ဟွဏ်းဘီးလ် (ကေအမ်) ။ ။
(၁) ဘယ်ဓာတ်ကို အချစ်ဟော်မုန်း လို့ ခေါ်ကြသလဲ။
(a) ပီတိုစင် (Pitocin)
(b) တက်စတိုစတီရုန်း (Testosterone)
(c) အောက်ဆီတိုစင် (Oxytocin)
(d) အီစထရိုဂျင် (Estrogen)
(၂) ပန်းသေပန်းညိုး ရောဂါ ရနေတဲ့ အမျိုးသားတွေမှာ ဂျင်စင်းက ဗီရာဂရာ ဆေးလို အသုံးဝင်ပါတယ်။
(A) မှန်
(B) မှား
(၃) ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးမှာ MHC(Major Histocompatibility Complex) ရဲ့ အခန်းကဏ္ဍ ဟာ
(a) ချစ်ခြင်းကို ဖြစ်စေတဲ့ လိပ်ပြာလို ခံ စားမှုမျိုး ရရှိဖို့ ဖြစ်တယ်။
(b) ဆန့်ကျင်ဘက်လိင်ရဲ့ ကိုယ်နံ့ကို ဆွဲ ဆောင်ဖို့ ဖြစ်တယ်။
(c) ဦးနှောက်ရဲ့ စိတ်ခံစားမှုကို ထိန်းချုပ် ပေးတဲ့ ဒိုပါမင်းထုတ်လုပ်ဖို့ ဖြစ်တယ်။
(d) အထက်က အရာအားလုံးမဟုတ်ပါ။
(၄) ကိုယ်ဝန်ဆောင်ချိန်အတွင်း လိင် ဆက်ဆံရင် ကြီးထွား နေတဲ့ သန္ဓေသား ကို ထိခိုက်စေနိုင်ပါတယ်။
(a) မှန်
(b) မှား
(၅)ချစ်ခြင်းတရားရှိတာကြောင့် ဦးနှောက် ထဲမှာ ကိုကင်းလို အနာကျက်စေတဲံ ဓာတ်ထွက်အား များစေပါတယ်။
(a) မှန်
(b) မှား
(၆)အိမ်ထောင်သည် တွေ အတွက် sex ဟာ နာကျင်ကိုက်ခဲမူ လျော့ကျစေပြီး အအေးမိတာနဲ့ ကူးစက်ပိုးဝင်မူတွေ မှ ကာကွယ်ပေးကာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။
(a) မှန်
(b) မှား
(၇) ဘယ်အရာက လိင်စိတ်လျော့နည်း မူကို ဖြစ်စေနိုင်သလဲ။
(a) စိတ်ကျကုသဆေးဝါး
(b) အမျှင်ဓာတ်နည်းတဲ့ အစာ
(c) ရင်ပူဝေဒနာ
(d) အထက်က အားလုံး
(၈) ကလေးမွေးပြီးတဲ့ အမျိုးသမီးတွေ အပျိုနီးပါး ပြန်ဖြစ်အောင် ဘယ်လို လေ့ကျင့်ခန်းလုပ်သင့်သလဲ။
(a) Kegel လေ့ကျင့်ခန်း
(b) မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု
(c) ရုပ်ပိုင်းဆိုင်ရာ ကုသမှု
(d) (a) နဲ့ (b)
(၉) ပျမ်းးမျှအားဖြင့် လူတွေဟာ ဘယ်လောက်ကြာကြာ ချစ်ကျွန်းဝင်တတ်သလဲ။
(a) ၃ - ၅ လ
(b) ၁၂ လခန့်
(c) ၆ - ၁၈ လ
(d) ၃ - ၆ နှစ်
(၁၀) ငယ်ရွယ်တဲ့ အမျိုးသားတွေ အဖြစ်များတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာက-
