Saturday, July 14, 2012

Debit ငွေထုတ်ကတ်စနစ် မြန်မာမှာ စမ်းသပ်မယ်

ဟွဏ်းဘီးလ် (အိမ့်သံစဉ်)။     ။ မြန်မာနိုင်ငံ ဗဟိုဘဏ်က အခုအခါ Debit ငွေထုတ်ကတ်တွေကို လာမယ့် ဇူလိုင်လ တတိယ ပတ်က စတင်စမ်းသပ်ပါတော့မယ်။

စမ်းသပ်ကာလ ၁ လ ကို ရန်ကုန်မှာ ရှိတဲ့ ကုန်တိုက်ကြီးတွေမှာ စမ်းသပ်မှု ပြုလုပ်သွားမှာလို့ ဗဟိုဘဏ် အရာရှိတဦး အဆိုအရ သိရပါတယ်။

ATM ကတ်တွေထက် ပိုပြီး လုံခြုံစိတ်ချရတဲ့ Debit ကတ်တွေ အသုံးပြုမှုဟာ အင်တာနက်နဲ့ ချိတ်ဆက် ထားတာမို့ online ရော off line ပါ အသုံးပြုနိုင်ပြီး စမ်းသပ်မှု အောင်မြင်သွားရင်တော့ နိုင်ငံ တ၀ှမ်းလုံး အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါလို့ နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။

အခုအခါမှာ မြန်မာနိုင်ငံက အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်တွေဟာလည်း နိုင်ငံခြား ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတာကြောင့် ဖက်စပ်လုပ်ငန်းတွေ အကောင်အထည်ဖော်ရေး ဗဟိုဘစ်က စီစဉ်ထားတယ်လို့ဆိုပါတယ်။

ဒီအပြင် နိုင်ငံခြားဘဏ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလာမှာဖြစ်လို့ ဒီလို Debit ကတ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment