Monday, July 2, 2012

Flipboard ကို Android ၌ အသုံးပြုနိုင်မည်ဟုဆို

ဟွဏ်းဘီးလ်။    ။ လူကြိုက်များသည့် သတင်း ဖတ်သည့် ဆော့ဖ်ဝဲလ် Flipboard ကို Android ဖုန်းများ အပြင် Kindle Fire နှင့် Nook tablet များ၌လည်း အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။  Flipboard ၏ Android ဗားရှင်းကို Samsung ၏ Galaxy S3 ဖုန်း၌ install ပြုလုပ်ရန် ကိုယ်စားလှယ် ကုမ္ပဏီများက ဆောင်ရွက်နေသည်။

Google+ နှင့် YouTube ၌ အဓိကဝန်ဆောင်မှု အသစ်များ ထပ်မံပေးအပ်ပြီး Flipboard ၏ အသုံးပြုနိုင်စွမ်းကို ကျယ်ပြန့်အောင် ပြုလုပ်မည် ဖြစ်သည်။ user များသည် Flipboard နှင့် Google+ account ကို ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မဂ္ဂဇင်း format ထဲသို့ ဝင်ရောက် ကြည့်ရှုနိုင်မည်ဟု ဆိုသည်။ YouTube ၌လည်း မဂ္ဂဇင်း ဖတ်ရှုခြင်းကဲ့သို့သော လုပ်ငန်းများ ပိုမို ကောင်းမွန်လာစေမည့် ဗီဒီယို browsing စွမ်းရည်ကို ပိုမိုမြှင့်တင်ထားသည်ဟု ဆိုသည်။

နောက်ဆုံး၌ Flipboard ကို ဂျာမန်၊ အီတလီ၊ ကိုရီးယား၊ ဒတ်ခ်ျနှင့် စပိန်ဘာသာစကား ငါးမျိုးဖြင့် အသုံးပြုထားပြီး လုံးစေ့ပတ်စေ့ ဘာသာပြန်ပေးခြင်းနှင့် ဒေသန္တရ အယ်ဒီတာများ၏ အာဘော်ပေါင်း များစွာကိုလည်း ဖတ်ရှုနိုင်မည် ဖြစ်သည်။ user များသည် This week ကို ထိတို့ခြင်းနှင့် အနီရောင်ဖဲကြိုးကို ထိတို့ခြင်းဖြင့် ကမ္ဘာတစ်လွှားမှ အကြောင်းအရာပေါင်းများစွာကို ရှာဖွေလေ့လာနိုင်မည် ဖြစ်ပြီး user ၏ content  Guide Edition ကို ရွေးချယ်နိုင်မည်ဟု ဆိုသည်။

Google ကလည်း ၎င်း၏ Google ဆော့ဖ်ဝဲလ်ကို Flipboard ချိတ်ဆက်သည့် အစီအစဉ်ကို ဖွင့်လှစ်ပေးခဲ့သည်။ Flipboard user များသည် Google+ ၌ တင်ထားသည့် အကြောင်းအရာများကို ဖတ်ရှုခြင်းနှင့် ထုတ်ဝေခြင်း ပြုနိုင်ပြီး Flipboard မှ တိုက်ရိုက်တင်ထားသည့် အကြောင်းအရာများကိုလည်း သဘောထားအမြင်များ တင်ပြနိုင်မည်ဖြစ်သည်။

Ref:  Net Guide

0 comments:

Post a Comment