(a) ပန်းသေပန်းညှိုးရောဂါ
(b) ပြီးဆုံးအောင် မစွမ်းဆောင်နိုင်ခြင်း
(c) သုက်လွှတ်စောခြင်း
(d) လိင်စိတ်စွဲလမ်းမှုဖြစ်ခြင်း
အဖြေမှန်များ
(၁) (ခ) အောက်ဆီတိုစင် (Oxytocin)
အောက်ဆီတိုစင်ဟာ ကလေးမွေး ဖွားချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်မှာ အ များအပြားထွက်ရှိတတ်ပါတယ်။ Sex ကိစ္စအတွင်းမှာလည်း အမျိုးသားနဲ့ အ မျိုးသမီးတွေမှာ ထွက်တတ်တဲ့ ဟော်မုန်း ပါ။ လေ့လာမှုတွေအရ အောက်ဆီတို စင်ဟော်မုန်းဟာ တစ်ဦးနဲ့တစ်ဦး ဆက် သွယ်မှု သံယောဇဉ်တိုးတာ၊ အဖော်ပြု ပေးတာ၊ လူမှုဆက်ဆံရေး ကောင်းမွန် တာတွေမှာ အရေးပါတယ်လို့ တွေ့ရပြီး ချစ်ခြင်းမေတ္တာမှာ အရေးပါတဲ့ အခန်း ကဏ္ဌမှာ ပါဝင်တယ်လို့ လေ့လာသိရှိရ ပါတယ်။
(၂) (a) မှန်
ဆေးဖက်ဝင်ပစ္စည်းဖြစ်တဲ့ ဂျင်ဆင်း က ဗီရာဂရာလိုပဲ ခန္ဓာကိုယ်မှာ နိုက်ထ ရစ်အောက်ဆိုက်ထွက်ရှိမှု ဖြစ်စေနိုင်ပါ တယ်လို့ ဆီးရောဂါကုစင်တာက တွဲဖက် ပါမောက္ခခရစ်စတိုဖာက ရှင်းပြပါတယ်။ ဒါ့အပြင် ဂျင်ဆင်းမှာ ဗီရာဂရာလို အာနိ သင်ကို ပေးနိုင်တယ်လို့ လေ့လာမှုနှစ်ခုက ဖော်ပြထားပါတယ်။
(၃) (b) ဆန့်ကျင်ဘက်လိင်ရဲ့ ကိုယ်နံ့ကို ဆွဲဆောင်ဖို့ဖြစ်တယ်။
ဇီဝဗေဒနဲ့ ဦးနှောက်လုပ်ငန်းဆောင် တာကလွဲရင် တစ်ဦးနဲ့ တစ်ဦး ချစ်ကြည် နူးတဲ့ အပြုအမူတွေရအောင် ကိုယ်နံ့က ဆွဲဆောင်နေပါတယ်။
(၄) (b) မှား
ကိုယ်ဝန်ဆောင်ချိန်အတွင်း လိင် ဆက်ဆံတာကြောင့် သန္ဓေသားကို သိ သာတဲ့ အပြောင်းအလဲမျိုး မဖြစ်စေနိုင် ပါဘူး။ ဒါပေမဲ့ ဆရာဝန်က သတိပေး ထားရင်တော့ ဆင်ခြင်သင့်ပါတယ်။ ဗိုက် ထဲက သန္ဓေသားကို ရေမြွှာရည်တွေနဲ့ သားအိမ်ထဲမှာ သေချာ အကာအကွယ် ထားရှိသင့်ပါတယ်။
(၅) (a) မှန်
ဒိုပါမင်းဟာ စိတ်ခံစားမှု ကောင်း စေတဲ့ ဦးနှောက်ထဲက ဓာတုပစ္စည်းပါ။ ဦးနှောက်ထဲမှာ ဒိုပါမင်းအထွက်များရင် စိတ်ချမ်းသာတာ၊ ကြည်နူးပျော်ရွှင်တာ စတဲ့ ခံစားချက်အမျိုးမျိုးကို ရရှိစေပါ တယ်။ အချစ်ကြောင့် ကြည်နူးနှစ်သိမ့် မှုရရှိနေသူတွေမှာ ဒိုပါမင်းအဆင့် မြင့်နေ တာကို တွေ့ရပါတယ်။ ဒိုပါမင်းများတာ ဟာ ကိုကင်းလို အနာကျက်စေတဲ့ အာနိ သင်ကို ရရှိစေတယ်လို့ သိပ္ပံပညာရှင်တ ချို့က ယူဆကြပါတယ်။
