Saturday, August 11, 2012

တံတား ကျိုးပျက်၍ ခရီးသွားလာမှု အခက်အခဲကြုံ

ဟွဏ်းဘီးလ် ။        ။ ပြီးခဲ့သည့် တနင်္လာနေ့တွင် ကလေးမြို့မှ တမူးမြို့သို့သွားသောလမ်းမကြီး Asia Express High Way  ကံမကြီးရွာအနီးရှိ ပေ ၃၀၀ ရှည်လျားသော တံတားတခု ကျိုးပျက်သွားရာ ခရီးသွားလာမှုအခက်အခဲကြုံနေရကြောင့် သိရသည်။

၎င်းတံတားကျိုးပျက်မှုကြောင့် ကားများ၊ ဆိုင်ကယ်များသည် တဖက်နှင့်တဖက် ပစ္စည်းများ၊ လူများအား လှေများဖြင့်သော်လည်းကောင်း၊ ဖေါင်များဖြင့်သော်လည်း သယ်ဆောင်နေရကြောင့် သိရသည်။ ထို့အပြင် ကိုယ်ပိုင်ကားများ၊ သုံးဘီးဆိုင်ကယ်များ သွားလာခြင်း ရပ်နားနေရကြောင့် တစ်ဖက်ကမ်းကူးခ ဆိုင်ကယ်တစီးလျှင် ၅၀၀၀ ကျပ်ပေးရကြောင့် သိရသည်။

Asia Express လမ်းမကြီးပေါ်ရှိ ကံမကြီးရွာအနီးက ကျိုးပျက်နေသည့် တံတားကို တွေ့ရစဉ်။    ။ ဓါတ်ပုံ-ဇိုမီး
မိုးရာသီအတွင်းလည်းဖြစ်တော့ ရေကလည်းများ၊ ကလေးနဲ့ မိန်းကလေးတွေအတွက် တကယ်ကြောက်စရာကောင်းတယ်။ အဲဒီနေ့ကဆိုရင် နွားလှည်းနဲ့ ဖြတ်ကူးနေတဲ့ သားအမိကိုတွေ့ရပြီး ရင်လေးလိုက်တာ၊ နွားတွေရဲ့ ဦးခေါင်းပဲပေါ်တယ်လေ၊ ကလေးကလည်း တော်တော်ကြောက်ရှာတယ်။ တခြားနွားလည်းတစီးက အဲမှာမှောက်သေးတယ်လေ။ ဟု ခရီးသွားသူ တဦးက ဟွဏ်းဘီးလ်ကို ပြောသည်။

အဆိုပါလမ်းသည် ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တမူး-ကလေး-ကလေးဝ မြို့များသို့ ဆက်သွယ်ထားကာ လမ်းအရှည်မိုင် ၁၀၀ မိုင်ရှည်လျားကြောင်း၊ လမ်းမကြီးသည် အိန္ဒိယနိုင်ငံအတွင်းရှိ NH-39 လမ်းမကြီးနှင့် မိုးရေးမြို့မှ တစ်ဆင့်ချိတ်ဆက်ထားကြောင်း သိရသည်။

0 comments:

Post a Comment