ဟွဏ်းဘီးလ် ။ ။ အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း MAI မှာ လာမယ့် အောက်တိုဘာလ အတွင်း Air Bus 320 လေယာဉ် အမျိုးအစား ၂ စီး ရောက်ရှိဖို့ ရှိတယ်လို့ MAI မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
MAI ဟာ အဲဘတ်စ်သရီးတွမ်တိ လေယာဉ် ၀ယ်ယူမှု အပြင် နောက်ပိုင်းမှာ လက်ရှိမှာ ဘိုးရင်း၊ အန်ဘာရာ အစရှိတဲ့ ပြည်ပ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကာ လေယာဉ်သစ်တွေ ထပ်မံ ၀ယ်ယူဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
လက်ရှိ မှာတော့ MAI လေကြောင်းမှ ပြေးဆွဲ လျက်ရှိတဲ့ လေယာဉ် အမျိုးအစား Air Bus 320 ၄ စီး ပြေးဆွဲနေတာ ဖြစ်ပါတယ်။ အခုအခါ MAI မှ လက်ရှိ ပြေးဆွဲ ပေးလျက်ရှိတဲ့ ခရီးစဉ်တွေ အပြင် လာမယ့် အောက်တိုဘာလ မှာတော့ ခရီးစဉ်သစ် အဖြစ် မန္တလေး-ဗုဒ္ဓဂါယာ ခရီးစဉ်ကို ထပ်တိုး ပြေးဆွဲသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို ပြေးဆွဲရာမှာ နေ့စဉ် ခရီးစဉ် ပြေးဆွဲမှာ ဖြစ်ပြီး တစ်ပတ်မှာ ၇ ကြိမ် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Ref:MRTV-4
မြန်မာ့ လေကြောင်း လက်မှတ်များ အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်ပြီ
ဟွဏ်းဘီးလ် (အိဖြူလွင်)။ ။ မြန်မာ့လေကြောင်းလက်မှတ်များ အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်ပြီမြန်မာ့ လေကြောင်း လေယာဉ် လက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် e-ticketing စနစ်ဖြင့် ယခုလ ၃ ရက်မှစ၍ စတင် ဝယ်ယူ နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ ဝယ်ယူရာတွင် ပထမ အဆင့်အနေဖြင့် မြန်မာ့စီးပွားရေး ဘဏ် (MEB)တွင် အီလက်ထရွန် နစ်အကောင့် (Electronic Account) ရှိသူတိုင်း မြန်မာ့လေ ကြောင်း လေယာဉ်လက်မှတ်ကိုအွန်လိုင်း မှ ငွေပေးချေပြီး ဝယ်ယူနိုင်ပြီဖြစ် ဟုသိရသည်။ သို့ရာတွင် မြန်မာ့စီးပွားရေး ဘဏ်၌ အီလက်ထရောနစ်အ ကောင့်ရှိသူ အရေအတွက်မှာ ၂,ဝ၀ဝ ကျော်သာရှိသဖြင့် ဝယ်ယူ သူများ အဆင်ပြေစေရန် ငွေပေး ချေမှုကို အီလက်ထရွန်နစ်ထရန် စဖာပြုလုပ်နိုင်မည့် အခြားပုဂ္ဂလိ ကဘဏ်များနှင့်ပါ ချိတ်ဆက်နိုင် မည့် ညှိနှိုင်းမှုများကို ယခုလအ တွင်းမှာပင် ပြုလုပ်သွားမည်ဟု မြန်မာ့လေကြောင်းမှသိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ Debit Card နှင့် Credit Card များ၊ Myanmar Payment Union (MPU) Card များ စတင်အသုံးပြု နိုင်ပါကလည်း e-ticketing စနစ် တွင် ဆက်စပ်အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဟုသိရသည်။
မြန်မာ့လေကြောင်း လေ ယာဉ်လက်မှတ်များကိုအွန်လိုင်းမှ ဝယ်ယူရာတွင် www.myanmaairways.aero သို့ ဝင်ရောက်ကာ လေယာဉ်ခရီးစဉ်များကို ကြည့်ရှု ရွေးချယ်၍Booking ပြုလုပ်ပြီး နောက် လက်မှတ်ရ၊ မရ စစ်ဆေး ရန် မြန်မာ့လေကြောင်းဝက်ဘ် ဆိုက်မှ ထုတ်ပေးသော Pin Code ကို အသုံးပြုပြီး စစ်ဆေးနိုင်သည် ဟုသိရသည်။ အွန်လိုင်းမှ ငွေပေးချေရန် မြန်မာ့စီးပွားရေးဘဏ်ဝက်ဘ် ဆိုက်သို့ဝင်ရောက်၍ ငွေပေးချေ ပြီးနောက် သက်ဆိုင်ရာလင့်ခ်များ တွင် e-ticket နှင့် ငွေပေးချေထား ကြောင်း ဘောက်ချာများကို ထုတ် ယူနိုင်မည်ဖြစ်သည်။
ပြောင်းလဲလာသော နိုင်ငံ အခြေအနေအရမြန်မာ့လေ ကြောင်းအနေဖြင့် ယခင်ကကဲ့သို့ နိုင်ငံပိုင် စီးပွားရေးအနေဖြင့် အေး ဆေးစွာနေ၍မရဘဲ ပုဂ္ဂလိက လေ ကြောင်းလိုင်းများနှင့်ပါ ယှဉ်ပြိုင် လုပ်ကိုင်ရမည့် အနေအထားဖြစ် လာသောကြောင့် ပြုပြင်ပြောင်း လဲမှုများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်း မြန်မာ့လေကြောင်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသန်း ထွန်းကပြောကြားသည်။
0 comments:
Post a Comment