ဖြစ် နေ ခဲ့သည်။ ဂျာမဏီ အသင်း၏ တိုက်စစ် အလွန်အကျွံ ကစားမှုကြောင့် အီတလီ အသင်းဖက်သို့ ဂိုးသွင်းခွင့် များ ရရှိခဲ့သည် မှန်ပေမယ့် အီတလီ အသင်းကိုလည်း တန်ပြန် တိုက်စစ်မှ တဆင့် ဂိုးသွင်းခွင့် များ ပြန်လည် ပေး ခဲ့ရ သည်။ သို့သော်လည်း မည်သူမှ အသုံးမချနိုင် ခဲ့ပဲ ပွဲပြီးဆုံး ကာနီး ထိ ၂ဂိုး ဂိုးမရှိ ရလဒ်သာ တည်တံ့နေ ခဲ့ သည်။
ပွဲချိန် နောက်ဆုံး မိနစ် တွင်တော့ တိုက်စစ် တရစပ် တင်ဆော့နေသော ဂျာမဏီ အသင်း ပထမ ခြေပဂိုး ရရှိ ခဲ့ သည်။ ဘယ်လ်ဇာရက်တီ ၏ မှားယွင်းမှု မှ တဆင့် ရရှိလာသည့် ပင်နယ်တီ အခွင့်အရေး ကို ဂျာမဏီ ကွင်းလယ်လူ အိုဇေးလ် တည်ငြိမ် စွာ အသုံးချနိုင် ခဲ့ပြီး မျှော်လင့်ချက် ပြန်လည် ရရှိစေ ခဲ့ သည်။ သို့သော်လည်း ဒုတိယပိုင်း ပြီးခါနီး နာကျင်အချိန်ပိုတွင် ဂျာမန် လူစားဝင် တိုက်စစ်မှူး မီယိုဆလက်ဗ် ကလိုဆေး၏ ဖိအားပေးမှုကြောင့် ဧရိယာအတွင်း ဘယ်လ်ဇာရက်တီ လက်ထိခဲ့ပြီး ဂျာမန်တို့ ပင်နယ်တီ ကန်ခွင့်ရသည်။ ယင်းကို အိုဇေးလ်က ကန်သွင်းပြီးနောက် မကြာမီပင် ပွဲပြီးခဲ့သဖြင့် အီတလီအသင်း (၂-၁)ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတွင် စပိန်နှင့် တွေ့ဆုံရန် တက်လှမ်း သွားခဲ့သည်။
Ref: myanmarstriker

0 comments:

Post a Comment