ဟွဏ်းဘီးလ် ။ ။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ထူထောင်ခဲ့သူ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင် သူဋ္ဌေး Bill Gate မှာ အင်္ဂါနေ့က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကောင်းဆုံး သင့်တော်မည့် အိမ်သာ ပုံစံသစ်များကို အဆိုပြုကြရန် ဖိတ်ခေါ်လိုက်ပြီ ဖြစ်ကာ တီထွင် ဆန်းသစ်နိုင်သူများ အတွက် ဆုများကိုလည်း ချီးမြင့်သွားရန် အတွက် ပြောကြားလိုက်ပြီ ဖြစ်သည်။
ချမ်းသာသည့် နိုင်ငံများတွင် အသုံးပြုသော ရေဆွဲချရသည့် အိမ်သာမှာ မသင့်တော်သည့် အပြင် လက်တွေ့မကျဘဲ ကမ္ဘာ့လူဦးရေ ၄၀ ရာနှုန်းအတွက် မဖြစ်နိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် ယင်းသို့သော လူများမှာ ရေနှင့်လက် လှမ်းမမီနိုင်သည့် အပြင် ရေဆိုးထုတ် စနစ်နှင့် လျှပ်စစ်မီး တို့ကိုလည်း ထိတွေ့ခွင့် မရကြောင်း ၎င်းမှ ပြောကြား သွားခဲ့သည်။
ယခုလို အိမ်သာပြပွဲ အတွင်းတွင် တီထွင်သူများ ၊ ဒီဇိုင်းနာများ ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်သူများ အပါအဝင် အခြားသော စိတ်ပါဝင်စားသူများမှာ ပိုမို လုံခြုံပြီး အကျိုးသက်ရောက်မှု ရှိသည့်အပြင် ဈေးချိုသည့် ရေဆိုး စွန့်ပစ်မှု နည်းလမ်းများကို ပြသခဲ့ကြကြောင်း သိရသည်။
0 comments:
Post a Comment