Wednesday, June 6, 2012

ကလေးငယ်များ အသုံးပြုနိုင်မည့် ဆိုက်သစ်တစ်ခု Facebook စမ်းသပ်

ဟွဏ်းဘီးလ်။    ။ အသက် ၁၃ နှစ်နှင့်အောက် ငယ်ရွယ်သူများ အနေဖြင့် အသုံးပြုနိုင်မည့် Facebook စာမျက်နှာ ပုံစံသစ် တစ်မျိုးကို မကြာမီ ကာလ အတွင်းတွင်စတင် ထုတ်လွှတ်တော့မည် ဖြစ်ကာ ယင်းအထဲတွင် ဗွီဒီယို ဂိမ်းများနှင့် စကားပြောခန်းများ မပါဝင်ကြောင်းလည်း သိရသည်။

ယခုလို စာမျက်နှာသစ်ကို ကလေးငယ်များ အနေဖြင့် အုပ်ထိန်းသူ၏ ကြပ်မတ်မှုဖြင့် ဝင်ရောက်နိုင်မည်လည်း ဖြစ်ပြီး ကလေးငယ်များ၏ အကောင့်ကို မိဘများ၏ ထိန်းချုပ်မှုဖြင့် ဖွင့်စေမည် ဖြစ်ကာ ကလေးငယ်များ အနေဖြင့် မည်သူက ၎င်းတို့၏ သူငယ်ချင်း ဖြစ်သည်ကို မိဘများ သိရှိစေမည် ဖြစ်သည်။

လက်ရှိတွင် Facebook ဆိုက်မှာ အသက် ၁၃ နှစ်အောက် ကလေးများကို သုံးစွဲခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ သို့ရာတွင် လူပေါင်း ၇.၅ သန်းမှာ အသက်မပြည့်ဘဲ သုံးစွဲနေခြင်း ဖြစ်ကြောင်း လေ့လာခဲ့သည့် စစ်တမ်း တစ်ရပ်အရ သိရသည်။

source: PC magazine, mrtv

0 comments:

Post a Comment