ဟွဏ်းဘီးလ် ။ ။ကင်ညာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ၂၈၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ အကြီးဆုံး ဘူမိအပူ စွမ်းအင် ထုတ်စက်ရုံ စီမံကိန်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဘူမိ အပူစွမ်းအင် ထုတ်စက်ရုံဟာ မြို့တော် Nairobi ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၀၀အကွာရှိ Olkaria ဒေသမှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ကင်ညာနိုင်ငံမှာ ဘူမိ အပူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ပမာဏ မဂ္ဂါဝပ် ၇၀၀၀ အထိ ထုတ်လုပ်နိုင်ချေ ရှိနေပြီး အခုလက်ရှိမှာတော့ မဂ္ဂါဝပ် ၁၅၀သာ ထုတ်လုပ်နိုင်သေးတာ ဖြစ်ပါတယ်။ ကင်ညာနိုင်ငံရဲ့ နေရာဒေသ တော်တော်များများ မှာ ဘူမိအပူစွမ်းအင် ထုတ်လုပ်နိုင်တဲ့ ရင်းမြစ်တွေရှိနေပြီး ၂၀၃၀ခုနှစ်အရောက်မှ အဲဒီနေရာတွေကနေ လျှပ်စစ်ဓာတ်အား ၅၀၀၀မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
0 comments:
Post a Comment