Friday, June 8, 2012

Microsoft ၏ MCSE အောင်လက်မှတ် အသစ်ကို ဇွန်လမှ ဖြေဆို ရယူနိုင်

07 Jun 2012  | By Net Guide

ဟွဏ်းဘီးလ်။    ။ မြန်မာနိုင်ငံမှ အိုင်တီပညာရှင် များ အနေဖြင့် Microsoft ၏ ဒုတိယ အမြင့်ဆုံး အောင်လက်မှတ် အသစ်ဖြစ်သော Microsoft Certified Solution Expert (MCSE) ကို ယခု ဇွန်လမှ စတင်၍ ဖြေဆိုရ ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Microsoft သည် ၄င်း၏အ ဆင့်အမြင့်ဆုံး အောင်လက်မှတ် အဖြစ် Architect လက်မှတ်ကို ၂၀၁၀ ခုနှစ်က ထုတ်ပြန် ပေးအပ် ခဲ့ပြီးယခုအခါ ယင်း Architect လမ်း ကြောင်းပေါ်သို့ ပေါင်းကူးနိုင်ရန် ဒုတိယ အမြင့်ဆုံး ဖြစ်သော Expert လက်မှတ်ကိုထပ်မံပေးအပ်လိုက် ခြင်းဖြစ်သည်။ ထို့အပြင် MCSE (Expert) အဆင့်မတိုင်မီ MCSA (Associate) ကျွမ်းကျင်လက်မှတ်တစ်မျိုးကိုလည်း ထုတ်ပြန် ပေးအပ်သွား မည်ဟု သိရသည်။

ယင်း အောင်လက်မှတ်အ သစ်များနှင့်ပတ်သက်၍ ယခုနှစ် ဆန်းမှစ၍ အွန်လိုင်းစာမေးပွဲများ ဖြေဆိုရန် ဝန်ဆောင်မှုပေးလျက် ရှိသော Myanmar Knowledge Exam Centre မှ တာဝန်ရှိသူတစ်ဦးက “MCSA နဲ့ MCSE လက်မှတ်တွေ ဟာ ၂၀၁၂ ကနေ ရှေ့ဆက်သွား မယ့် Microsoftရဲ့ အောင်လက်မှတ် အသစ်တွေပါ။ အရင်က နာမည် ချင်းဆင်တူတဲ့ MCSA (System Administrator), MCSE (System Engineer) လက်မှတ်အဟောင်းတွေ မဟုတ်ပါဘူး။ MCSE လက်မှတ် အသစ်မှာ Network, Data နဲ့ Program ပိုင်းအားလုံးကို Expert အဆင့်သတ် မှတ်ပေးထားပါတယ်” ဟု ပြော ကြားခဲ့သည်။

အဆိုပါ Microsoft အောင် လက်မှတ်အသစ်များအတွက် Server 2012 နည်းပညာများနှင့် ပူးတွဲဖြေ ဆိုရမည်ဖြစ်ပြီး ယခုလ ၁၂ ရက် နေ့မှစ၍ Myanmar Knowledge တွင် ဖြေဆိုနိုင်မည်ဖြစ်သည်။ ထို့အပြင် MCSEကို မြန်မာကွန်ပျူတာပညာ ရှင်များနှင့်ကျောင်းသား/ ကျောင်း သူများ အခမဲ့ ဖြေဆိုနိုင်ရန်လည်း ယခုလ ၃၀ ရက်နေ့အထိ Myanmar Knowledge မှ စီစဉ်ပေးလျက်ရှိ ကြောင်းသိရသည်။

0 comments:

Post a Comment