ဟွဏ်းဘီးလ် ။ ။ အင်္ဂါဂြိုဟ်ပေါ်တွင်အောင်မြင်စွာဆင်းသက်နိုင်အပြီးတွင် အမေရိကန်အာကာသိပ္ပံ နာဆာအနေဖြင့် Curiousity အာကာသယာဉ်မှ ရိုက်ကူးထားသည့် ဗွီဒီယိုပုံရိပ်များကိုထုတ်လွှင့်လိုက်ပြီဖြစ်ကာဒေါ်လာဘီလီယံပေါင်းများစွာအကုန်အကျခံခဲ့ရသည့် ယခုခရီးစဉ်အတွက် အောင်မြင်မှုတစ်ခုကိုပြသလိုက်ပြီလည်းဖြစ်သည်။
ယခုဗွီဒီယိုတွင် အဆိုပါယာဉ်မှာ ဂြိုဟ်ပေါ်သို့ပျံဆင်းလာပုံ နှင့် တစ်နာရီလျင်မိုင် ၁၃၂၀၀ နှုန်းဖြင်ပျံဆင်း မှုဖြစ်စဉ် အတွင်း ၇ မိနစ်တာကြာမြင့်မှုကိုရိုက်ပြခဲ့ခြင်းဖြစ်ကာ ကောင်းမွန်စွာဆင်းသက်နိုင်ခဲ့ကြောင်းလည်း Telegraph သတင်း တွင်ဖော်ပြပါရှိသည်။
0 comments:
Post a Comment