Friday, June 1, 2012

ကချင်ဖိုက်တာ အင်ဆန်တောင်လ

ဟွဏ်းဘီးလ်။    ။ အမေရိကန်ရောက် မြန်မာလူငယ်တဦးသည် လက်ဝှေ့နှင့် သိုင်းပေါင်းစုံကစားသမားတဦးအဖြစ် ရပ်တည်လူပ်ရှားနေသည့်ကြောင်း ဘီဘီစီတွင် တင်ဆက်ထားသည်။

အသက် ၂၇ နှစ်အရွယ် ကချင်လူငယ် အင်ဆန်တောင်လသည် ပြီးခဲ့သည့် ၇ နှစ်ခန့်မှစ ကြိုးဝိုင်ထဲက ပြိုင်ပွဲပေါင်း ၂၀ ပွဲဝင်ပြိုင်ရာမှ ၁၂ နိုင်၊ ၈ ပွဲရူံးခဲ့သူဖြစ်ကြောင့် သိရသည်။

နောက်ဆုံးကစားခဲ့သည့် မေလပြိုင်ပွဲတွင် Jesus Martinez ဆိုသူနှင့် ယှဉ်ပြိုင်ရာ တချီတည်းဖြင့် အလဲထိုးအနိုင်ရှိခဲ့ကြောင့် သိရသည်။

သူသည် လက်ဝှေ့နှင့် သိုင်းတွင် ဘရာဇီး ဂျူဂျစ်ဆု နပန်း၊ မွေထိုင်း လက်ဝှေ့၊ မြန်မာ့သိုင်း စသည့်ကစားနည်းများ ပေါင်းစပ်ကစားခဲ့ပြီး MMA - Mixed Martial Arts ဆိုသည့် ကစားနည်းသည်လည်း အလားတူ သိုင်းအမျိုးမျိုးပေါင်းစပ်ထားသည့် ထိုးကြိတ်၊ ကန်ကျောက် သတ်ပုတ်သည့် ကစားနည်းဖြစ်သည်။

မြန်မာကစားသမားတဦးအနေဖြင့် သဘာဝအားနှင့် ခြေထောက်နှင့် ကန်သည့်အပိုင်း၊ ဒူးတိုက်သည့်အပိုင်းများတွင် အမေရိက ကစားသမားများထက် ပိုကောင်းသည့်အကြောင်း သူကပြောသည်။

၎င်းကစားနည်းဖြင့် အမေရိကတွင် အမြင့်ဆုံးချန်ပီယံဆုရှိရန် မျှော်မှန်းထားသည့်နှင့်အမျှ မြန်မာပြည်ပြန်၍ သိုင်းကျောင်းတည်ထောင်ရန်လည်း စိတ်ဝင်စားကြောင့် ဘီဘီစီတွင် ပြောသည်။

0 comments:

Post a Comment