(၆) (a) မှန်
အိမ်ထောင်သည်တွေကြားက တစ် လင်တစ်မယားဆက်ဆံရေးဟာ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန် စေပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်-နှစ် ကြိမ် ဆက်ဆံတာကြောင့် ပဋိပစ္စည်း IgA အထွက်တိုးစေကာ အအေးမိတာ နဲ့ တခြားကူးစက်ပိုးဝင်တာတွေ မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့ လာမှုအရ အောက်ဆီတိုစင်နဲ့ အန်ဒေါ် ဖင်ဟော်မုန်းတိုးလေလေ၊ နာကျင်မှု လျော့ကျလေလေဖြစ်တာကို တွေ့ရကာ အိမ်ထောင်သည်တွေ ဆက်ဆံအပြီးမှာ ခေါင်းကိုက်တာ၊ အဆစ်ရောင်နာနဲ့ ရာ သီအကြိုဝေဒနာတွေကို သက်သာစေ တာကိုလည်း တွေ့ရပါတယ်။
(၇) (a) စိတ်ဓာတ်ကျ ကုသ ဆေးပြား
တခြားဆေးတွေအနက် စိတ်ကျကု သဆေးဝါးတချို့က လိင်စိတ်လျော့နည်း မှုကို ဖြစ်စေနိုင်ပါတယ်။ လိင်စိတ်လျော့ နည်းမှုနဲ့ ဆက်စပ်နေတဲ့ ဆေးတွေက ဟစ် စတာမင်းဆန့်ကျင်ဆေး၊ ကင်ဆာဆေး သွင်းကုသမှု၊ သွေးတိုးကျဆေး၊ HIV ကု သဆေးဝါးစတာတွေ ဖြစ်ကြပါတယ်။
(၈) (d) (a) နဲ့ (b)
အမျိုးသမီးတွေအနေနဲ့ Kegel လေ့ကျင့်ခန်းလုပ်တာကြောင့်ြွကက်သား တွေသန်စွမ်းပြီး တင်းအားကောင်းတဲ့အ ပြင် ဆီးထွက်ကျနှုန်းကိုလည်း လျော့နည်း စေပါတယ်။ (၉) (c) ၆ - ၁၈ လ တစ်ဦးနဲ့ တစ်ဦး ချစ်တာရဲ့ ချစ် ကျွမ်းဝင်မှု "in-love" အဆင့်ဟာ ယေ ဘုယျအားဖြင့် ၆-၁၈ လခန့်ကြာတတ်ပြီး အလွန်ဆုံး သုံးနှစ်ကြာမြင့်နိုင်တယ် ဝီ ကွန်ဆင်တက္ကသိုလ်က စိတ်ပညာရှင်ဒဲနစ် ကဆိုပါတယ်။ ဒီလို ရင်ဖိုစိတ်လှုပ်ရှားတဲ့ ချစ်ခြင်းမေတ္တာအဆင့်ပြီးဆုံးချိန်မှာ လူ တွေဟာ တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်နဲ့ ချည်နှောင်သွားတတ်ပါတယ်။
(၁၀) (c) သုတ်လွတ်စောခြင်း
သုက်လွှတ်စောတာက လူငယ်လူ ရွယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာဖြစ်တယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခအိုင်ရာက ဆိုပါ တယ်။
0 comments:
Post a Comment