ဟွဏ်းဘီးလ် ( အေးကမ္ဘာ ဒေါက်တာချစ်)။ ။ ဒသဂီရီ ဘီလူးကြီး က မယ်သီတာ ကို ချစ်တယ်။ မယ်သီတာ က ဒသကြီးကို မချစ်ဘူး။ ဘယ်ချစ်ရဲမလဲ၊ ဟိုက ဘီ လူးကြီး၊ မွေးလာရင် လူဘီလူးကြီးဖြစ်မှာ၊ ရုပ်ကလည်း သိတဲ့အတိုင်းပဲ၊ ဆိုးလိုက် တာ။ ဒါက ရာဇဝင်က ဒသဂီရီနဲ့ မယ်သီ တာတို့ရဲ့ အချစ်ဇာတ်လမ်း။တစ်ဖက် သတ် အချစ်ဇာတ်လမ်းဆိုရင် ပိုမှန်လိမ့် မယ်။ နှစ်ဖက်စလုံးက ချစ်ကြရင်တော့ ကြောက်စရာကောင်းတာတောင် မ ကြောက်ရွံ့ဘဲ ချစ်ကြတာတွေ မြင်တွေ့ ရလိမ့်မယ်။
၂၀-၅-၂၀၁၂ ရက်နေ့က လူနာအမျိုးသားတစ်ယောက် ဆေးခန်းလာ ပြတယ်။ စအိုပတ်လည်မှာြွကက်နို့လို အကျိတ်တွေ ထွက်နေတယ်။ အလုံးရဲ့ အခြေက သွယ်လျလျ၊ ပန်းဂေါ်ဖီပွင့်လို ဖြစ်နေတယ်။ အနံ့ဆိုးထွက်တယ်။ ဖြစ် နေတာက နှစ်နှစ်လောက်ရှိနေပြီ။ ပိုပို ကြီးလာနေတယ်။
အရေပြားဆေးရုံသွား ပြတော့ ဆေးရည်တစ်မျိုးပေးပြီးြွေကကျ အောင် လုပ်မယ့်သဘော။
ခုနစ်ခါ လောက် ရက်ချိန်းပြည့်တိုင်း သွားပြ တယ်။ မသက်သာဘူးဆိုပါစို့။ ခွဲဖို့လိုမယ် ဆိုတဲ့သဘောနဲ့ အရင်က ခွဲစိတ်ဖူးထား တဲ့လူငယ်က ခေါ်လာတယ်။ ယခုလူနာ က ၃၀ နှစ်ရှိပြီ။ သူ့ဇနီး ပါလာတယ်။ သူတို့ ယူစဉ်အခါတည်းက လူနာမှာ ဒီလို အလုံး ပေါက်နေတာလည်း သိတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဆွေမျိုး တွေ၊ ကာယကံရှင်လူနာကအစ အဖြစ် မှန်ကို ပြောပြတယ်။ မယူဖို့ ဝိုင်းတားကြ တယ်။ ဒါလည်း မရဘူး။
အဲဒီလိုနဲ့ ယူလိုက်ကြတယ်။ အတူနေကြပုံ ကြည့် ပါဦး။ မောင်နှမလိုပဲ နေကြတယ်။ လုံးဝ ကို ကာမယ မဆက်ဆံကြတဲ့။ ရောဂါရှိနေ မှန်းသိရက်နဲ့ ဇွတ်အတင်းယူကြတယ်။ သူတို့နှစ်ဦးက ငယ်ချစ်တဲ့။ "ငယ်ကချစ်၊ အနှစ်တစ်ရာ" တဲ့။ မှန်တော့ မှန်ပါတယ်။ ခုလိုရောဂါဖြစ်နေတဲ့အတွက်ကိုတော့ စဉ်းစားသင့်တာပေါ့။ ဖြစ်တဲ့ ရောဂါကလည်း အသက်ဆက်ရှင်သန်ဖို့ ဆေးဆက်သောက်ရမယ်။ နာရီနဲ့ ကို အတိအကျသောက်ရတာ။ တစ်စက်ကလေးမှ အမှားမခံ။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ကိုယ်ခံအား ကျရင်တော့ ...။
