Monday, August 27, 2012

ခွေးကိုက်၍ နစ်နာကြေး ကျပ် (၁၅) သိန်း တောင်းဆို

ဟွဏ်းဘီးလ်။    ။ ခွေးကိုက်ခံရခြင်းကြောင့် နစ်နာကြေး ကျပ် ၁၅ သိန်း တောင်းဆို၁၉၊ ၈၊ ၂၀၁၂ ရက်နေ့၊ ကလေးမြို့၊ မြို့နယ်တရားရုံးတွင် ခွေးကိုက်ခံ ရမှုကြောင့် နစ်နာကြေး ကျပ်ငွေ (၁၅) သိန်း တောင်းဆိုရန် တရားစွဲဆို မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၁၉၊ ၈၊ ၂၀၁၂ ရက်နေ့မနက်တွင် ကလေးမြို့နယ် ငါးဖားကျေးရွာမှ ဦးမောင်ဖိုးဆိုသူသည် ၄င်းပိုင် နွား (၄) ကောင်နှင့်အတူ မိမိယာခင်းရှိရာ ဟဲလုပ်ကျေးရွာအရှေ့  မြစ်သောင်ပြင် ဖြတ်သွားစဉ်၊ အမြီး အောက်စိုက်လျှက် ခေါင်းငိုက်စိုက်ဖြင့် ပါးစပ်တွင်အမြှပ်များထွက်နေသော မူမမှန်သည့် အနီရောင်ခွေး တစ်ကောင်မှ ညာခြေဖနောင့်အား လိုက်ကိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းနောက်  နွားထီးကလေးအား အဆိုပါခွေးမှ လိုက်ကိုက်ခဲ့ရာ ဦးမောင်ဖိုးမှ ပတ်ဝန်းကျင်ကို အကူအညီ တောင်းမှုကြောင့် ဟဲလုပ်ကျေးရွာသားများဖြစ်ကြသော အောင်မင်းလေး၊ ဦးမောင်သန်း၊ ဦးနောက်တိုးတို့ သုံးဦး ထွက်လာခဲ့ကြပြီး မူမမှန်သော ခွေးအားလိုက်သတ်ခဲ့ကြသည်။

ခွေးပိုင်ရှင်ဖြစ်သူအား စုံစမ်းကြရာတွင် ဟဲလုပ်ကျေးရွာမှ ဦးဂျော်ကာ ဖြစ်ကြောင်းသိရှိရပြီး ဆေးကုသ ပေးရန်တောင်းဆိုသော်လည်း မကုသပေးသောကြောင့် အုပ်ချုပ်ရေးမှူးဦးဇော်မင်းထံ တိုင်ကြားခဲ့ပြီး ထိုသို့ဖြစ်ပွားသည့် ၁၉၊ ၈၊ ၂၀၁၂ နေ့ရက်မှာပင် ကလေးမြို့ပြည်သူ့ဆေးရုံးကြီးသို့ ခွေးရူးရောဂါကာ ကွယ်ဆေးထိုးခဲ့ရသည်။

ခွေးကိုက်ခံရသူ ဦးမောင်ဖိုးမှ ခွေးကိုက်ခံရခြင်းကြောင့် နစ်နာကြေး ကျပ်(၁၁)သိန်း၊ ဆေးကုသစရိတ် အဖြစ် ကျပ် (၁) သိန်း ခရီးစရိတ်အဖြစ်ကျပ်(၁)သိန်း ခွေးကိုက်ခြင့်ကြောင့်သေဆုံးသွားသည့် နွားထီး ကလေးအတွက် နစ်နာကြေးကျပ်(၂)သိန်း၊ စုစုပေါင်းကျပ်(၁၅)သိန်း ရလိုကြောင်းဖြင့် ကလေးမြို့၊ မြို့နယ်တရာရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးမှ တရားမကြီးအမှု၊ အမှတ်(၇၅)ဖြင့် လက်ခံခဲ့ပြီး ၄င်းအမှု အား ကြားနာမည်ဖြစ်ကြောင်း သိရသည်။ Ref: Chin World Media

0 comments:

Post a Comment