ဟွဏ်းဘီးလ် (ဇွန်) ။ ။ ဆိုးရီးယေးစစ် အရေပြားရောဂါကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသလို နေ့စဉ် ဘဝကိုလည်း သိသိသာသာ အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဆိုးရီး ယေးစစ်ဆိုတာနီပြီး အဖတ်အဖတ်တွေ ကွာကျနေတဲ့ အရေပြားရောဂါမျိုးပါ။
(၁) ဖြည့်စွက်ဆေးများ မှီဝဲပါ
ဖြည့်စွက်ဆေးတွေက ဆိုးရီးယေးစစ်အရေပြား အနာလက္ခဏာတွေကို သက်သာစေပါတယ်။ ငါး ကြီးဆီ၊ ဗီတာမင်ဒီနဲ့ Evening Primose Oil တို့ က ဆိုးရီးယေးစစ်အရေပြားအနာတွေကို သက်သာ စေတဲ့ ဖြည့်စွက်ဆေးတွေပါ။ ငါးကြေးဆီကို ဆိုးရီး ယေးစစ် ဖြစ်နေတဲ့ အရေပြားနေရာပေါ် တိုက်ရိုက် လိမ်းပေးရင်လည်း သိသိသာသာ သက်သာစေတယ် လို့ တချို့က ဆိုပါတယ်။
(၂) အရေပြားကို စိုစွတ်အောင် ထားပါ
သင့်အိမ်နဲ့ ရုံးခန်းထဲက လေတွေ စိုစွတ်နေ အောင် လေထုစိုထိုင်းမှုထိန်းစက် တပ်ဆင်ပါ။ ဒါက အရေပြားခြောက်သွေ့မှုမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ခြောက်သွေ့နေတဲ့ အရေပြားဟာ ဆိုး ရီးယေးစစ်အရေပြားအနာ ဖြစ်လွယ်စေပါတယ်။
(၃) အခွံမာသီး၊ ချောကလက် စသည်တို့ စားပါ
အစားအစာတချို့ဟာ အရေပြားဆိုးရီးယေးစစ် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ အနီရောင်အသားနဲ့ အဆီများတဲ့ အစားအစာတို့ကို လျှော့စားတာက ဆိုး ရီးယေးစစ်ရောဂါကို သက်သာစေပါတယ်။ ပဲပိစပ်နဲ့ လုပ်ထားတဲ့ အစားအစာ၊ အခွံမာသီး၊ ချောကလက်နဲ့ စတော်ဘယ်ရီတို့လို အစားအသောက်တွေက ဆိုးရီး ယေးစစ်ဝေဒနာကို သက်သာစေနိုင်ပါတယ်။
(၄) အနံ့မွှေးလွန်းသော ရေမွှေး၊ ဆပ်ပြာတို့ မသုံး ပါနှင့်
ဆပ်ပြာနဲ့ ရေမွှေးအများစုမှာ ပြင်းလွန်းတဲ့ မွှေးရနံ့နဲ့ ဆိုးဆေးတွေ ပါဝင်နေတတ်ပါတယ်။ ဒီပါ ဝင်ပစ္စည်းတွေက သင်းပျံ့နေပေမယ့် ဆိုးရီးယေးစစ် အရေပြားအနာကို ဖြစ်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် ဆိုးဆေးနဲ့ အမွှေးနံ့တွေ မပါဝင်တဲ့ "ထိခိုက်လွယ်တဲ့ အရေပြားအတွက်" ဆိုပြီး သီးသန့်ထုတ်ထားတဲ့ ဆပ် ပြာကို သုံးပါ။
(၅) သံလွင်ဆီသုံးပါ
သံလွင်ဆီက အရေပြားကျန်းမာရေးအတွက် အ ကျိုး ရပှိါတယ။် ဆိုး ရီး ယေးစစအ် ရေပြားအနာပေါ်မှာ သံလွင်ဆီ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ဆီကို သုတ် လိမ်းပေးတာကြောင့် အစိုဓာတ်ရောက်ရှိစေပြီး အာဟာရဓာတ်လည်း ရရှိတတ်ပါတယ်။ ဦးရေပြား မှာဖြစ်တဲ့ ဆိုးရီးယေးစစ်အရေပြားအနာပေါ်မှာ သံ လွင်ဆီအနည်းငယ်သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီး မှ ရေချိုးချလိုက်ပါ။
(၆) ရေထဲ ဆေးဖက်ဝင်ပစ္စည်းများထည့်ပြီး ချိုးပါ
ရေပူနဲ့ ချိုးတာက ဆိုးရီးယေးစစ် အရေပြားအ နာကို ပိုဆိုးစေနိုင်ပါတယ်။ ကြက်သီးနွေးရေထဲ ဆား ခါး၊ သတ္တုဆီ၊ နွားနို့နဲ့ သံလွင်ဆီတို့ ထည့်ပြီး ရေချိုး ပေးရင် ဆိုးရီးယေးစစ်အရေပြားအနာတွေရဲ့ ယားယံ မှု သက်သာစေပြီး အနာဖေးတွေကို ကွာကျစေပါ တယ်။ ရေချိုးပြီးချိန်မှာလည်း အရေပြားကို အစို ဓာတ်ထိန်းပေးရင် နှစ်ဆ အကျိုး ရှိစေပါတယ်။
0 comments:
Post a Comment