ရောဂါက တော့ လိင်မှကူးစက်တာပဲဖြစ်ဖြစ်၊ မသန့် ရှင်းတဲ့ဆေး၊ သွေးသွင်းလို့ ဖြစ်ဖြစ်၊ မူးယစ် ဆေးထိုးတဲ့အခါ ဆေးထိုးအပ်ကို မျှဝေ သုံးတာဖြစ်ဖြစ် တစ်ခုခုကြောင့်တော့ ဖြစ်မှာပါ။ နယ်ဆေးရုံတစ်ခုမှာ နေထိုင်မ ကောင်းလို့ သွေးသွင်းခံထားရဖူးတယ် ပြောတာပဲ။ တခြားအကြောင်းတွေ လည်း ရှိရင်ရှိမယ်။
ဘာပဲဖြစ်ဖြစ် ရောဂါ ကတော့ ကူးစက်ခံနေရပြီး CD4 ပမာဏ မေးကြည့်တော့ အရင်က ၂၀ လောက်ပဲ ရှိတာ၊ ခုဆေးတွေသောက်နေတော့ ၆၀ လောက်ဖြစ်နေပြီ။ CD4ပမာဏ နည်း တော့၊ ခုခံဆဲလ်ဖြစ်တဲ့ T ဆဲလ်တွေ နည်းလေတော့ ကိုယ်ခံစွမ်းအားတွေ ကျ နေလောက်ပြီ။ ဒါ့ကြောင့် ရောဂါပိုးဝင်ပြီး အနံ့ဆိုးတွေ ထွက်နေတာ။ အမျိုးသမီးကို သွေးစစ်ထားတယ်။ HIV မတွေ့ဆိုပဲ။ အိမ်ထောင်တော့ ကျ တယ်။
လိင်ဆက်ဆံမှု မလုပ်ဘူးဆိုရင် တော့ ဟုတ်မှာပါ။ ၁၅၀ဝ လင်မယားအ ချစ်နဲ့ ၅၂၈ မောင်နှမအချစ်တွေ ရော ထားတဲ့ သူတို့ရဲ့ ၂၀၂၈ အချစ်ကတော့ အံ့ဩစရာပါပဲ။မယ်သီတာက ဒသဂီရီ ကို ပြန်ကြိုက်ရင်တော့ ဒီလိုအချစ်မျိုး ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ရှောင်လွှဲမ ရတဲ့ သေမင်းကို ရင်ဆိုင်ကြရမယ်။ စော တာနဲ့ နောက်ကျတာသာ ကွာရင်ကွာ မယ်။ ဝေဒနာခံစားရတာ၊ မခံစားရတာ ကွာချင်ရင် ကွာမယ်။
သီချင်းတွေမှာ ရေးစပ်ထားတာ တွေ ရှိပါတယ်။ ရွှေရုပ်လေးကို အလှ ကြည့်မယ်တို့၊ တစ်နေကုန်ထိုင်ပြီး တစိမ့် စိမ့်ကြည့်မယ်တို့ စတာတွေနဲ့ အချစ်ကို လှပအောင် တန်ဆာဆင်ကြတယ်။ လက်တွေ့မှာတော့ ဖြစ်နိုင်၊ မဖြစ်နိုင် ကိုယ်ဟာကိုယ်ပဲ စဉ်းစားကြပေါ့။ အချစ် ကို တန်ဖိုးထားကြတဲ့သူတွေကတော့ ဟုတ်တယ်၊ မှန်တယ် ပြောကြမယ်။
တွေး ခေါ်တတ်တဲ့ သူတွေကျတော့ တစ်မျိုး ဖြစ်ပြန်ရော။ အရင်ကလည်း အဲဒီလို HIV အ ချစ်ဇာတ်လမ်းတွေ ဆေးခန်းမှာ လာပြ ဖူးတယ်။ တကယ်ကြောက်စရာကောင်း တဲ့ အချစ်ဇာတ်လမ်းတွေ မြင်တွေ့ခဲ့ဖူး ပါတယ်။ ၂၀၂၈ အချစ်ရဲ့ စွမ်းအားက ကမ္ဘာမြေဆွဲအားထက်တောင် ကြီးမား နေသလားမသိပါဘူး။
ကျွန်ုပ်ကတော့ အဲ ဒီ ကြောက်စရာကောင်းတဲ့ အချစ်ကို ရို မီယိုနဲ့ ဂျူလိယက် အချစ်မျိုးလို့ပဲ တင် စားချင်ပါတော့တယ်။ ကြောက်စရာ ကောင်းတဲ့ မျက်ကန်းတစ္ဆေအချစ်ကို စာ ဖတ်သူတို့ရော ရင်ဆိုင်ပြီး ချစ်ကြမှာ လား။
0 comments:
Post a Comment